ဥမင်လှိုဏ်ခေါင်းအတွင်း ပိတ်မိနေသော အလုပ်သမားများကို ကယ်ဆယ်ရန်အတွက် တွင်းပေါက်တစ်ခုတူးရန် စဉ်းစားနေကြောင်း အိန္ဒိယအစိုးရပြော

 941

Pika (NP News) - နိုဝင်ဘာ ၁၉

အိန္ဒိယကယ်ဆယ်ရေးသမားများသည် ပြိုကျခဲ့သော ဥမင်လှိုဏ်ခေါင်းအတွင်း ပိတ်မိနေသည့် လူ(၄၁)ဦးကို ကယ်ဆယ်ရန်အတွက် ဒေါင်လိုက်တွင်းပေါက်တစ်ခုကို တူးရန် စဉ်းစားနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့ သည်။

ကယ်ဆယ်ရေးသမားများသည် ဥမင်လှိုဏ်ခေါင်းအတွင်း နောက်ထပ်ပြိုကျမှုများရှိမည်ကို စိုးရိမ်သောကြောင့် တူးဖော်ခြင်းများကို ခေတ္တရပ်ဆိုင်းပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်ရန် စဉ်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် လမ်းတစ်ခု၏အောက်မှာ ဖြတ်သန်း တည်ဆောက်နေသော ဥမင်လှိုဏ်ခေါင်းသည် နိုဝင်ဘာလ(၁၂)ရက်က ပြိုကျခဲ့ရာ ဆောက်လုပ်ရေးအလုပ်သမား(၄၁)ဦး ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကယ်ဆယ်ရေးသမားများသည် ပြီးခဲ့သည့် နိုဝင်ဘာလ(၁၂)ရက်ကတည်းက ဥမင်လှိုဏ်ခေါင်းအတွင်းမှ မြေကြီး၊ ကွန်ကရစ်များ နှင့် အပျက်အစီးများကို ဘက်ဟိုးများဖြင့် စတင်ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြီးစားတူးဖော်ရေးစက်များဖြင့် တူးဖော်မှုများကို လုပ်ဆောင်ခဲ့သော်လည်း အပျက်အစီးများမှာ ဆက်လက် ပြိုကျလာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တူးဖော်မှုများ လုပ်ဆောင် ချိန်အတွင်း အက်ကွဲသံတစ်ခုကို ကြားခဲ့ရပြီးနောက် နိုဝင်ဘာလ(၁၇)ရက်တွင် တူးဖော်ခြင်းများကို ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစိုးရ၏ အဝေးပြေးလမ်းများ နှင့် အခြေခံအဆောက်အအုံဆိုင်ရာ ကုမ္ပဏီ NHIDCL က "နောက်ထပ်ပြိုကျမှုတွေ ရှိလာမှာကို စိုးရိမ်တာကြောင့် တူးဖော်ရေးလုပ်ငန်းတွေကို ခနရပ်ဆိုင်းထားရပါတယ်။ ပိတ်မိနေသူတွေရဲ့ဆွေမျိုးတွေလည်း ငိုနေကြပါတယ်။ ကျွန်တော်တို့ဟာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ လုပ်ဆောင်နေတယ်ဆိုတာ လိမ်ညာနေတာလားလို့တောင် မေးခံနေရပါပြီ" ဟု ပြောခဲ့သည်။

Zawgyi Version;
ဥမင္လႈိဏ္ေခါင္းအတြင္း ပိတ္မိေနေသာ အလုပ္သမားမ်ားကို ကယ္ဆယ္ရန္အတြက္ တြင္းေပါက္တစ္ခုတူးရန္ စဥ္းစားေနေၾကာင္း အိႏၵိယအစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁၉

အိႏၵိယကယ္ဆယ္ေရးသမားမ်ားသည္ ၿပိဳက်ခဲ့ေသာ ဥမင္လႈိဏ္ေခါင္းအတြင္း ပိတ္မိေနသည့္ လူ(၄၁)ဦးကို ကယ္ဆယ္ရန္အတြက္ ေဒါင္လိုက္တြင္းေပါက္တစ္ခုကို တူးရန္ စဥ္းစားေနေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့ သည္။

ကယ္ဆယ္ေရးသမားမ်ားသည္ ဥမင္လႈိဏ္ေခါင္းအတြင္း ေနာက္ထပ္ၿပိဳက်မႈမ်ားရွိမည္ကို စိုးရိမ္ေသာေၾကာင့္ တူးေဖာ္ျခင္းမ်ားကို ေခတၱရပ္ဆိုင္းၿပီးေနာက္ ယခုကဲ့သို႔ လုပ္ေဆာင္ရန္ စဥ္းစားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အိႏၵိယႏိုင္ငံေျမာက္ပိုင္းတြင္ လမ္းတစ္ခု၏ေအာက္မွာ ျဖတ္သန္း တည္ေဆာက္ေနေသာ ဥမင္လႈိဏ္ေခါင္းသည္ ႏိုဝင္ဘာလ(၁၂)ရက္က ၿပိဳက်ခဲ့ရာ ေဆာက္လုပ္ေရးအလုပ္သမား(၄၁)ဦး ပိတ္မိေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ကယ္ဆယ္ေရးသမားမ်ားသည္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၁၂)ရက္ကတည္းက ဥမင္လႈိဏ္ေခါင္းအတြင္းမွ ေျမႀကီး၊ ကြန္ကရစ္မ်ား ႏွင့္ အပ်က္အစီးမ်ားကို ဘက္ဟိုးမ်ားျဖင့္ စတင္ဖယ္ရွားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အႀကီးစားတူးေဖာ္ေရးစက္မ်ားျဖင့္ တူးေဖာ္မႈမ်ားကို လုပ္ေဆာင္ခဲ့ေသာ္လည္း အပ်က္အစီးမ်ားမွာ ဆက္လက္ ၿပိဳက်လာသျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေႏွာင့္ေႏွးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ တူးေဖာ္မႈမ်ား လုပ္ေဆာင္ ခ်ိန္အတြင္း အက္ကြဲသံတစ္ခုကို ၾကားခဲ့ရၿပီးေနာက္ ႏိုဝင္ဘာလ(၁၇)ရက္တြင္ တူးေဖာ္ျခင္းမ်ားကို ရပ္ဆိုင္းခဲ့ရျခင္း ျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

အစိုးရ၏ အေဝးေျပးလမ္းမ်ား ႏွင့္ အေျခခံအေဆာက္အအုံဆိုင္ရာ ကုမၸဏီ NHIDCL က "ေနာက္ထပ္ၿပိဳက်မႈေတြ ရွိလာမွာကို စိုးရိမ္တာေၾကာင့္ တူးေဖာ္ေရးလုပ္ငန္းေတြကို ခနရပ္ဆိုင္းထားရပါတယ္။ ပိတ္မိေနသူေတြရဲ႕ေဆြမ်ိဳးေတြလည္း ငိုေနၾကပါတယ္။ ကြၽန္ေတာ္တို႔ဟာ ပိတ္မိေနသူေတြကို ကယ္ဆယ္ဖို႔ လုပ္ေဆာင္ေနတယ္ဆိုတာ လိမ္ညာေနတာလားလို႔ေတာင္ ေမးခံေနရပါၿပီ" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.