ဖိလစ်ပိုင်မှာ လူဝင်မှုကြီးကြပ်ရေးဖောင်မှာ ညစ်ညမ်းစာများ ရေးသားမှုနဲ့ အမေရိကန်နိုင်ငံသား ခရီးသွားတစ်ဦး ပြည်ဝင်ခွင့် ပိတ်ခံရ

 365

ရောင်နီ (NP News) - နိုဝင်ဘာ ၂ဝ

ဖိလစ်ပိုင်ဟာ ဒစ်ဂျစ်တယ် လူဝင်မှုကြီးကြပ်ရေးဖောင်မှာ ညစ်ညမ်းစာများ ရေးသားခြင်းနဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေကို ရိုင်းစိုင်းခြင်းကြောင့် အမေရိကန်ခရီးသွားတစ်ဦးကို ပြည်ဝင်ခွင့် ပိတ်ထားပါတယ်။

အန်တိုနီလော်ရန့်စ် အမည်ရှိ အသက် ၃၄ နှစ်အရွယ် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံသူ အမျိုးသားဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ရှိ နီနွိုင်အကွာနီနို အပြည်ပြည်ဆိုင်ရာလေဆိပ်ကို Air Asia လေယာဉ်နဲ့ နိုဝင်ဘာ ၇ ရက်က ပျံသန်းရောက်ရှိခဲ့ပါတယ်။ ဖိလစ်ပိုင် အာဏာပိုင်တွေရဲ့ပြောကြားချက်အရ သူရောက်ရှိချိန်မှာ အွန်လိုင်းခရီးသွားဖောင်ဖြည့်ဖို့ သတိပေးခဲ့တဲ့

လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးကို နိုင်ငံကူးလက်မှတ်နဲ့ မိုဘိုင်းလ်ဖုန်း ပစ်ချကာ ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ခဲ့သလို ဖောင်မှာလည်း ညစ်ညမ်းစာတွေ ရေးခဲ့တယ်လို့ သိရပါတယ်။ လော်ရန့်စ်က သူဟာ နိုင်ငံတွင်း ခေတ္တခဏ နေထိုင်တဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ကြောင်းဆိုကာ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေနဲ့ အငြင်းပွားခဲ့ တယ်လို့ သိရပါတယ်။

"ဒီလိုအပြုအမူတွေဟာ လေးစာူမှု မရှိရုံသာမက စနစ်ရဲ့စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေပါတယ်” "ကျွန်ုပ်တို့ အေဂျင်စီဟာ ခရီးသွားပြည်သူတွေအတွက် ချောမွေ့ပြေပျစ်တဲ့ အတွေ့အကြုံ ရရှိစေဖို့ ကတိပြုထားပါတယ်၊ လူတစ်ဦးချင်းစီကို လေးစားလိုက်နာပြီး ချမှတ်ထားတဲ့လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့ မျှော်လင့်ပါတယ်၊ ဒီလုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်ရင် ပြတ်ပြတ်သားသားအရေးယူမှာပါ” လို့ ကော်မရှင်နာမှ ပြောကြားပါ တယ်။

ဒါပေမယ့် လော်ရန့်က ၎င်းဟာ ချက်ချင်းတောင်းပန်ခဲ့ပေမယ့် ဖိလစ်ပိုင်အာဏာပိုင်တွေက လွန်လွန်ကဲကဲ တုံ့ပြန်ခဲ့သလို တားမြစ်ချက်အတွက် အသိပေးတဲ့တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာမှ ထုတ်မပေးခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ဖိလစ္ပိုင္မွာ လူဝင္မႈႀကီးၾကပ္ေရးေဖာင္မွာ ညစ္ညမ္းစာမ်ား ေရးသားမႈနဲ႔ အေမရိကန္ႏိုင္ငံသား ခရီးသြားတစ္ဦး ျပည္ဝင္ခြင့္ ပိတ္ခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂ဝ

ဖိလစ္ပိုင္ဟာ ဒစ္ဂ်စ္တယ္ လူဝင္မႈႀကီးၾကပ္ေရးေဖာင္မွာ ညစ္ညမ္းစာမ်ား ေရးသားျခင္းနဲ႔ လူဝင္မႈႀကီးၾကပ္ေရး အရာရွိေတြကို ႐ိုင္းစိုင္းျခင္းေၾကာင့္ အေမရိကန္ခရီးသြားတစ္ဦးကို ျပည္ဝင္ခြင့္ ပိတ္ထားပါတယ္။

အန္တိုနီေလာ္ရန႔္စ္ အမည္ရွိ အသက္ ၃၄ ႏွစ္အ႐ြယ္ အိမ္ၿခံေျမ ရင္းႏွီးျမဳပ္ႏွံသူ အမ်ိဳးသားဟာ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွ ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕ေတာ္ရွိ နီႏြိဳင္အကြာနီႏို အျပည္ျပည္ဆိုင္ရာေလဆိပ္ကို Air Asia ေလယာဥ္နဲ႔ ႏိုဝင္ဘာ ၇ ရက္က ပ်ံသန္းေရာက္ရွိခဲ့ပါတယ္။ ဖိလစ္ပိုင္ အာဏာပိုင္ေတြရဲ႕ေျပာၾကားခ်က္အရ သူေရာက္ရွိခ်ိန္မွာ အြန္လိုင္းခရီးသြားေဖာင္ျဖည့္ဖို႔ သတိေပးခဲ့တဲ့

လူဝင္မႈႀကီးၾကပ္ေရးအရာရွိတစ္ဦးကို ႏိုင္ငံကူးလက္မွတ္နဲ႔ မိုဘိုင္းလ္ဖုန္း ပစ္ခ်ကာ ႐ိုင္း႐ိုင္းစိုင္းစိုင္း တုံ႔ျပန္ခဲ့သလို ေဖာင္မွာလည္း ညစ္ညမ္းစာေတြ ေရးခဲ့တယ္လို႔ သိရပါတယ္။ ေလာ္ရန႔္စ္က သူဟာ ႏိုင္ငံတြင္း ေခတၱခဏ ေနထိုင္တဲ့ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံသူတစ္ဦးျဖစ္ေၾကာင္းဆိုကာ လူဝင္မႈႀကီးၾကပ္ေရးအာဏာပိုင္ေတြနဲ႔ အျငင္းပြားခဲ့ တယ္လို႔ သိရပါတယ္။

"ဒီလိုအျပဳအမူေတြဟာ ေလးစာူမႈ မရွိ႐ုံသာမက စနစ္ရဲ႕စြမ္းေဆာင္ရည္ကိုပါ ထိခိုက္ေစပါတယ္” "ကြၽႏ္ုပ္တို႔ ေအဂ်င္စီဟာ ခရီးသြားျပည္သူေတြအတြက္ ေခ်ာေမြ႕ေျပပ်စ္တဲ့ အေတြ႕အႀကဳံ ရရွိေစဖို႔ ကတိျပဳထားပါတယ္၊ လူတစ္ဦးခ်င္းစီကို ေလးစားလိုက္နာၿပီး ခ်မွတ္ထားတဲ့လုပ္ထုံးလုပ္နည္းေတြကို လိုက္နာဖို႔ ေမွ်ာ္လင့္ပါတယ္၊ ဒီလုပ္ထုံးလုပ္နည္းေတြကို ေဖာက္ဖ်က္ရင္ ျပတ္ျပတ္သားသားအေရးယူမွာပါ” လို႔ ေကာ္မရွင္နာမွ ေျပာၾကားပါ တယ္။

ဒါေပမယ့္ ေလာ္ရန္႔က ၎ဟာ ခ်က္ခ်င္းေတာင္းပန္ခဲ့ေပမယ့္ ဖိလစ္ပိုင္အာဏာပိုင္ေတြက လြန္လြန္ကဲကဲ တုံ႔ျပန္ခဲ့သလို တားျမစ္ခ်က္အတြက္ အသိေပးတဲ့တရားဝင္စာ႐ြက္စာတမ္း တစ္စုံတစ္ရာမွ ထုတ္မေပးခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.