ထိုင်းနာမည်ကြီး တက္ကသိုလ် (၁၂)ခုပါဝင်မည့် ပညာရေးပြပွဲ ရန်ကုန်၌ ကျင်းပမည်

1258
စော (NP News) - နိုဝင်ဘာ ၂၂
(၆)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကို ရန်ကုန်၌ ကျင်းပသွားမည်ဖြစ်ပြီး ထိုင်းနာမည်ကြီး တက္ကသိုလ်(၁၂)ခု လာရောက်ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပညာရေးပြပွဲနှင့်ပတ်သက်၍ ထိုင်းတက္ကသိုလ်ဘွဲ့ရမြန်မာကျောင်းသားများအသင်း (AMAUT)က ယနေ့(နိုဝင်ဘာလ ၂၂ ရက်)တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
ပြပွဲတွင် ထိုင်းနိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်ကျောင်းပေါင်း (၁၂)ကျောင်းမှ တာဝန်ရှိသူများက လာရောက်လေ့လာသူများနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြပွဲအား လာရောက်လေ့လာလိုသူများကို ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်လေ့လာခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
“ထိုင်းတက္ကသိုလ်တွေက ဒီလာမယ့်ကျောင်းဖွင့်ချိန်မတိုင်ခင် ဒီလိုပွဲမျိုးလုပ်ချင်တယ်။ လုပ်ပေးနိုင်မလားပြောတဲ့အခါမှာ ကျွန်တော်တို့က ထိုင်းနိုင်ငံသံရုံးနဲ့ ဆွေးနွေးတယ်။ သူတို့ကလည်း အားပေးတယ်။ ဒီပြပွဲကို ကျွန်တော်တို့ ထိုင်းတက္ကသိုလ်ကျောင်းသားအသင်းအပြင် ထိုင်းသံရုံးရဲ့ ပံ့ပိုးမှုတွေလည်းပါဝင်ပါတယ်”ဟု ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း(AMAUT)မှ ဒုဥက္ကဋ္ဌ ဦးကောင်းစံက ပြောသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်လိုသည့် မြန်မာကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပြပွဲတွင်လာရောက်ပြသမည့် တက္ကသိုလ်များမှ ပေးလာသော အချက်အလက်များကို တစ်နေရာတည်းတွင် ရွေးချယ်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၆)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကို လာမည့် ဒီဇင်ဘာလ (၃)ရက်တွင် နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ Park Royal Hotel ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ထိုင္းနာမည္ႀကီး တကၠသိုလ္ (၁၂)ခုပါဝင္မည့္ ပညာေရးျပပြဲ ရန္ကုန္၌ က်င္းပမည္
ေစာ (NP News) - ႏိုဝင္ဘာ ၂၂
(၆)ႀကိမ္ေျမာက္ ထိုင္းတကၠသိုလ္ေပါင္းစုံပညာေရးျပပြဲကို ရန္ကုန္၌ က်င္းပသြားမည္ျဖစ္ၿပီး ထိုင္းနာမည္ႀကီး တကၠသိုလ္(၁၂)ခု လာေရာက္ျပသမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါပညာေရးျပပြဲႏွင့္ပတ္သက္၍ ထိုင္းတကၠသိုလ္ဘြဲ႕ရျမန္မာေက်ာင္းသားမ်ားအသင္း (AMAUT)က ယေန႔(ႏိုဝင္ဘာလ ၂၂ ရက္)တြင္ ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕နယ္၊ အလံျပဘုရားလမ္းရွိ Park Royal Hotel ၌ က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာခဲ့ျခင္းျဖစ္သည္။
ျပပြဲတြင္ ထိုင္းႏိုင္ငံရွိ နာမည္ႀကီး တကၠသိုလ္ေက်ာင္းေပါင္း (၁၂)ေက်ာင္းမွ တာဝန္ရွိသူမ်ားက လာေရာက္ေလ့လာသူမ်ားႏွင့္ တိုက္႐ိုက္ေဆြးေႏြးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ျပပြဲအား လာေရာက္ေလ့လာလိုသူမ်ားကို ဝင္ေၾကးအခမဲ့ျဖင့္ ဝင္ေရာက္ေလ့လာခြင့္ျပဳသြားမည္ ျဖစ္ေၾကာင္း သိရသည္။
“ထိုင္းတကၠသိုလ္ေတြက ဒီလာမယ့္ေက်ာင္းဖြင့္ခ်ိန္မတိုင္ခင္ ဒီလိုပြဲမ်ိဳးလုပ္ခ်င္တယ္။ လုပ္ေပးႏိုင္မလားေျပာတဲ့အခါမွာ ကြၽန္ေတာ္တို႔က ထိုင္းႏိုင္ငံသံ႐ုံးနဲ႔ ေဆြးေႏြးတယ္။ သူတို႔ကလည္း အားေပးတယ္။ ဒီျပပြဲကို ကြၽန္ေတာ္တို႔ ထိုင္းတကၠသိုလ္ေက်ာင္းသားအသင္းအျပင္ ထိုင္းသံ႐ုံးရဲ႕ ပံ့ပိုးမႈေတြလည္းပါဝင္ပါတယ္”ဟု ထိုင္းတကၠသိုလ္ဘြဲ႕ရ ျမန္မာေက်ာင္းသားမ်ားအသင္း(AMAUT)မွ ဒုဥကၠ႒ ဦးေကာင္းစံက ေျပာသည္။
ထို႔ေၾကာင့္ ထိုင္းႏိုင္ငံရွိ တကၠသိုလ္မ်ားတြင္ တက္ေရာက္လိုသည့္ ျမန္မာေက်ာင္းသား၊ ေက်ာင္းသူမ်ား အေနျဖင့္ ျပပြဲတြင္လာေရာက္ျပသမည့္ တကၠသိုလ္မ်ားမွ ေပးလာေသာ အခ်က္အလက္မ်ားကို တစ္ေနရာတည္းတြင္ ေ႐ြးခ်ယ္ေလ့လာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ (၆)ႀကိမ္ေျမာက္ ထိုင္းတကၠသိုလ္ေပါင္းစုံပညာေရးျပပြဲကို လာမည့္ ဒီဇင္ဘာလ (၃)ရက္တြင္ နံနက္ (၉)နာရီမွ ညေန (၄)နာရီအထိ Park Royal Hotel ၌ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။