မြန်မာနိုင်ငံသို့ လာရောက်မည့် ပြည်ပခရီးသွားများအနေဖြင့် Hotel Booking အပါအဝင် မဖြစ်မနေပြသရမည့်အချက်များကို နစကအစိုးရ အသိပေးထုတ်ပြန်

4592

စော (NP News) - နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံသို့ လာရောက်မည့် ပြည်ပခရီးသွားများအနေဖြင့် Hotel Booking အပါအဝင် မဖြစ်မနေပြသရမည့် အချက်များကို နစက၏ သတင်းအချက်အလက်များအရ သိရသည်။
အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးသွားများအနေဖြင့် မဖြစ်မနေပြသရမည့် အချက်များကို နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက သတ်မှတ်ထားခြင်းဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည်များ အပါအဝင် ခရီးသွားဗီဇာ (သို့) ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံသို့ လာရောက် မည့်ခရီးသည်များအနေဖြင့် Hotel Booking ကို မဖြစ်မနေပြသရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။
ထို့ပြင် လူမှုရေးဗီဇာဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့်သူများအနေဖြင့် ဗီဇာလျှောက်ထားစဉ်က ဖြည့်စွက်ခဲ့သော မြန်မာနိုင်ငံရှိ ဇနီး/ခင်ပွန်း၊ မိဘ၊ ဆွေမျိုးများ နေထိုင်ရာ လိပ်စာများ၌ နေထိုင်ရမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ အတွင်း ရောက်ရှိလာပါက သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများသို့ Form-C နှင့်အတူ အကြောင်းကြားရမည်ဖြစ် ကြောင်း သတ်မှတ်ထားသည်။
အလားတူ နိုင်ငံတကာအဖွဲ့အစည်းဗီဇာဖြင့် ဝင်ရောက်မည့်သူများအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပါ က တာဝန်ခံခေါ်ယူသည့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းမဟုတ်သောအဖွဲ့အစည်းက မြို့နယ်ဦးစီးမှူးရုံးများသို့ Form-C နှင့်အတူ အကြောင်းကြားရရန် လိုအပ်ကြောင်း သိရသည်။
ထို့သို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက သတ်မှတ်ကြေညာထားချက်များကို ပြည်ပရှိ မြန်မာ သံရုံးအသီးသီးကလည်း သက်ဆိုင်ရာနိုင်ငံသားများအား အသိပေးအကြောင်းကြားထားသည်ကို တွေ့ရှိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံသို႔ လာေရာက္မည့္ ျပည္ပခရီးသြားမ်ားအေနျဖင့္ Hotel Booking အပါအဝင္ မျဖစ္မေနျပသရမည့္ အခ်က္မ်ားကို နစကအစိုးရ အသိေပးထုတ္ျပန္
ေစာ (NP News) - ႏိုဝင္ဘာ ၂၆
ျမန္မာႏိုင္ငံသို႔ လာေရာက္မည့္ ျပည္ပခရီးသြားမ်ားအေနျဖင့္ Hotel Booking အပါအဝင္ မျဖစ္မေနျပသရမည့္ အခ်က္မ်ားကို နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
အျပည္ျပည္ဆိုင္ရာေလဆိပ္မ်ားမွ ျမန္မာႏိုင္ငံသို႔ လာေရာက္မည့္ခရီးသြားမ်ားအေနျဖင့္ မျဖစ္မေနျပသရမည့္ အခ်က္မ်ားကို နစက၏ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနက သတ္မွတ္ထားျခင္းျဖစ္သည္။
ကမာၻလွည့္ခရီးသည္မ်ား အပါအဝင္ ခရီးသြားဗီဇာ (သို႔) ျပည္ဝင္ဗီဇာကင္းလြတ္ခြင့္ျဖင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္ မည့္ခရီးသည္မ်ားအေနျဖင့္ Hotel Booking ကို မျဖစ္မေနျပသရမည္ျဖစ္ေၾကာင္း သတ္မွတ္ထားသည္။
ထို႔ျပင္ လူမႈေရးဗီဇာျဖင့္ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္မည့္သူမ်ားအေနျဖင့္ ဗီဇာေလွ်ာက္ထားစဥ္က ျဖည့္စြက္ခဲ့ေသာ ျမန္မာႏိုင္ငံရွိ ဇနီး/ခင္ပြန္း၊ မိဘ၊ ေဆြမ်ိဳးမ်ား ေနထိုင္ရာ လိပ္စာမ်ား၌ ေနထိုင္ရမည္ျဖစ္သည့္အျပင္ ျမန္မာႏိုင္ငံ အတြင္း ေရာက္ရွိလာပါက သက္ဆိုင္ရာၿမိဳ႕နယ္ဦးစီးမႉး႐ုံးမ်ားသို႔ Form-C ႏွင့္အတူ အေၾကာင္းၾကားရမည္ျဖစ္ ေၾကာင္း သတ္မွတ္ထားသည္။
အလားတူ ႏိုင္ငံတကာအဖြဲ႕အစည္းဗီဇာျဖင့္ ဝင္ေရာက္မည့္သူမ်ားအေနျဖင့္လည္း ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာပါ က တာဝန္ခံေခၚယူသည့္ သက္ဆိုင္ရာအစိုးရအဖြဲ႕အစည္းမဟုတ္ေသာအဖြဲ႕အစည္းက ၿမိဳ႕နယ္ဦးစီးမႉး႐ုံးမ်ားသို႔ Form-C ႏွင့္အတူ အေၾကာင္းၾကားရရန္ လိုအပ္ေၾကာင္း သိရသည္။
ထို႔သို႔ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနက သတ္မွတ္ေၾကညာထားခ်က္မ်ားကို ျပည္ပရွိ ျမန္မာ သံ႐ုံးအသီးသီးကလည္း သက္ဆိုင္ရာႏိုင္ငံသားမ်ားအား အသိေပးအေၾကာင္းၾကားထားသည္ကို ေတြ႕ရွိရသည္။