ရန်ကုန်ရှိ ထိန်ပင် နှင့် ထားဝယ်ချောင် အမှိုက်ပုံတို့မှ လျှပ်စစ်ထုတ်ယူနိုင်ရေး ကိုရီးယားကုမ္ပဏီ လာရောက်ဆွေးနွေး

 1166

ယွန်း (NP News) - နိုဝင်ဘာ ၃၀

ရန်ကုန်မြို့ရှိ ထိန်ပင်နှင့် ထားဝယ်ချောင် အမှိုက်ပုံများမှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရန် ကိုရီးယားနိုင်ငံရှိ GES ကုမ္ပဏီ နှင့် ရန်ကုန်မြို့တော်ဝန်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ GES Global Energy Solution ကုမ္ပဏီမှတာဝန်ရှိသူများက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ယမန်နေ့ (နိုဝင်ဘာလ ၂၉ ရက်)တွင် အထက်ပါကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းအရ ထိန်ပင် နှင့် ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများမှ ထွက်ရှိသော ဓာတ်ငွေ့များကို စုပေါင်းသန့်စင်၍ မီးရှို့ခြင်းဖြင့် လျှပ်စစ်ထုတ်ယူခြင်းများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“အမှိုက်ပုံနှစ်ခုကနေ လျှပ်စစ်ဓာတ်အားထုတ်ဖို့ ကိုရီးယားကနေလာပြီး ဆွေးနွေးခဲ့တာပါ။ ဆွေးနွေးခဲ့ တယ် ဆိုတာမှန်ပါတယ်။ ဘယ်တော့လောက်စီမံကိန်းစမလဲဆိုတာတော့ မသိသေးပါဘူး”ဟု ရန်ကုန်မြို့ တော်စည်ပင်မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် စီမံကိန်းစတင်မည့် အချိန်ကာလအပါအဝင် ပြီးစီးမည့် အချိန်ကာလနှင့် စီမံကိန်းလုပ်ငန်းပြီးစီးပါက ရရှိလာမည့် ဓာတ်အားပမာဏ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ရွိ ထိန္ပင္ ႏွင့္ ထားဝယ္ေခ်ာင္ အမႈိက္ပုံတို႔မွ လွ်ပ္စစ္ထုတ္ယူႏိုင္ေရး ကိုရီးယားကုမၸဏီလာေရာက္ေဆြးေႏြး

ယြန္း (NP News) - ႏိုဝင္ဘာ ၃၀

ရန္ကုန္ၿမိဳ႕ရွိ ထိန္ပင္ႏွင့္ ထားဝယ္ေခ်ာင္ အမႈိက္ပုံမ်ားမွ လွ်ပ္စစ္ဓာတ္အားထုတ္ယူႏိုင္ရန္ ကိုရီးယားႏိုင္ငံရွိ GES ကုမၸဏီ ႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္တို႔ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ကိုရီးယားႏိုင္ငံ GES Global Energy Solution ကုမၸဏီမွတာဝန္ရွိသူမ်ားက ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ (ၿမိဳ႕ေတာ္ဝန္) ဦးဗိုလ္ေဌးႏွင့္ ယမန္ေန႔ (ႏိုဝင္ဘာလ ၂၉ ရက္)တြင္ အထက္ပါကဲ့သို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အဆိုပါစီမံကိန္းအရ ထိန္ပင္ ႏွင့္ ထားဝယ္ေခ်ာင္ ေနာက္ဆုံးစြန႔္ပစ္အမႈိက္ပုံမ်ားမွ ထြက္ရွိေသာ ဓာတ္ေငြ႕မ်ားကို စုေပါင္းသန႔္စင္၍ မီးရႈိ႕ျခင္းျဖင့္ လွ်ပ္စစ္ထုတ္ယူျခင္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

“အမႈိက္ပုံႏွစ္ခုကေန လွ်ပ္စစ္ဓာတ္အားထုတ္ဖို႔ ကိုရီးယားကေနလာၿပီး ေဆြးေႏြးခဲ့တာပါ။ ေဆြးေႏြးခဲ့ တယ္ ဆိုတာမွန္ပါတယ္။ ဘယ္ေတာ့ေလာက္စီမံကိန္းစမလဲဆိုတာေတာ့ မသိေသးပါဘူး”ဟု ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ စီမံကိန္းစတင္မည့္ အခ်ိန္ကာလအပါအဝင္ ၿပီးစီးမည့္ အခ်ိန္ကာလႏွင့္ စီမံကိန္းလုပ္ငန္းၿပီးစီးပါက ရရွိလာမည့္ ဓာတ္အားပမာဏ အေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့ၾက ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.