နိုင်ငံတော်၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု၌ လုံခြုံရေးဆိုင်ရာအသုံးစရိတ် နှင့် ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးကို အဓိကထည့်သွင်းတောင်းခံ

 9601

မျိုးကြီး (NP News) - ဒီဇင်ဘာ ၁

နိုင်ငံတော်၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု၌ လုံခြုံရေးဆိုင်ရာအသုံးစရိတ် နှင့် ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးကို အဓိကထည့်သွင်းတောင်းခံထားကြောင်း နစကထံမှ သိရသည်။

ယမန်နေ့(နိုဝင်ဘာလ ၃၀ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာညှိနှိုင်းအစည်း အဝေး ကျင်းပခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေး၌ ဘဏ္ဍာရေးကော်မရှင်ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အကောင်အထည်ဖော်နေကြောင်း နှင့် ဥပဒေတွင်ပါရှိသော ရငွေလျာထားချက်များအပြင် ထပ်မံရရှိနိုင်သည့် ရငွေများရှိသည်ကို တွေ့ရကြောင်း ပြောသည်။

အလားတူ ယင်းဥပဒေတွင် ပါရှိသည့် သုံးငွေများအပြင် မဖြစ်မနေထပ်မံသုံးစွဲရန် လိုအပ်သော အသုံးစရိတ်များလည်းရှိနိုင်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တင်ပြချက်အရ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများ၌ နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ၊ ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး နှင့် လုံခြုံရေးဆိုင်ရာအသုံးစရိတ် စသည်တို့အတွက် အဓိကတောင်းခံထား သည်ကို တွေ့ရှိရသည်ဟု ဘဏ္ဍာရေးကော်မရှင်ဒုဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေကို ခွင့်ပြုနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်ဆင့် စိစစ်ရခြင်းဖြစ်ပြီး တောင်းခံထားသည့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးမှသာ သုံးစွဲခွင့်ရရှိမည်ဖြစ်သည်။

လက်ရှိ နစကအစိုးရသည် ယခုဘဏ္ဍာနှစ်အတွင်း၌ နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ ကြေးများ တိုးမြှင့်ခံစားခွင့်ပြုခဲ့သည်။

ထို့ပြင် နိုင်ငံအတွင်း၌ တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့အစည်းများကြားတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေအပါအဝင် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၅,၆၃၅,၁ဝ၂ ဒသမ ဝ၅၈ သန်း ( ၅၆၃၅ ဘီလျံကျော်) သုံးစွဲရန် လျာထားကြောင်း ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ဖော်ပြထားသည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ပြည်ထောင်စု၏ ရငွေအနေဖြင့် ငွေကျပ် (၂၅၃၆၄)ဘီလျံကျော်ရရှိမည်ဟု ခန့်မှန်ထားပြီး သုံးငွေအနေဖြင့် ငွေကျပ် (၃၃၁၇၅)ဘီလျံကျော် သုံးစွဲမည်ဟု ခန့်မှန်ထားသည်။

ပြီးခဲ့သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြုပြင်ပြီးခန့်မှန်းခြေစာရင်းများအရ ပြည်ထောင်စု၏ ရငွေအနေဖြင့် ငွေကျပ် (၂၄၈၃၈)ဘီလျံကျော်ရရှိခဲ့ပြီး သုံးငွေအနေဖြင့် ငွေကျပ် (၃၂၈၂၁)ဘီလျံကျော် သုံးစွဲခဲ့သည့်အတွက် ငွေကျပ် (၇၉၈၂) ဘီလျံကျော် လိုငွေပြခဲ့ကြောင်း သိရသည်။

zawgyi version
ႏိုင္ငံေတာ္၏ ျဖည့္စြက္ခြင့္ျပဳေငြေတာင္းခံမႈ၌ လုံၿခဳံေရးဆိုင္ရာအသုံးစရိတ္ ႏွင့္ ဝန္ထမ္းမ်ားအတြက္ အပိုေထာက္ပံ့ေၾကးကို အဓိကထည့္သြင္းေတာင္းခံ
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၁

ႏိုင္ငံေတာ္၏ ျဖည့္စြက္ခြင့္ျပဳေငြေတာင္းခံမႈ၌ လုံၿခဳံေရးဆိုင္ရာအသုံးစရိတ္ ႏွင့္ ဝန္ထမ္းမ်ားအတြက္ အပိုေထာက္ပံ့ေၾကးကို အဓိကထည့္သြင္းေတာင္းခံထားေၾကာင္း နစကထံမွ သိရသည္။

ယမန္ေန႔(ႏိုဝင္ဘာလ ၃၀ ရက္)တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး၌ ၂၀၂၃-၂၀၂၄ ဘ႑ာ ေရးႏွစ္၊ ျပည္ေထာင္စု၏ ျဖည့္စြက္ခြင့္ျပဳေငြစာရင္းမ်ား တင္ျပျခင္းဆိုင္ရာညႇိႏႈိင္းအစည္း အေဝး က်င္းပခဲ့ေၾကာင္း သိရသည္။

၎အစည္းအေဝး၌ ဘ႑ာေရးေကာ္မရွင္ဒုဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္၊ ျပည္ေထာင္စု၏ဘ႑ာေငြအရအသုံးဆိုင္ရာဥပေဒကို ၂၀၂၃ ခုႏွစ္၊ မတ္လ ၃၁ ရက္တြင္ အတည္ျပဳျပ႒ာန္းခဲ့ၿပီး အေကာင္အထည္ေဖာ္ေနေၾကာင္း ႏွင့္ ဥပေဒတြင္ပါရွိေသာ ရေငြလ်ာထားခ်က္မ်ားအျပင္ ထပ္မံရရွိႏိုင္သည့္ ရေငြမ်ားရွိသည္ကို ေတြ႕ရေၾကာင္း ေျပာသည္။

အလားတူ ယင္းဥပေဒတြင္ ပါရွိသည့္ သုံးေငြမ်ားအျပင္ မျဖစ္မေနထပ္မံသုံးစြဲရန္ လိုအပ္ေသာ အသုံးစရိတ္မ်ားလည္းရွိႏိုင္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

စီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၏ တင္ျပခ်က္အရ ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈမ်ား၌ ႏိုင္ငံေတာ္သို႔ ေပးေဆာင္ရမည့္ အခြန္၊ ႏိုင္ငံေတာ္သို႔ ထည့္ဝင္ေငြ၊ ဝန္ထမ္းမ်ားအတြက္ အပိုေထာက္ပံ့ေၾကး ႏွင့္ လုံၿခဳံေရးဆိုင္ရာအသုံးစရိတ္ စသည္တို႔အတြက္ အဓိကေတာင္းခံထား သည္ကို ေတြ႕ရွိရသည္ဟု ဘ႑ာေရးေကာ္မရွင္ဒုဥကၠ႒က ေျပာသည္။

ထို႔ေၾကာင့္ ၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္အတြက္ ျဖည့္စြက္ခြင့္ျပဳေငြကို ခြင့္ျပဳႏိုင္ရန္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ အဆင့္ဆင့္ စိစစ္ရျခင္းျဖစ္ၿပီး ေတာင္းခံထားသည့္ ဌာန၊ အဖြဲ႕အစည္းမ်ားအေနျဖင့္လည္း ျပည္ေထာင္စု၏ ေနာက္ထပ္ဘ႑ာေငြခြဲေဝသုံးစြဲေရးဥပေဒကို အတည္ျပဳျပ႒ာန္းၿပီးမွသာ သုံးစြဲခြင့္ရရွိမည္ျဖစ္သည္။

လက္ရွိ နစကအစိုးရသည္ ယခုဘ႑ာႏွစ္အတြင္း၌ ႏိုင္ငံ့ဝန္ထမ္းမ်ားအား အပိုေထာက္ပံ့ ေၾကးမ်ား တိုးျမႇင့္ခံစားခြင့္ျပဳခဲ့သည္။

ထို႔ျပင္ ႏိုင္ငံအတြင္း၌ တပ္မေတာ္ ႏွင့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားၾကားတြင္လည္း တိုက္ပြဲမ်ား ျပင္းထန္လ်က္ရွိသည္။

ကာကြယ္ေရးဝန္ႀကီးဌာနသည္ သာမန္သုံးေငြ၊ ေငြလုံးေငြရင္းသုံးေငြအပါအဝင္ စုစုေပါင္း ေငြက်ပ္သန္းေပါင္း ၅,၆၃၅,၁ဝ၂ ဒသမ ဝ၅၈ သန္း ( ၅၆၃၅ ဘီလ်ံေက်ာ္) သုံးစြဲရန္ လ်ာထားေၾကာင္း ၂ဝ၂၃-၂ဝ၂၄ ဘ႑ာေရးႏွစ္ျပည္ေထာင္စု၏ ဘ႑ာေငြအရအသုံးဆိုင္ရာဥပေဒတြင္ ေဖာ္ျပထားသည္။

လက္ရွိ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္၊ ျပည္ေထာင္စု၏ဘ႑ာေငြအရအသုံးဆိုင္ရာဥပေဒတြင္ ျပည္ေထာင္စု၏ ရေငြအေနျဖင့္ ေငြက်ပ္ (၂၅၃၆၄)ဘီလ်ံေက်ာ္ရရွိမည္ဟု ခန႔္မွန္ထားၿပီး သုံးေငြအေနျဖင့္ ေငြက်ပ္ (၃၃၁၇၅)ဘီလ်ံေက်ာ္ သုံးစြဲမည္ဟု ခန႔္မွန္ထားသည္။

ၿပီးခဲ့ေသာ ၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္တြင္ ျပဳျပင္ၿပီးခန႔္မွန္းေျခစာရင္းမ်ားအရ ျပည္ေထာင္စု၏ ရေငြအေနျဖင့္ ေငြက်ပ္ (၂၄၈၃၈)ဘီလ်ံေက်ာ္ရရွိခဲ့ၿပီး သုံးေငြအေနျဖင့္ ေငြက်ပ္ (၃၂၈၂၁)ဘီလ်ံေက်ာ္ သုံးစြဲခဲ့သည့္အတြက္ ေငြက်ပ္ (၇၉၈၂) ဘီလ်ံေက်ာ္ လိုေငြျပခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.