အနာဂတ်မှာ လူသားဆဲလ်တွေနဲ့ဖန်တီးထားတဲ့ သက်ရှိစက်ရုပ်အသေးတွေနဲ့ ကုသမှုများ ပြုလုပ်လာနိုင်

 459

ရောင်နီ (NP News) - ဒီဇင်ဘာ ၂

Tufts University and Harvard University ရဲ့ Wyss Institute မှ သိပ္ပံပညာရှင်တွေဟာ ကျန်းမာရေး ဓာတ်ခွဲခန်းထဲ အကူအညီပေးနိုင်မယ့် လူသားဆဲလ်တွေနဲ့ ဖန်တီးထားတဲ့ သက်ရှိစက်ရုပ်ငယ်တွေကိုဖန်တီးခဲ့ပြီး ဒဏ်ရာ သို့မဟုတ် ပျက်စီးနေတဲ့ တစ်သျှူးတွေကို လွယ်ကူမြန်ဆန်စွာ ကုသပေးနိုင်ဖို့ မျှော်လင့်ချက် တွေ့ရှိလာခဲ့ပါတယ်။

သုတေသနဟာ ပထမဆုံး အာဖရိက ဖား (Xenopus laevis) ရဲ့ ပင်မဆဲလ်များမှ သက်ရှိစက်ရုပ်များ (သို့)xenobots ကို တီထွင်ခဲ့တာဖြစ်ပါတယ်။

ယင်းစက်ရုပ်တွဟာ ဆဲလ်နဲ့ပြုလုပ်ထားတာကြောင့် သက်ရှိလို့ဆိုနိုင်ပေမယ့် အပြည့်အဝသက်ရှိတော့ မဟုတ်ပါဘူး။ အဆိုပါ သုတေသနကို ​Advanced Science ဂျာနယ်က ကြသပတေးနေ့(နိုဝင်ဘာ ၃၀ ရက်) က ထုတ်ဝေခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေက အသက်အရွယ်အမျိုးမျိုးနဲ့ လိင်ကွဲပြားတဲ့ အမည်မသိ အလှူရှင်တွေဆီမှ အရွယ်ရောက်ပြီးသား လူသားဆဲလ်တွေကို ထုတ်ခဲ့ပြီး စက်ရုပ်အဖြစ် တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါစက်ရုပ်တွေဟာ ခန္ဓာကိုယ်ထဲ လွယ်ကူစွာဝင်နိုင်ပြီး ဆဲလ်တွေနဲ့ ရောနှောနေနိုင်တာကြောင့် Covid-19 နဲ့ အဆုတ်ရောဂါဆိုင်ရာ ကုသမှုတွေအတွက် အသုံးဝင်မယ့် နည်းပညာဖြစ်လာမယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။

zawgyi version
အနာဂတ္မွာ လူသားဆဲလ္ေတြနဲ႔ဖန္တီးထားတဲ့ သက္ရွိစက္႐ုပ္အ​ေသးေလးေတြနဲ႔ ကုသမႈမ်ား ျပဳလုပ္လာႏိုင္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂

Tufts University and Harvard University ရဲ႕ Wyss Institute မွ သိပၸံပညာရွင္ေတြဟာ က်န္းမာေရး ဓာတ္ခြဲခန္းထဲ အကူအညီေပးႏိုင္မယ့္ လူသားဆဲလ္ေတြနဲ႔ ဖန္တီးထားတဲ့ သက္ရွိစက္႐ုပ္ငယ္ေတြကိုဖန္တီးခဲ့ၿပီး ဒဏ္ရာ သို႔မဟုတ္ ပ်က္စီးေနတဲ့ တစ္သွ်ဴးေတြကို လြယ္ကူျမန္ဆန္စြာ ကုသေပးႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ေတြ႕ရွိလာခဲ့ပါတယ္။

သုေတသနဟာ ပထမဆုံး အာဖရိက ဖား (Xenopus laevis) ရဲ႕ ပင္မဆဲလ္မ်ားမွ သက္ရွိစက္႐ုပ္မ်ား (သို႔)xenobots ကို တီထြင္ခဲ့တာျဖစ္ပါတယ္။

ယင္းစက္႐ုပ္တြဟာ ဆဲလ္နဲ႔ျပဳလုပ္ထားတာေၾကာင့္ သက္ရွိလို႔ဆိုႏိုင္ေပမယ့္ အျပည့္အဝသက္ရွိေတာ့ မဟုတ္ပါဘူး။ အဆိုပါ သုေတသနကိုယ ​Advanced Science ဂ်ာနယ္က ၾကသပေတးေန႔(ႏိုဝင္ဘာ ၃၀ ရက္) က ထုတ္ေဝခဲ့ပါတယ္။

သိပၸံပညာရွင္ေတြက အသက္အ႐ြယ္အမ်ိဳးမ်ိဳးနဲ႔ လိင္ကြဲျပားတဲ့ အမည္မသိ အလႉရွင္ေတြဆီမွ အ႐ြယ္ေရာက္ၿပီးသား လူသားဆဲလ္ေတြကို ထုတ္ခဲ့ၿပီး စက္႐ုပ္အျဖစ္ တီထြင္ခဲ့ျခင္း ျဖစ္ပါတယ္။

အဆိုပါစက္႐ုပ္ေတြဟာ ခႏၶာကိုယ္ထဲ လြယ္ကူစြာဝင္ႏိုင္ၿပီး ဆဲလ္ေတြနဲ႔ ေရာေႏွာေနႏိုင္တာေၾကာင့္ Covid-19 နဲ႔ အဆုတ္ေရာဂါဆိုင္ရာ ကုသမႈေတြအတြက္ အသုံးဝင္မယ့္ နည္းပညာျဖစ္လာမယ္လို႔ သုေတသီေတြက ခန္႔မွန္းထားပါတယ္။

Related news

© 2021. All rights reserved.