ထိုင်း ဆောင်ခရမ်ရေသင်္ကြန်ပွဲတော် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ အလားလာများနေပြီး အောင်ပွဲခံအခမ်းနားပြုလုပ်ဖို့ စီစဉ်နေ

1096
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂
ထိုင်းနိုင်ငံရဲ့ ဆောင်ခရမ်ရေသင်္ကြန်ပွဲတော် ကမ္ဘာ့ရှေးဟောင်းအမွေနှစ်စာရင်းဝင်ဖို့ အလားအလာများနေတဲ့အတွက် အောင်ပွဲခံမှုတွေလုပ်ဆောင်ဖို့ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်နေကြောင်း The Nation သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံဟာ ဆောင်ခရမ် သင်္ကြန်ပွဲတော်ကို ကမ္ဘာ့ရှေးဟောင်းအမွေနှစ်အဖြစ် သတ်မှတ်ခံရဖို့ (UNESCO) အဖွဲ့ထံတင်ပြခဲ့ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက (UNESCO)ရဲ့နောက်ဆုံးဆန်ကာတင်စာရင်းထဲ ပါဝင်ခဲ့ကြောင်းသိရပါတယ်။ (UNESCO) အဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလ ၆ ရက်မှာ(UNESCO)ရဲ့ရှေးဟောင်းအမွေနှစ်စာရင်းကို တရားဝင်ထုတ်ပြန်ကြေညာသွားဖွယ်ရှိနေရာ ရေသင်္ကြန်ပွဲတော်ဟာ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖို့ အလားအလာများနေကြောင်းသိရပါတယ်။
ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနဟာ ဆောင်ခရမ် ရေသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရမယ်ဆိုပါ ဒီဇင်ဘာလ ၇ ရက်မှာ ဘန်ကောက်မြို့ရှိ Lan Khon Mueang ရင်ပြင်မှာအောင်ပွဲခံအခမ်းနားတွေကျင်းပသွားဖွယ်ရှိနေကြောင်းသိရပါတယ်။ ထွက်ပေါ်နေတဲ့သတင်းများအရ ထိုင်းအစိုးရဟာ ဆောင်ခရမ် ရေသင်္ကြန်ပွဲတော်ကိုလာမယ့်နှစ်ဧပြီလအတွင်း သုံးရက်အစား လနဲ့ချီပြီးကျင်းပဖို့လည်း စီစဉ်နေကြောင်းသိရပါတယ်။
ထိုင်းအာဏာရပါတီဖြစ်တဲ့ ဖြူထိုင်းပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ပီတွန်တန် ရှင်နာဝါထရာက "လာမယ့်နှစ်မှာကျင်းပမယ့် သင်္ကြန်ပွဲတော်အတွက် အစီအစဉ်တွေကို ဆွေးနွေးနေတယ်။ လာမယ့် နှစ်သင်္ကြန်ပွဲတော်ကို အရင်နှစ်တွေအတိုင်းကျင်းပမှာမဟုတ်ဘူး၊ကမ္ဘာ့ရေသင်္ကြန်ပွဲဖြစ်စေဖို့ ပြင်ဆင်နေတယ်"လို့ ပြောပါတယ်။

zawgyi version
ထိုင္း ေဆာင္ခရမ္ေရသၾကၤန္ပြဲေတာ္ ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္စာရင္းဝင္ျဖစ္ဖို႔ အလားလာမ်ားေနၿပီး ေအာင္ပြဲခံအခမ္းနားျပဳလုပ္ဖို႔ စီစဥ္ေန
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂
ထိုင္းႏိုင္ငံရဲ႕ ေဆာင္ခရမ္ေရသၾကၤန္ပြဲေတာ္ ကမာၻ႔ေရွးေဟာင္းအေမြႏွစ္စာရင္းဝင္ဖို႔ အလားအလာမ်ားေနတဲ့အတြက္ ေအာင္ပြဲခံမႈေတြလုပ္ေဆာင္ဖို႔ ထိုင္းယဥ္ေက်းမႈဝန္ႀကီးဌာနက စီစဥ္ေနေၾကာင္း The Nation သတင္းဌာနက ေဖာ္ျပထားပါတယ္။
ထိုင္းႏိုင္ငံဟာ ေဆာင္ခရမ္ သၾကၤန္ပြဲေတာ္ကို ကမာၻ႔ေရွးေဟာင္းအေမြႏွစ္အျဖစ္ သတ္မွတ္ခံရဖို႔ (UNESCO) အဖြဲ႕ထံတင္ျပခဲ့ၿပီး ၿပီးခဲ့တဲ့ဇန္နဝါရီလကတည္းက (UNESCO)ရဲ႕ေနာက္ဆုံးဆန္ကာတင္စာရင္းထဲ ပါဝင္ခဲ့ေၾကာင္းသိရပါတယ္။ (UNESCO) အဖြဲ႕ဟာ လာမယ့္ ဒီဇင္ဘာလ ၆ ရက္မွာ(UNESCO)ရဲ႕ေရွးေဟာင္းအေမြႏွစ္စာရင္းကို တရားဝင္ထုတ္ျပန္ေၾကညာသြားဖြယ္ရွိေနရာ ေရသၾကၤန္ပြဲေတာ္ဟာ ေရွးေဟာင္းအေမြအႏွစ္စာရင္းဝင္ဖို႔ အလားအလာမ်ားေနေၾကာင္းသိရပါတယ္။
ထိုင္းယဥ္ေက်းမႈဝန္ႀကီးဌာနဟာ ေဆာင္ခရမ္ ေရသၾကၤန္ပြဲေတာ္ကို ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ခံရမယ္ဆိုပါ ဒီဇင္ဘာလ ၇ ရက္မွာ ဘန္ေကာက္ၿမိဳ႕ရွိ Lan Khon Mueang ရင္ျပင္မွာေအာင္ပြဲခံအခမ္းနားေတြက်င္းပသြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။ ထြက္ေပၚေနတဲ့သတင္းမ်ားအရ ထိုင္းအစိုးရဟာ ေဆာင္ခရမ္ ေရသၾကၤန္ပြဲေတာ္ကိုလာမယ့္ႏွစ္ဧၿပီလအတြင္း သုံးရက္အစား လနဲ႔ခ်ီၿပီးက်င္းပဖို႔လည္း စီစဥ္ေနေၾကာင္းသိရပါတယ္။
ထိုင္းအာဏာရပါတီျဖစ္တဲ့ ျဖဴထိုင္းပါတီေခါင္းေဆာင္တစ္ဦးျဖစ္သူ ပီတြန္တန္ ရွင္နာဝါထရာက "လာမယ့္ႏွစ္မွာက်င္းပမယ့္ သၾကၤန္ပြဲေတာ္အတြက္ အစီအစဥ္ေတြကို ေဆြးေႏြးေနတယ္။ လာမယ့္ ႏွစ္သၾကၤန္ပြဲေတာ္ကို အရင္ႏွစ္ေတြအတိုင္းက်င္းပမွာမဟုတ္ဘူး၊ကမာၻ႔ေရသၾကၤန္ပြဲျဖစ္ေစဖို႔ ျပင္ဆင္ေနတယ္"လို႔ ေျပာပါတယ္။