သဘောတူညီချက်တစ်ခုကိုပြုလုပ်ဖို့ ရုရှားဘက်က အဆင်သင့်ဖြစ်နေပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

 97

Pika (NP News) - ဧပြီ ၂၆

ယူကရိန်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်ခုကိုပြုလုပ်ဖို့ ရုရှားဘက်က အဆင်သင့်ဖြစ် နေပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ရုရှားသမ္မတပူတင်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ပြီးနောက် ဆာဂေးလာရော့ဗ်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဆာဂေးလာရော့ဗ်က “သဘောတူညီချက်တစ်ခုကိုပြုလုပ်ဖို့ ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် သေချာပြင်ဆင်ဖို့လိုအပ်တဲ့ တိကျသေချာတဲ့အချက်တစ်ချို့တော့ ရှိပါသေးတယ်။ ပြီးတော့ ဒီအချိန်မှာ အဲဒီအချက်တွေကို လုပ်ဆောင်နေရင်းနဲ့ ကျွန်တော်တို့အလုပ်ရှုပ်နေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့အထူးသံတမန်စတိဗ်ဝစ်အော့ဖ်ဟာ ဧပြီလ(၂၅)ရက်မှာ ရုရှားကို လာရောက်လည်ပတ်ပြီး ပူတင်နဲ့အတူ နောက်ထပ်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဆွေးနွေးပွဲလုပ်ငန်းစဉ်တွေဟာ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ရွေ့လျားနေပြီး အမေရိကန်နဲ့အတူ စေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆာဂေးလာရော့ဗ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ရုရှား-ယူကရိန်းပဋိပက္ခရဲ့မူလဇစ်မြစ်ကိုဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာကို အသိအမှတ်ပြုတဲ့ကမ္ဘာပေါ်က တစ်ဦးတည်းသောခေါင်းဆောင်ဖြစ်နိုင်တယ်လို့လည်း ဆာဂေးလာရော့ဗ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
သေဘာတူညီခ်က္တစ္ခုကိုျပဳလုပ္ဖို႔ ႐ုရွားဘက္က အဆင္သင့္ျဖစ္ေနၿပီလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - ဧၿပီ ၂၆

ယူကရိန္းမွာျဖစ္ပြားေနတဲ့ စစ္ပြဲနဲ႔ပတ္သက္ၿပီး သေဘာတူညီခ်က္တစ္ခုကိုျပဳလုပ္ဖို႔ ႐ုရွားဘက္က အဆင္သင့္ျဖစ္ ေနၿပီလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္က ေျပာၾကားခဲ့ပါတယ္။ တိုက္ခိုက္မႈေတြကို ရပ္တန႔္ဖို႔ ႐ုရွားသမၼတပူတင္ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က တိုက္တြန္းခဲ့ၿပီးေနာက္ ဆာေဂးလာေရာ့ဗ္ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

ဆာေဂးလာေရာ့ဗ္က “သေဘာတူညီခ်က္တစ္ခုကိုျပဳလုပ္ဖို႔ ကြၽန္ေတာ္တို႔ဘက္က အဆင္သင့္ျဖစ္ေနပါၿပီ။ ဒါေပမယ့္ ေသခ်ာျပင္ဆင္ဖို႔လိုအပ္တဲ့ တိက်ေသခ်ာတဲ့အခ်က္တစ္ခ်ိဳ႕ေတာ့ ရွိပါေသးတယ္။ ၿပီးေတာ့ ဒီအခ်ိန္မွာ အဲဒီအခ်က္ေတြကို လုပ္ေဆာင္ေနရင္းနဲ႔ ကြၽန္ေတာ္တို႔အလုပ္ရႈပ္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ရဲ႕အထူးသံတမန္စတိဗ္ဝစ္ေအာ့ဖ္ဟာ ဧၿပီလ(၂၅)ရက္မွာ ႐ုရွားကို လာေရာက္လည္ပတ္ၿပီး ပူတင္နဲ႔အတူ ေနာက္ထပ္အပစ္အခတ္ရပ္စဲေရး ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေဆြးေႏြးပြဲလုပ္ငန္းစဥ္ေတြဟာ မွန္ကန္တဲ့လမ္းေၾကာင္းအတိုင္း ေ႐ြ႕လ်ားေနၿပီး အေမရိကန္နဲ႔အတူ ေစ့စပ္ညႇိႏႈိင္းမႈေတြကို ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ဆာေဂးလာေရာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ႐ုရွား-ယူကရိန္းပဋိပကၡရဲ႕မူလဇစ္ျမစ္ကိုေျဖရွင္းဖို႔ လိုအပ္တယ္ဆိုတာကို အသိအမွတ္ျပဳတဲ့ကမာၻေပၚက တစ္ဦးတည္းေသာေခါင္းေဆာင္ျဖစ္ႏိုင္တယ္လို႔လည္း ဆာေဂးလာေရာ့ဗ္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.