နောက်(၂)ရက်အတွင်း ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ် (၉)ခု၌ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင် မိုးဇလခန့်မှန်း

2395
ယွန်း (NP News) - ဒီဇင်ဘာ ၂
မနက်ဖြန် (ဒီဇင်ဘာလ ၃ ရက်) နှင့် ဒီဇင်ဘာလ(၄)ရက်အတွင်း ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်(၉)ခု၌ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထား သည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(ဒီဇင်ဘာလ ၂ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ် သည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိခြင်းကြောင့် အဝါရောင်အဆင့်သတ်မှတ်ထားကြောင်း သိရသည်။
သို့သော် အဆိုပါအားကောင်းသော မုန်တိုင်းငယ်၏အရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်အချို့၌ မိုးရွာသွန်းခြင်းအပြင် လေပြင်းတိုက်ခတ်ခြင်း နှင့် မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက်(၂)ရက်အတွင်း ရန်ကုန် အပါအဝင် နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ကရင် နှင့် မွန်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
မိုးဇလ၏ခန့်မှန်းချက်အရ ယခုလ(ဒီဇင်ဘာလ)အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်း ရပ်ဝန်း(၂) ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင်ပိုမိုအားကောင်းလာသော မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

zawgyi version
ေနာက္(၂)ရက္အတြင္း ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ျပည္နယ္ (၉)ခု၌ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္ မိုးဇလခန႔္မွန္း
ယြန္း (NP News) - ဒီဇင္ဘာ ၂
မနက္ျဖန္ (ဒီဇင္ဘာလ ၃ ရက္) ႏွင့္ ဒီဇင္ဘာလ(၄)ရက္အတြင္း ရန္ကုန္ အပါအဝင္ တိုင္းႏွင့္ျပည္နယ္(၉)ခု၌ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထုတ္ျပန္ထား သည္။
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(ဒီဇင္ဘာလ ၂ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္ သည္။
ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚေနသည့္ မုန္တိုင္းငယ္သည္ အားေကာင္းေသာမုန္တိုင္းငယ္အျဖစ္သို႔ေရာက္ရွိခဲ့ၿပီး ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိျခင္းေၾကာင့္ အဝါေရာင္အဆင့္သတ္မွတ္ထားေၾကာင္း သိရသည္။
သို႔ေသာ္ အဆိုပါအားေကာင္းေသာ မုန္တိုင္းငယ္၏အရွိန္ေၾကာင့္ တိုင္းႏွင့္ ျပည္နယ္အခ်ိဳ႕၌ မိုး႐ြာသြန္းျခင္းအျပင္ ေလျပင္းတိုက္ခတ္ျခင္း ႏွင့္ မိုးထစ္ခ်ဳန္းျခင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း မိုးဇလမွ ဆိုထားသည္။
အားေကာင္းေသာမုန္တိုင္းငယ္၏ အရွိန္ေၾကာင့္ ေနာက္(၂)ရက္အတြင္း ရန္ကုန္ အပါအဝင္ ေနျပည္ေတာ္၊ မႏၲေလး၊ ပဲခူး၊ ဧရာဝတီ၊ တနသၤာရီ၊ ရွမ္း၊ ကရင္ ႏွင့္ မြန္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။
မိုးဇလ၏ခန႔္မွန္းခ်က္အရ ယခုလ(ဒီဇင္ဘာလ)အတြင္း ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ ေလဖိအားနည္း ရပ္ဝန္း(၂) ႀကိမ္ျဖစ္ေပၚႏိုင္ၿပီး (၁)ႀကိမ္တြင္ပိုမိုအားေကာင္းလာေသာ မုန္တိုင္းငယ္အျဖစ္ေရာက္ရွိႏိုင္ေၾကာင္း ခန႔္မွန္းထားသည္။