နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တန်ဆောင်တိုင်ကာလ၌ ပြည်တွင်းခရီးသွားလာမှု မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့

617

ယွန်း (NP News) - ဒီဇင်ဘာ ၃
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တန်ဆောင်တိုင်ကာလ၌ ပြည်တွင်းခရီးသွားလာမှု မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
ပြီးခဲ့သောတန်ဆောင်တိုင်ကာလ၌ မြန်မာနိုင်ငံအတွင်းတွင် ခရီးသွားလာရောက်လည်ပတ်မှု သိသာစွာလျော့နည်း ခဲ့ပြီး ငပလီကမ်းခြေဒေသတွင် ခရီးစဥ်ဖျက်သိမ်းမှု (၉ဝ)ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။
“တန်ဆောင်တိုင်ပိတ်ရက်မှာ ခရီးသွားတွေက မူလကမျှော်မှန်းထားတာထက် နည်းပါတယ်။ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ပြောလို့မရပေမယ့် ငပလီလိုနေရာမျိုးမှာတော့ (၉ဝ)၊ (၉၅)ရာခိုင်နှုန်းလောက် ခရီးစဥ်ဖျက်လိုက်တာတွေရှိ ပါတယ်။ အခန်းပြည့် ရောင်းချထားရာကနေ အကုန်နီးပါးဖျက်လိုက်တာမျိုးတွေ ရှိတယ်။ ကားလမ်းတွေပိတ်ပြီး သွားလာမှုတွေ ရပ်ဆိုင်းသွားတဲ့အတွက် လေကြောင်းနဲ့ပဲလာရတာဆိုတော့ ခရီးသည်နည်းသွားတယ်။ ခရီးစဥ် ဖျက်သိမ်းမှု (၉ဝ)ရာခိုင်နှုန်းလောက်ရှိတယ်လို့ ပြောလို့ရပါတယ်” ဟု ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က NP News ကို ပြောသည်။
အလားတူ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက်လည်း ခရီးစဥ်ဖျက်သိမ်းမှု (၇ဝ)ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။
ခရီးစဥ်ဖျက်သိမ်းမှုများကြောင့် ခရီးသွားကုမ္ပဏီများ အပါအဝင် ဟိုတယ်များအနေဖြင့် နစ်နာမှုများရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ခရီးသွားများ အများဆုံးလည်ပတ်သည့်နေရာများသည် ချောင်းသာ၊ ငွေဆောင် အပါအဝင် ကမ်းခြေ ဒေသများနှင့် ပုဂံ၊ ပြင်ဦးလွင်၊ ကလော၊ ပင်းတယ တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းရှိ စစ်ကိုင်း၊ မကွေး၊ ကချင် နှင့် ကရင်တို့တွင် သွားရောက်လည်ပတ်စရာ နေရာများရှိသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ခရီးသွားလာရောက်လည်ပတ်မှုသည် နည်းပါးနေလျက်ရှိကြောင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဆက်လက်ပြောသည်။

Zawgyi Version;
ႏိုင္ငံေရးမတည္ၿငိမ္မႈေၾကာင့္ တန္ေဆာင္တိုင္ကာလ၌ ျပည္တြင္းခရီးသြားလာမႈ ေမွ်ာ္မွန္းထားသည္ထက္ ေလ်ာ့နည္းခဲ့
ယြန္း (NP News) - ဒီဇင္ဘာ ၃
ႏိုင္ငံေရးမတည္ၿငိမ္မႈေၾကာင့္ တန္ေဆာင္တိုင္ကာလ၌ ျပည္တြင္းခရီးသြားလာမႈ ေမွ်ာ္မွန္းထားသည္ထက္ ေလ်ာ့နည္းခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးေနာင္းေနာင္းဟန္က ေျပာသည္။
ၿပီးခဲ့ေသာတန္ေဆာင္တိုင္ကာလ၌ ျမန္မာႏိုင္ငံအတြင္းတြင္ ခရီးသြားလာေရာက္လည္ပတ္မႈ သိသာစြာေလ်ာ့နည္း ခဲ့ၿပီး ငပလီကမ္းေျခေဒသတြင္ ခရီးစဥ္ဖ်က္သိမ္းမႈ (၉ဝ)ရာခိုင္ႏႈန္းအထိ ရွိခဲ့ေၾကာင္း သိရသည္။
“တန္ေဆာင္တိုင္ပိတ္ရက္မွာ ခရီးသြားေတြက မူလကေမွ်ာ္မွန္းထားတာထက္ နည္းပါတယ္။ တစ္ႏိုင္ငံလုံးအတိုင္း အတာနဲ႔ ေျပာလို႔မရေပမယ့္ ငပလီလိုေနရာမ်ိဳးမွာေတာ့ (၉ဝ)၊ (၉၅)ရာခိုင္ႏႈန္းေလာက္ ခရီးစဥ္ဖ်က္လိုက္တာေတြရွိ ပါတယ္။ အခန္းျပည့္ ေရာင္းခ်ထားရာကေန အကုန္နီးပါးဖ်က္လိုက္တာမ်ိဳးေတြ ရွိတယ္။ ကားလမ္းေတြပိတ္ၿပီး သြားလာမႈေတြ ရပ္ဆိုင္းသြားတဲ့အတြက္ ေလေၾကာင္းနဲ႔ပဲလာရတာဆိုေတာ့ ခရီးသည္နည္းသြားတယ္။ ခရီးစဥ္ ဖ်က္သိမ္းမႈ (၉ဝ)ရာခိုင္ႏႈန္းေလာက္ရွိတယ္လို႔ ေျပာလို႔ရပါတယ္” ဟု ဥကၠ႒ ဦးေနာင္းေနာင္းဟန္ က NP News ကို ေျပာသည္။
အလားတူ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္အတြက္လည္း ခရီးစဥ္ဖ်က္သိမ္းမႈ (၇ဝ)ရာခိုင္ႏႈန္းအထိ ရွိခဲ့ေၾကာင္း သိရသည္။
ခရီးစဥ္ဖ်က္သိမ္းမႈမ်ားေၾကာင့္ ခရီးသြားကုမၸဏီမ်ား အပါအဝင္ ဟိုတယ္မ်ားအေနျဖင့္ နစ္နာမႈမ်ားရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ ခရီးသြားမ်ား အမ်ားဆုံးလည္ပတ္သည့္ေနရာမ်ားသည္ ေခ်ာင္းသာ၊ ေငြေဆာင္ အပါအဝင္ ကမ္းေျခ ေဒသမ်ားႏွင့္ ပုဂံ၊ ျပင္ဦးလြင္၊ ကေလာ၊ ပင္းတယ တို႔ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္တြင္းရွိ စစ္ကိုင္း၊ မေကြး၊ ကခ်င္ ႏွင့္ ကရင္တို႔တြင္ သြားေရာက္လည္ပတ္စရာ ေနရာမ်ားရွိေသာ္လည္း ႏိုင္ငံေရးမတည္ၿငိမ္မႈေၾကာင့္ ခရီးသြားလာေရာက္လည္ပတ္မႈသည္ နည္းပါးေနလ်က္ရွိေၾကာင္း ဥကၠ႒ ဦးေနာင္းေနာင္းဟန္က ဆက္လက္ေျပာသည္။