ကျဆုံးခဲ့သော စစ်သည်များအတွက် ဒဿမအကြိမ်မြောက် ဂါရဝပြုဆုတောင်းပွဲ နှင့် အလေးပြုခြင်းအခမ်းအနား နေပြည်တော်၌ ပြုလုပ်

4535

မြူနစ် (NP News) - ဒီဇင်ဘာ ၃
ကျဆုံးခဲ့သောစစ်သည်များအတွက် ဒဿမကြိမ်မြောက် အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲ နှင့် အလေးပြုခြင်း အခမ်းအနားကို နေပြည်တော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ယနေ့(ဒီဇင်ဘာ ၃ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ကျင်းပခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တိုင်းပြည်တာဝန် ထမ်းဆောင်စဉ် အသက်ပေးကျဆုံးသွားခဲ့သော ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား အောက်မေ့ဖွယ် ဂါရဝပြု ဆုတောင်းခြင်း နှင့် အလေးပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိန် ဝင်း(အငြိမ်းစား) နှင့် တပ်မတော်အား ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့သည်။
ထို့ပြင် အခမ်းအနား၌ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့သော သူရဲကောင်းစစ်သည်များအား ရည်စူး၍ ဝမ်းနည်း ခြင်းအထိမ်းအမှတ် (၂)မိနစ်ငြိမ်သက်ခြင်း၊ ကောင်းမွန်ရာဘုံဘဝရောက်ရှိစေရန် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်း ရေးရရှိစေရန်ရည်မှန်း၍ ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျဆုံးစစ်သည်များအား ရည်စူး၍ သံဃာတော်များကို အရုတ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကာ ရေစက်ချအမျှ ဝေးခြင်းတို့ကို ပုဗ္ဗသီရိမြို့နယ်ရှိ သဒ္ဓါရုံကျောင်းတိုက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ ပြီး နှစ်ဖက်ကြားတွင်လည်း ထိခိုက်ကျဆုံးမှုများ ရှိနေသည်။

Zawgyi Version;
က်ဆုံးခဲ့ေသာ စစ္သည္မ်ားအတြက္ ဒႆမအႀကိမ္ေျမာက္ ဂါရဝျပဳဆုေတာင္းပြဲ ႏွင့္ အေလးျပဳျခင္းအခမ္းအနား ေနျပည္ေတာ္၌ ျပဳလုပ္
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၃
က်ဆုံးခဲ့ေသာစစ္သည္မ်ားအတြက္ ဒႆမႀကိမ္ေျမာက္ ေအာက္ေမ့ဖြယ္ဂါရဝျပဳဆုေတာင္းပြဲ ႏွင့္ အေလးျပဳျခင္း အခမ္းအနားကို ေနျပည္ေတာ္၌ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားကို ယေန႔(ဒီဇင္ဘာ ၃ ရက္) နံနက္ပိုင္းတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိ ၿမိဳ႕နယ္ရွိ သူရဲေကာင္းဗိမာန္(ေနျပည္ေတာ္)၌ က်င္းပခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။
ႏိုင္ငံေတာ္လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးအတြက္ တိုင္းျပည္တာဝန္ ထမ္းေဆာင္စဥ္ အသက္ေပးက်ဆုံးသြားခဲ့ေသာ ေခတ္အဆက္ဆက္မွ က်ဆုံးစစ္သည္မ်ားအား ေအာက္ေမ့ဖြယ္ ဂါရဝျပဳ ဆုေတာင္းျခင္း ႏွင့္ အေလးျပဳျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ယင္းအခမ္းအနားသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေတဇေက်ာ္၊ စစ္ေရးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးမင္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းဗဟိုအမႈေဆာင္အဖြဲ႕ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္ ဝင္း(အၿငိမ္းစား) ႏွင့္ တပ္မေတာ္အား ခ်စ္ျမတ္ႏိုးသူမ်ား တက္ေရာက္ခဲ့သည္။
ထို႔ျပင္ အခမ္းအနား၌ တိုင္းျပည္အတြက္ အသက္ေပးလႉခဲ့ေသာ သူရဲေကာင္းစစ္သည္မ်ားအား ရည္စူး၍ ဝမ္းနည္း ျခင္းအထိမ္းအမွတ္ (၂)မိနစ္ၿငိမ္သက္ျခင္း၊ ေကာင္းမြန္ရာဘုံဘဝေရာက္ရွိေစရန္ မိုးပ်ံပူေဖာင္းမ်ား လႊတ္တင္ျခင္း၊ ထာဝရၿငိမ္းခ်မ္း ေရးရရွိေစရန္ရည္မွန္း၍ ခ်ိဳးျဖဴငွက္မ်ား လႊတ္ျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
က်ဆုံးစစ္သည္မ်ားအား ရည္စူး၍ သံဃာေတာ္မ်ားကို အ႐ုတ္ဆြမ္းႏွင့္ လႉဖြယ္ဝတၳဳပစၥည္းမ်ား လႉဒါန္းကာ ေရစက္ခ်အမွ် ေဝးျခင္းတို႔ကို ပုဗၺသီရိၿမိဳ႕နယ္ရွိ သဒၶါ႐ုံေက်ာင္းတိုက္၌ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ႏိုင္ငံအတြင္း၌ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိ ၿပီး ႏွစ္ဖက္ၾကားတြင္လည္း ထိခိုက္က်ဆုံးမႈမ်ား ရွိေနသည္။