သုဝဏ္ဏနယ်မြေ ရဲစခန်းအနီး အသံဗုံးပေါက်ကွဲမှုဖြစ်ပွား

 2158

Pearl (NP News) - ဒီဇင်ဘာ ၅

သုဝဏ္ဏနယ်မြေရဲစခန်းအနီး အသံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၅ ရက်)၊ နံနက် (၇)နာရီခွဲခန့်တွင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၊ (၂၅)ရပ်ကွက်၊ သံသုမာလမ်းမပေါ်ရှိ သုဝဏ္ဏနယ်မြေရဲစခန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရဲစခန်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားသော နေရာမှ PVC ပိုက်အပိုင်းအစ (၄)ခုတွေ့ရှိခဲ့ပြီး လက်လုပ် အသံဗုံးပေါက်ကွဲခြင်းသာ ဖြစ်ကြောင်း သိရသည်။

"သုဝဏ္ဏရဲစခန်းမှာ ဗုံးနှစ်လုံးပေါက်တယ်။ ရဲစခန်းအနောက်လို့ကြားပါတယ်။ မနက် ၇နာရီလောက်ကပါ။ အသံဗုံးလို့ ပြောပါတယ်"ဟု သုဝဏ္ဏမြို့တွင် နေထိုင်သူတစ်ဦးက NP News ကို ပြောသည်။

‌ပေါက်ကွဲမှုကြောင့် လူ နှင့် ပစ္စည်း ထိခိုက်မှုမရှိကြောင်းသိရပြီး လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ(၂)ရက်တွင်လည်း ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာ၊ မြသိန်းတန် ဘုန်းကြီးကျောင်းအနီးရှိ လုံခြုံရေးစခန်းကို PDF အဖွဲ့က Drop ဗုံးဖြင့် ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားထားသည်။

အလားတူ ပြီးခဲ့သော နိုဝင်ဘာလကုန်ပိုင်းတွင်လည်း ခရမ်းမြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းအချို့ကို PDF အဖွဲ့က လာရောက်ပစ်ခတ်၍ ထွက်ပြေးသည့် ဖြစ်စဉ်များဖြစ်ပွားဖူးသည်။

zawgyi version
သုဝဏၰနယ္ေျမ ရဲစခန္းအနီး အသံဗုံးေပါက္ကြဲမႈျဖစ္ပြား

Pearl (NP News) - ဒီဇင္ဘာ ၅

သုဝဏၰနယ္ေျမရဲစခန္းအနီး အသံဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူ တစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယေန႔ (ဒီဇင္ဘာလ ၅ ရက္)၊ နံနက္ (၇)နာရီခြဲခန႔္တြင္ ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰ ၊ (၂၅)ရပ္ကြက္၊ သံသုမာလမ္းမေပၚရွိ သုဝဏၰနယ္ေျမရဲစခန္းအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါ ရဲစခန္းအနီးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ရွင္းလင္းခဲ့ရာ ေပါက္ကြဲမႈျဖစ္ပြားေသာ ေနရာမွ PVC ပိုက္အပိုင္းအစ (၄)ခုေတြ႕ရွိခဲ့ၿပီး လက္လုပ္ အသံဗုံးေပါက္ကြဲျခင္းသာ ျဖစ္ေၾကာင္း သိရသည္။

"သုဝဏၰရဲစခန္းမွာ ဗုံးႏွစ္လုံးေပါက္တယ္။ ရဲစခန္းအေနာက္လို႔ၾကားပါတယ္။ မနက္ ၇နာရီေလာက္ကပါ။ အသံဗုံးလို႔ ေျပာပါတယ္"ဟု သုဝဏၰၿမိဳ႕တြင္ ေနထိုင္သူတစ္ဦးက NP News ကို ေျပာသည္။

‌ေပါက္ကြဲမႈေၾကာင့္ လူ ႏွင့္ ပစၥည္း ထိခိုက္မႈမရွိေၾကာင္းသိရၿပီး လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂)ရက္တြင္လည္း ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္၊ ဘုရားပ်ိဳေက်း႐ြာ၊ ျမသိန္းတန္ ဘုန္းႀကီးေက်ာင္းအနီးရွိ လုံၿခဳံေရးစခန္းကို PDF အဖြဲ႕က Drop ဗုံးျဖင့္ ပစ္ခတ္မႈျဖစ္စဥ္ ျဖစ္ပြားထားသည္။

အလားတူ ၿပီးခဲ့ေသာ ႏိုဝင္ဘာလကုန္ပိုင္းတြင္လည္း ခရမ္းၿမိဳ႕နယ္အတြင္းရွိ လုံၿခဳံေရးစခန္းအခ်ိဳ႕ကို PDF အဖြဲ႕က လာေရာက္ပစ္ခတ္၍ ထြက္ေျပးသည့္ ျဖစ္စဥ္မ်ားျဖစ္ပြားဖူးသည္။

Related news

© 2021. All rights reserved.