အင်တာနက်လိုင်း ချို့ယွင်းမှုများကြောင့်ကိုယ်စားလှယ်လောင်း(၆၀)ဦးကို အမည်စာရင်း ထုတ်ပြန်ပြီး နောက်ပိုင်းမှလက်ခံရရှိခဲ့ကြောင်း UEC ထုတ်ပြန်

 419

သက်ပိုင်(NP News)- စက်တင်ဘာ ၃၀
အင်တာနက်လိုင်း ချို့ယွင်းမှုများကြောင့်ကိုယ်စားလှယ်လောင်း(၆၀)ဦးကို ကနဦးအမည်စာရင်း ထုတ်ပြန်ပြီး နောက်ပိုင်းမှ လက်ခံရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
UEC အနေဖြင့်သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများသို့ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းမှုနှင့်စပ်လျဉ်း၍ စက်တင်ဘာလ (၈) ရက်မှ စတင်လက်ခံခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် စက်တင်ဘာ (၂၂) ရက်အထိ တင်သွင်းမှုများ ပေးပို့လာမှုအပေါ် ကနဦးသတင်းထုတ်ပြန်နိုင်ရန် ဆောလျင်စွာ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့နောက် ယင်းနေ့ သတ်မှတ်ချိန်ကုန်ဆုံးသည်အထိ တင်သွင်းလာသည့် အမည်စာရင်း တင်သွင်းလွှာများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက UEC Cloud အသုံးပြု၍ ကော်မရှင်ရုံးသို့ ပေးပို့ရာတွင် အင်တာနက်လိုင်း ချို့ယွင်းမှုများကြောင့် လွှတ်တော် (၃) ရပ်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြည်‌‌ထောင်စု‌ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း (၃၀) ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ (၁၀) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၄) ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၆) ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ (၂) ဦး၊ ပြည်သူ့ပါတီမှ (၁) ဦး၊ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ (၅၁) ပါတီမှ (၆) ဦးနှင့် တစ်သီးပုဂ္ဂလ (၁) ဦးတို့၏ အမည်စာရင်းအား ကနဦး သတင်းထုတ်ပြန်ပြီး နောက်ပိုင်းမှ လက်ခံရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမှုများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၀၄၈) ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ (၇၀၄) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၆၇၆) ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ (၄၃၄) ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ (၅၈၆) ဦး၊ ပြည်သူ့ပါတီမှ (၅၁၃) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီ (၅၁) ပါတီမှ (၉၆၆) ဦး နှင့် တစ်သီးပုဂ္ဂလ (၉၆) ဦး စုစုပေါင်း (၅၀၂၃) ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
UEC အနေဖြင့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းလုပ်ငန်းကို အောက်တိုဘာ (၄) ရက် အထိ အမည်စာရင်းတင်သွင်းခဲ့သည့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
အင္တာနက္လိုင္း ခ်ိဳ႕ယြင္းမႈမ်ားေၾကာင့္ကိုယ္စားလွယ္ေလာင္း(၆၀)ဦးကို အမည္စာရင္း ထုတ္ျပန္ၿပီး ေနာက္ပိုင္းမွလက္ခံရရွိခဲ့ေၾကာင္း UEC ထုတ္ျပန္
သက္ပိုင္(NP News)- စက္တင္ဘာ ၃၀
အင္တာနက္လိုင္း ခ်ိဳ႕ယြင္းမႈမ်ားေၾကာင့္ကိုယ္စားလွယ္ေလာင္း(၆၀)ဦးကို ကနဦးအမည္စာရင္း ထုတ္ျပန္ၿပီး ေနာက္ပိုင္းမွ လက္ခံရရွိခဲ့ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC)၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
UEC အေနျဖင့္သက္ဆိုင္ရာ ေကာ္မရွင္အဖြဲ႕ခြဲမ်ားသို႔ ႏိုင္ငံေရးပါတီမ်ားႏွင့္ တစ္သီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ အမည္စာရင္းတင္သြင္းမႈႏွင့္စပ္လ်ဥ္း၍ စက္တင္ဘာလ (၈) ရက္မွ စတင္လက္ခံခဲ့ၿပီး ေနာက္ဆုံးသတ္မွတ္ရက္ျဖစ္သည့္ စက္တင္ဘာ (၂၂) ရက္အထိ တင္သြင္းမႈမ်ား ေပးပို႔လာမႈအေပၚ ကနဦးသတင္းထုတ္ျပန္ႏိုင္ရန္ ေဆာလ်င္စြာ ေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထို႔ေနာက္ ယင္းေန႔ သတ္မွတ္ခ်ိန္ကုန္ဆုံးသည္အထိ တင္သြင္းလာသည့္ အမည္စာရင္း တင္သြင္းလႊာမ်ားကို သက္ဆိုင္ရာေကာ္မရွင္အဖြဲ႕ခြဲမ်ားက UEC Cloud အသုံးျပဳ၍ ေကာ္မရွင္႐ုံးသို႔ ေပးပို႔ရာတြင္ အင္တာနက္လိုင္း ခ်ိဳ႕ယြင္းမႈမ်ားေၾကာင့္ လႊတ္ေတာ္ (၃) ရပ္တြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကမည့္ ျပည္‌‌ေထာင္စု‌ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ကိုယ္စားလွယ္ေလာင္း (၃၀) ဦး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီမွ (၁၀) ဦး၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ (၄) ဦး၊ ျမန္မာႏိုင္ငံ ေတာင္သူလယ္သမားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီမွ (၆) ဦး၊ ရွမ္းႏွင့္တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (က်ားျဖဴပါတီ) မွ (၂) ဦး၊ ျပည္သူ႔ပါတီမွ (၁) ဦး၊ တိုင္းေဒသႀကီး/ျပည္နယ္တစ္ခုအတြင္း စည္း႐ုံးမည့္ ႏိုင္ငံေရးပါတီ (၅၁) ပါတီမွ (၆) ဦးႏွင့္ တစ္သီးပုဂၢလ (၁) ဦးတို႔၏ အမည္စာရင္းအား ကနဦး သတင္းထုတ္ျပန္ၿပီး ေနာက္ပိုင္းမွ လက္ခံရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ပါတီအလိုက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအမည္စာရင္း တင္သြင္းမႈမ်ားမွာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ (၁၀၄၈) ဦး၊ တိုင္းရင္းသားစည္းလုံး ညီၫြတ္ေရးပါတီမွ (၇၀၄) ဦး၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ (၆၇၆) ဦး၊ ျမန္မာႏိုင္ငံေတာင္သူလယ္သမား ဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီမွ (၄၃၄) ဦး၊ ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ (က်ားျဖဴပါတီ) မွ (၅၈၆) ဦး၊ ျပည္သူ႔ပါတီမွ (၅၁၃) ဦး၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တစ္ခုအတြင္း စည္း႐ုံးမည့္ ပါတီ (၅၁) ပါတီမွ (၉၆၆) ဦး ႏွင့္ တစ္သီးပုဂၢလ (၉၆) ဦး စုစုေပါင္း (၅၀၂၃) ဦး ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
UEC အေနျဖင့္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား စိစစ္ျခင္းလုပ္ငန္းကို ေအာက္တိုဘာ (၄) ရက္ အထိ အမည္စာရင္းတင္သြင္းခဲ့သည့္ သက္ဆိုင္ရာေကာ္မရွင္အဖြဲ႕ခြဲအသီးသီးတြင္ စိစစ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Picture

jetjet nevercry

30/09/2025 15:22

နိုင်ငံ နှင့် ဆိုင် တဲ့ ကိစ္စ တွေ မှာ ဆင်ခြေ မပေး ပါနဲ့ ။ အထူး သတိ ထား ပြီး လုပ် ပါ ။

Related news

© 2021. All rights reserved.