ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မဲစာရင်းပြုစုရာတွင် အမှားအယွင်း မရှိရန်လို

239

သန့်ဇင် (NP News) - အောက်တိုဘာ ၂၈
ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မဲစာရင်းများ ပြုစုရာတွင် အမှားအယွင်း မရှိစေရေး၊ မဲမသမာမှုများမရှိစေရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၂၈ ရက်က နေပြည်တော်တွင်ကျင်းပခဲ့သော ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နည်းလမ်းမျိုးစုံဖြင့် မဲမသမာမှုများပြုလုပ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ယူခဲ့ရသည့်အစိုးရတစ်ရပ် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်မှုမရှိစေရေး Myanmar Electronic Voting Machine (MEVM) ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
(MEVM) စက်များသည် မဲမသမာမှု မည်ကဲ့သို့မျှ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
မှန်ကန်သည့် ရွေးကောက်ပွဲ၊ မဲမသမာမှုမရှိသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး မဲစာရင်းများ မှန်ကန်မှုရှိရေးသည် အဓိကကျကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
ထို့ကြောင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မဲစာရင်းများ ပြုစုရာတွင် အမှား အယွင်းမရှိစေရေး၊ မဲမသမာမှုများမရှိစေရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ယနေ့မှစ၍ မဲဆွယ်စည်းရုံးမှု ကာလစတင်မည်ဖြစ်ပြီး ပါတီများအလိုက် မဲဆွယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ကြတော့မည်ဖြစ်ကြောင်း နှင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးပြီး တည်ငြိမ်သည့်အစိုးရတစ်ရပ်ထွက်ပေါ်လာစေရေး မျှော်မှန်းဆောင်ရွက်ပေးသွားရ မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Zawygi Version:
ဝန္ႀကီးဌာနမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္ မဲစာရင္းျပဳစုရာတြင္ အမွားအယြင္း မရွိရန္လို
သန္႔ဇင္ (NP News) - ေအာက္တိုဘာ ၂၈
ဝန္ႀကီးဌာနမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္ မဲစာရင္းမ်ား ျပဳစုရာတြင္ အမွားအယြင္း မရွိေစေရး၊ မဲမသမာမႈမ်ားမရွိေစေရး အေလးထားေဆာင္႐ြက္သြားရန္လိုေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေအာက္တိုဘာ ၂၈ ရက္က ေနျပည္ေတာ္တြင္က်င္းပခဲ့ေသာ ျပည္ေထာင္စု ဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းေဒသႀကီး/ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး တြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ နည္းလမ္းမ်ိဳးစုံျဖင့္ မဲမသမာမႈမ်ားျပဳလုပ္ခဲ့ျခင္းေၾကာင့္ မိမိတို႔အေနျဖင့္ ႏိုင္ငံေတာ္၏ တာဝန္မ်ားကို ယူခဲ့ရသည့္အစိုးရတစ္ရပ္ ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္ လာမည့္ေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈမ်ားျဖစ္ေပၚမႈမရွိေစေရး Myanmar Electronic Voting Machine (MEVM) ကို အသုံးျပဳေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
(MEVM) စက္မ်ားသည္ မဲမသမာမႈ မည္ကဲ့သို႔မွ် ေဆာင္႐ြက္ႏိုင္မည္မဟုတ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
မွန္ကန္သည့္ ေ႐ြးေကာက္ပြဲ၊ မဲမသမာမႈမရွိသည့္ ေ႐ြးေကာက္ပြဲ၊ သိကၡာရွိသည့္ ေ႐ြးေကာက္ပြဲျဖစ္ေစေရး မဲစာရင္းမ်ား မွန္ကန္မႈရွိေရးသည္ အဓိကက်ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကဆိုသည္။
ထို႔ေၾကာင့္ ဝန္ႀကီးဌာနမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္ မဲစာရင္းမ်ား ျပဳစုရာတြင္ အမွား အယြင္းမရွိေစေရး၊ မဲမသမာမႈမ်ားမရွိေစေရး အေလးထားေဆာင္႐ြက္သြားရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။ ယေန႔မွစ၍ မဲဆြယ္စည္း႐ုံးမႈ ကာလစတင္မည္ျဖစ္ၿပီး ပါတီမ်ားအလိုက္ မဲဆြယ္ျခင္းလုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ၾကေတာ့မည္ျဖစ္ေၾကာင္း ႏွင့္ မိမိတို႔အေနျဖင့္ ေ႐ြးေကာက္ပြဲကို ေအာင္ျမင္စြာက်င္းပၿပီးစီးၿပီး တည္ၿငိမ္သည့္အစိုးရတစ္ရပ္ထြက္ေပၚလာေစေရး ေမွ်ာ္မွန္းေဆာင္႐ြက္ေပးသြားရ မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။