ထိုင်းနိုင်ငံအနောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး မြန်မာနိုင်ငံသား အနည်းငယ် အပါအဝင် အနည်းဆုံး လူ(၁၄)ဦး သေဆုံးကာ အခြားလူ(၃ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိ

 473

Pika (NP News) - ဒီဇင်ဘာ ၅

ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် ဒီဇင်ဘာလ(၅)ရက် အစောပိုင်းက ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ရာ အနည်းဆုံး လူ(၁၄)ဦး သေဆုံးခဲ့ပြီး အခြားလူ(၃ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါဘတ်စ်ကားသည် ဘန်ကောက်မြို့မှ ဆောင်ခလာပြည်နယ်သို့ သွားလာနေခြင်းဖြစ်ပြီး Prachuap Khiri Khan ပြည်နယ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။ ခရီးသည်(၄၉)ဦး တင်ဆောင် လာသော ဘတ်စ်ကားသည် လမ်းမပေါ်မှ ဘေးသို့ချော်ကျကာ Hat Wanakorn အမျိုးသားပန်းခြံအနီးရှိ သစ်ပင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Prachuap Khiri Khan ပြည်နယ်သည် ထိုင်းပင်လယ်ကွေ့နှင့် မြန်မာနိုင်ငံကြားရှိ ကမ်းရိုးတန်းမျဉ်းပေါ်တွင် တည်ရှိကြောင်းလည်းသိရသည်။ Huay Yang ရဲစခန်းမှ ရဲမှူးကြီး Weerapat Ketesa က "ဘတ်စ်ကားယာဉ်မောင်း ဟာ အိပ်ပျော်သွားပုံပေါ်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒီမတော်တဆမှုကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဘတ်စ်ကားယာဉ်မောင်းရဲ့သွေးစစ်ချက်ရလဒ်ကို တာဝန်ရှိသူတွေက ဆက်လက်စောင့်ဆိုင်းနေပါတယ်" ဟု ပြောခဲ့သည်။

အဆိုပါမတော်တဆမှုဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို ရဲတပ်ဖွဲ့ဝင်များက ဆက်လက်စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း Weerapat Ketesa က ပြောကြားခဲ့သည်။ မတော်တဆမှုအတွင်း သေဆုံး/ဒဏ်ရာရရှိသူ အများစုမှာ ထိုင်းနိုင်ငံသားများဖြစ်ပြီး အနည်းငယ်မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ(၃၅)ဦးကို ဒေသဆိုင်ရာဆေးရုံများတွင် ဆေးကုသမှုများ ဆက်လက်လုပ်ဆောင်ပေးနေကြောင်း Sawang Rungrueang Rescue ဖောင်ဒေးရှင်း၏ ပြောကြားချက်အရ သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံအေနာက္ပိုင္းတြင္ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္ခဲ့ၿပီး ျမန္မာႏိုင္ငံသား အနည္းငယ္ အပါအဝင္ အနည္းဆုံး လူ(၁၄)ဦး ေသဆုံးကာ အျခားလူ(၃ဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိ
Pika (NP News) - ဒီဇင္ဘာ ၅

ထိုင္းႏိုင္ငံ အေနာက္ပိုင္းတြင္ ဒီဇင္ဘာလ(၅)ရက္ အေစာပိုင္းက ဘတ္စ္ကားတစ္စီးတိမ္းေမွာက္ခဲ့ရာ အနည္းဆုံး လူ(၁၄)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၃ဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

အဆိုပါဘတ္စ္ကားသည္ ဘန္ေကာက္ၿမိဳ႕မွ ေဆာင္ခလာျပည္နယ္သို႔ သြားလာေနျခင္းျဖစ္ၿပီး Prachuap Khiri Khan ျပည္နယ္တြင္ တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာခဲ့သည္။ ခရီးသည္(၄၉)ဦး တင္ေဆာင္ လာေသာ ဘတ္စ္ကားသည္ လမ္းမေပၚမွ ေဘးသို႔ေခ်ာ္က်ကာ Hat Wanakorn အမ်ိဳးသားပန္းၿခံအနီးရွိ သစ္ပင္ကို ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း ေဒသဆိုင္ရာရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

Prachuap Khiri Khan ျပည္နယ္သည္ ထိုင္းပင္လယ္ေကြ႕ႏွင့္ ျမန္မာႏိုင္ငံၾကားရွိ ကမ္း႐ိုးတန္းမ်ဥ္းေပၚတြင္ တည္ရွိေၾကာင္းလည္းသိရသည္။ Huay Yang ရဲစခန္းမွ ရဲမႉးႀကီး Weerapat Ketesa က "ဘတ္စ္ကားယာဥ္ေမာင္း ဟာ အိပ္ေပ်ာ္သြားပုံေပၚတယ္လို႔ ကြၽန္ေတာ္တို႔ ထင္ပါတယ္။ ဒီမေတာ္တဆမႈကေန အသက္ရွင္လြတ္ေျမာက္ခဲ့တဲ့ ဘတ္စ္ကားယာဥ္ေမာင္းရဲ႕ေသြးစစ္ခ်က္ရလဒ္ကို တာဝန္ရွိသူေတြက ဆက္လက္ေစာင့္ဆိုင္းေနပါတယ္" ဟု ေျပာခဲ့သည္။

အဆိုပါမေတာ္တဆမႈဘာေၾကာင့္ျဖစ္ပြားရသည္ဆိုသည့္အခ်က္ကို ရဲတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္စုံစမ္း စစ္ေဆးေနဆဲျဖစ္ေၾကာင္း Weerapat Ketesa က ေျပာၾကားခဲ့သည္။ မေတာ္တဆမႈအတြင္း ေသဆုံး/ဒဏ္ရာရရွိသူ အမ်ားစုမွာ ထိုင္းႏိုင္ငံသားမ်ားျဖစ္ၿပီး အနည္းငယ္မွာ ျမန္မာႏိုင္ငံသားမ်ားျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ သည္။

ထို႔အျပင္ ထိခိုက္ဒဏ္ရာရရွိသူ(၃၅)ဦးကို ေဒသဆိုင္ရာေဆး႐ုံမ်ားတြင္ ေဆးကုသမႈမ်ား ဆက္လက္လုပ္ေဆာင္ေပးေနေၾကာင္း Sawang Rungrueang Rescue ေဖာင္ေဒးရွင္း၏ ေျပာၾကားခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.