မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့မှု မိုးညှင်းမြို့၌ဖြစ်ပွားခဲ့

684
ကျော် (NP News) - ဒီဇင်ဘာ ၆
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ မြို့ရှောင်လမ်းပေါ်၌ ယနေ့ (ဒီဇင်ဘာလ ၆ ရက်)၊ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

ယနေ့၊ နံနက် ၉ နာရီခန့်က မိုးညှင်းမြို့၊ မိုးညှင်းတက္ကသိုလ်အနီး မြို့ရှောင်လမ်းပေါ်တွင် အမျိုးသမီးတစ်ဦးနှင့်၎င်း၏သား(၃)ဦးတို့ လမ်းလျှောက်နေ စဥ် မိုင်းပေါက်ကွဲခဲ့ကြောင်း သိရသည်။
"သူတို့ သားအမိလေးယောက်လမ်းလျှောက်နေတုန်းပေါက်ကွဲသွားတာ။ ပေါက်ကွဲတဲ့အသံအကျယ်ကြီးပဲ ကလေးနှစ်ယောက်ဆိုရင် ထိထားတာမြင်မကောင်းဘူး။ သူတို့ရဲ့အမေနဲ့နောက်ထပ်ကလေးအငယ်ဆုံးတစ်ယောက်ကလွတ်တယ်"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဥ်တွင် အသက်(၆)နှစ်အရွယ်ရှိ ကလေးငယ်သည် ဝမ်းဗိုက်ပေါက်ထွက်သွားသဖြင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက မိုညှင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် သေဆုံးသူကလေးငယ်၏ အစ်ကိုဖြစ်သူတွင်လည်း မိုင်းစများထိမှန်မှုကြောင့် ခြေထောက်ကျိုးကာ မျက်နှာတွင်လည်း ဒဏ်ရာများရရှိထားသဖြင့် လူမှုကူညီရေးအသင်းဝင်များက မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သဖြင့် မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ကူညီပေးလျက်ရှိကြောင်း သိရသည်။
zawgyi version
မိုင္းေပါက္ကြဲမႈေၾကာင့္ ကေလးငယ္တစ္ဦးေသဆုံးကာ တစ္ဦးျပင္းထန္ဒဏ္ရာရရွိခဲ့မႈ မိုးညႇင္းၿမိဳ႕၌ျဖစ္ပြားခဲ့
ေက်ာ္ (NP News) - ဒီဇင္ဘာ ၆
ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕ရွိ ၿမိဳ႕ေရွာင္လမ္းေပၚ၌ ယေန႔ (ဒီဇင္ဘာလ ၆ ရက္)၊ နံနက္ပိုင္းက မိုင္းေပါက္ကြဲမႈျဖစ္ပြားကာ ကေလးငယ္တစ္ဦးေသဆုံးၿပီး တစ္ဦးျပင္းထန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းဝင္မ်ားထံမွ သိရသည္။
ယေန႔၊ နံနက္ ၉ နာရီခန္႔က မိုးညႇင္းၿမိဳ႕၊ မိုးညႇင္းတကၠသိုလ္အနီး ၿမိဳ႕ေရွာင္လမ္းေပၚတြင္ အမ်ိဳးသမီးတစ္ဦးႏွင့္၎၏သား(၃)ဦးတို႔ လမ္းေလွ်ာက္ေန စဥ္ မိုင္းေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
"သူတို႔ သားအမိေလးေယာက္လမ္းေလွ်ာက္ေနတုန္းေပါက္ကြဲသြားတာ။ ေပါက္ကြဲတဲ့အသံအက်ယ္ႀကီးပဲ ကေလးႏွစ္ေယာက္ဆိုရင္ ထိထားတာျမင္မေကာင္းဘူး။ သူတို႔ရဲ႕အေမနဲ႔ေနာက္ထပ္ကေလးအငယ္ဆုံးတစ္ေယာက္ကလြတ္တယ္"ဟု ေဒသခံလူမႈကူညီေရးအသင္းဝင္တစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္တြင္ အသက္(၆)ႏွစ္အ႐ြယ္ရွိ ကေလးငယ္သည္ ဝမ္းဗိုက္ေပါက္ထြက္သြားသျဖင့္ ေဒသခံလူမႈကူညီေရးအသင္းဝင္မ်ားက မိုညႇင္းျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္စဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေသဆုံးသူကေလးငယ္၏ အစ္ကိုျဖစ္သူတြင္လည္း မိုင္းစမ်ားထိမွန္မႈေၾကာင့္ ေျခေထာက္က်ိဳးကာ မ်က္ႏွာတြင္လည္း ဒဏ္ရာမ်ားရရွိထားသျဖင့္ လူမႈကူညီေရးအသင္းဝင္မ်ားက မိုးညႇင္းျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၾကၿပီး အေရးေပၚေဆးကုသမႈခံယူရန္လိုအပ္သျဖင့္ ျမစ္ႀကီးနားၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ထပ္မံပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။
ျဖစ္စဥ္အား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိၿပီး ထိခိုက္ဒဏ္ရာရသူမ်ားကိုလည္း ကူညီေပးလ်က္ရွိေၾကာင္း သိရသည္။