ဘားအံမြို့နယ်တွင် အမျိုးသားတစ်ဦး ငါးကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား

 451

သန့်ဇင် (NP News) - ဒီဇင်ဘာ ၇

မွန်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အမျိုးသားတစ်ဦး ငါးကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၆ ရက်)၊ ည ၆ နာရီခန့်က ဘားအံမြို့နယ်၊ ဖားပုကျေးရွာ၊ ဘုရားလေးစေတီဘေးရှိ ငါးကန်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရေနစ်တဲ့ အမျိုးသားက အဲဒီငါးကန်ထဲမှ ရေဆင်းကူးရင်းနဲ့ နစ်တာပါ။ သူက အရက်တော့နည်းနည်းမူးနေတယ်ထင်တယ်။ Dead Body ကိုမိနစ်(၃၀)လောက်ရှာခဲ့ရတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါရေနစ်သေဆုံးသူအမျိုးသားသည် ဖားပုကျေးရွာတွင်နေထိုင်သည့် အသက်(၄၀)နှစ်ရှိ အမျိုသားတစ်ဦးဖြစ်ပြီး ကရင်ပြည်နယ် ရေငုပ်ရှာဖွေ ရေးအဖွဲ့မှ ရေငုပ်ရှာဖွေ့ခဲ့ကြသဖြင့် ည ၉ နာရီခွဲအချိန်တွင် ရုပ်အလောင်းအား ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား ဒေသခံလူမှုကူညီရေးအသင်းမှ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

zawgyi version
ဘားအံၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး ငါးကန္အတြင္း ေရဆင္းကူးရာမွ ေရနစ္ေသဆုံးမႈျဖစ္ပြား

သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၇

မြန္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး ငါးကန္အတြင္း ေရဆင္းကူးရာမွ ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ကရင္ျပည္နယ္)ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာလ ၆ ရက္)၊ ည ၆ နာရီခန႔္က ဘားအံၿမိဳ႕နယ္၊ ဖားပုေက်း႐ြာ၊ ဘုရားေလးေစတီေဘးရွိ ငါးကန္အတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရနစ္တဲ့ အမ်ိဳးသားက အဲဒီငါးကန္ထဲမွ ေရဆင္းကူးရင္းနဲ႔ နစ္တာပါ။ သူက အရက္ေတာ့နည္းနည္းမူးေနတယ္ထင္တယ္။ Dead Body ကိုမိနစ္(၃၀)ေလာက္ရွာခဲ့ရတယ္”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ကရင္ျပည္နယ္)မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါေရနစ္ေသဆုံးသူအမ်ိဳးသားသည္ ဖားပုေက်း႐ြာတြင္ေနထိုင္သည့္ အသက္(၄၀)ႏွစ္ရွိ အမ်ိဳသားတစ္ဦးျဖစ္ၿပီး ကရင္ျပည္နယ္ ေရငုပ္ရွာေဖြ ေရးအဖြဲ႕မွ ေရငုပ္ရွာေဖြ႕ခဲ့ၾကသျဖင့္ ည ၉ နာရီခြဲအခ်ိန္တြင္ ႐ုပ္အေလာင္းအား ျပန္လည္ဆယ္ယူႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းအား ေဒသခံလူမႈကူညီေရးအသင္းမွ ဘားအံၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.