တစ်လကျော်ကာလအတွင်း နစကမှ တရုတ်နိုင်ငံသား (၁၁၀၀၀) ကျော်ကို တရုတ်အစိုးရထံလွှဲပြောင်းပေးခဲ့

 565

ယွန်း (NP News) - ဒီဇင်ဘာ ၇

တစ်လကျော်ကာလအတွင်း နစကမှ တရုတ်နိုင်ငံသား(၁၁၀၀၀)ကျော်ကို တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။

နစကမှ ဒီဇင်ဘာလ(၆)ရက်၊ ညပိုင်းတွင်အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

နစကမှ နယ်စပ်ဒေသမှတစ်ဆင့် ပြည်တွင်း၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသားများ ပြန်လည်လွှဲပြောင်းမှုကို အောက်တိုဘာ လ(၃၁)ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့လွှဲပြောင်းမှုများဆောင်ရွက်လျက်ရှိရာ ယမန်နေ့(ဒီဇင်ဘာလ ၆ ရက်) တွင်လည်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား(၆၈)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း (၇၇)ဦးကို ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အောက်တိုဘာလ(၃၁)ရက်မှ ဒီဇင်ဘာ(၆)ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား(၁၀၀၃၀) အပါအဝင် အမျိုးသမီး(၁၂၃၀)ဦး စုစုပေါင်း (၁၁၂၆၀)ဦးကို ဖော်ထုတ်ခဲ့ပြီး တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း နစကထံမှ သိရသည်။

နစကအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများကို ၎င်းတို့နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်‌ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရေးအပြင် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုနှင့်အွန်လိုင်းလိမ်လည်မှုများ အမြစ်ပြတ်တိုက်ဖျက်သွားရေးအတွက် နှစ်ဖက်တရား ဥပဒေစိုးမိုးရေးအဖွဲ့များအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကို မြန်မာ-တရုတ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ဒီဇင်ဘာလ ၆ ရက်က ဆွေးနွေးခဲ့ကြသည်။

zawgyi version
တစ္လေက်ာ္ကာလအတြင္း နစကမွ တ႐ုတ္ႏိုင္ငံသား (၁၁၀၀၀) ေက်ာ္ကို တ႐ုတ္အစိုးရထံလႊဲေျပာင္းေပးခဲ့

ယြန္း (NP News) - ဒီဇင္ဘာ ၇

တစ္လေက်ာ္ကာလအတြင္း နစကမွ တ႐ုတ္ႏိုင္ငံသား(၁၁၀၀၀)ေက်ာ္ကို တ႐ုတ္အစိုးရထံ လႊဲေျပာင္းေပးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရသိရသည္။

နစကမွ ဒီဇင္ဘာလ(၆)ရက္၊ ညပိုင္းတြင္အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

နစကမွ နယ္စပ္ေဒသမွတစ္ဆင့္ ျပည္တြင္း၌ တရားမဝင္ ဝင္ေရာက္ေနထိုင္လ်က္ရွိသည့္ တ႐ုတ္ႏိုင္ငံသားမ်ား ျပန္လည္လႊဲေျပာင္းမႈကို ေအာက္တိုဘာ လ(၃၁)ရက္မွ စတင္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔လႊဲေျပာင္းမႈမ်ားေဆာင္႐ြက္လ်က္ရွိရာ ယမန္ေန႔(ဒီဇင္ဘာလ ၆ ရက္) တြင္လည္း တရားမဝင္ ဝင္ေရာက္ေနထိုင္လ်က္ရွိသည့္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား(၆၈)ဦး၊ အမ်ိဳးသမီး(၉)ဦး စုစုေပါင္း (၇၇)ဦးကို ထပ္မံလႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေအာက္တိုဘာလ(၃၁)ရက္မွ ဒီဇင္ဘာ(၆)ရက္အထိ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား(၁၀၀၃၀) အပါအဝင္ အမ်ိဳးသမီး(၁၂၃၀)ဦး စုစုေပါင္း (၁၁၂၆၀)ဦးကို ေဖာ္ထုတ္ခဲ့ၿပီး တာဝန္ရွိသူမ်ားထံသို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း နစကထံမွ သိရသည္။

နစကအေနျဖင့္ နယ္စပ္ေဒသမ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံအတြင္း တရားမဝင္ ဝင္ေရာက္ေနထိုင္လ်က္ရွိသည့္ ျပည္ပႏိုင္ငံသားမ်ားကို ၎တို႔ႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးႏိုင္‌ေရးကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသတစ္ေလွ်ာက္ လုံၿခဳံေရးႏွင့္တည္ၿငိမ္ေအးခ်မ္းေရးကို ထိန္းသိမ္းေရးအျပင္ တရားမဝင္ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားမႈ၊ လူကုန္ကူးမႈႏွင့္အြန္လိုင္းလိမ္လည္မႈမ်ား အျမစ္ျပတ္တိုက္ဖ်က္သြားေရးအတြက္ ႏွစ္ဖက္တရား ဥပေဒစိုးမိုးေရးအဖြဲ႕မ်ားအၾကား ပိုမိုနီးကပ္စြာ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားေရးကို ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားက ဒီဇင္ဘာလ ၆ ရက္က ေဆြးေႏြးခဲ့ၾကသည္။

Related news

© 2021. All rights reserved.