အနောက်အုပ်စုဘဏ်လုပ်ငန်းများ ဩဇာလွှမ်းမိုးမှု အဆုံးသတ်တော့မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်ပြော

1297

Pika (NP News) - ဒီဇင်ဘာ ၈
အနောက်အုပ်စုနိုင်ငံများ၏ ဘဏ္ဍာရေးစနစ်သည် ပိုမိုဖွံ့ဖြိုးတိုးတက်လာသော နည်းပညာအသစ်များကြောင့် ခေတ်နောက်ကျနေပြီဖြစ်ပြီး မကြာသေးမီကာလအတွင်း ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာနေရာအနေအထားကို ဆုံးရှုံး သွားနိုင်ကြောင်း ရုရှားသမ္မတပူတင်က ဒီဇင်ဘာလ(၇)ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတကာငွေပေးချေမှုများတွင် blockchain ကဲ့သို့သော ခေတ်မီနည်းပညာဖြေရှင်းချက်များကို ပိုမို တွင်ကျယ်စွာအသုံးပြုလာကြောင်း ပူတင်က ထောက်ပြပြောဆိုခဲ့သည်။ ရုရှားနိုင်ငံ မော်စကိုမြို့တွင်ပြုလုပ်သော VTB ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပူတင်က ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။
ပူတင် က "ကျွမ်းကျင်သူတွေရဲ့အဆိုအရ နည်းပညာအသစ်တွေဟာ လာမယ့်နှစ်တွေအတွင်းမှာ အနောက်အုပ်စု ဘဏ်တွေရဲ့လက်ဝါးကြီးအုပ်ကြီးစိုးမှုတွေကို လျော့ကျသွားစေမယ့် လုပ်ငန်းစဉ်ကို ဦးတည်သွားပါလိမ့်မယ်။ လက်ရှိအချိန်မှာ တစ်ချို့ဘဏ္ဍာရေးအဖွဲ့အစည်းတွေဟာ ကောင်းမွန်တဲ့အခြေအနေမှာရှိမနေဘူးဆိုတာကို ကျွန်တော်တို့ သတိပြုမိပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဆက်ဆံရေးများသည် ပြောင်းလဲနေပြီး ဂလိုဘယ်လိုက်ဇေးရှင်းလုပ်ငန်းစဉ်၏ ယခင်ပုံစံကို ဝင်ရိုးစုံပုံစံများဖြင့် အစားထိုးထားပြီဖြစ်ကြောင်း ပူတင်က မှတ်ချက်ပြုပြောခဲ့သည်။ လက်ရှိအချိန်တွင် ခေတ်နောက်ကျနေသော ဘဏ္ဍာရေးစနစ်များသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာသော နည်းပညာအသစ်များ၏ ခြိမ်းခြောက်မှုများကို ခံနေရပြီဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထပ်မံပြောခဲ့သည်။

Zawgyi Version;
အေနာက္အုပ္စုဘဏ္လုပ္ငန္းမ်ား ဩဇာလႊမ္းမိုးမႈ အဆုံးသတ္ေတာ့မည္ျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၈
အေနာက္အုပ္စုႏိုင္ငံမ်ား၏ ဘ႑ာေရးစနစ္သည္ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေသာ နည္းပညာအသစ္မ်ားေၾကာင့္ ေခတ္ေနာက္က်ေနၿပီျဖစ္ၿပီး မၾကာေသးမီကာလအတြင္း ၎တို႔၏ ကမာၻလုံးဆိုင္ရာေနရာအေနအထားကို ဆုံးရႈံး သြားႏိုင္ေၾကာင္း ႐ုရွားသမၼတပူတင္က ဒီဇင္ဘာလ(၇)ရက္တြင္ ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
ထို႔အျပင္ ႏိုင္ငံတကာေငြေပးေခ်မႈမ်ားတြင္ blockchain ကဲ့သို႔ေသာ ေခတ္မီနည္းပညာေျဖရွင္းခ်က္မ်ားကို ပိုမို တြင္က်ယ္စြာအသုံးျပဳလာေၾကာင္း ပူတင္က ေထာက္ျပေျပာဆိုခဲ့သည္။ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕တြင္ျပဳလုပ္ေသာ VTB ရင္းႏွီးျမႇဳပ္ႏွံမႈဖိုရမ္တြင္ ပူတင္က ယခုကဲ့သို႔မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္သည္။
ပူတင္ က "ကြၽမ္းက်င္သူေတြရဲ႕အဆိုအရ နည္းပညာအသစ္ေတြဟာ လာမယ့္ႏွစ္ေတြအတြင္းမွာ အေနာက္အုပ္စု ဘဏ္ေတြရဲ႕လက္ဝါးႀကီးအုပ္ႀကီးစိုးမႈေတြကို ေလ်ာ့က်သြားေစမယ့္ လုပ္ငန္းစဥ္ကို ဦးတည္သြားပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာ တစ္ခ်ိဳ႕ဘ႑ာေရးအဖြဲ႕အစည္းေတြဟာ ေကာင္းမြန္တဲ့အေျခအေနမွာရွိမေနဘူးဆိုတာကို ကြၽန္ေတာ္တို႔ သတိျပဳမိပါတယ္" ဟု ေျပာခဲ့သည္။
ထို႔အျပင္ ကမာၻလုံးဆိုင္ရာစီးပြားေရးဆက္ဆံေရးမ်ားသည္ ေျပာင္းလဲေနၿပီး ဂလိုဘယ္လိုက္ေဇးရွင္းလုပ္ငန္းစဥ္၏ ယခင္ပုံစံကို ဝင္႐ိုးစုံပုံစံမ်ားျဖင့္ အစားထိုးထားၿပီျဖစ္ေၾကာင္း ပူတင္က မွတ္ခ်က္ျပဳေျပာခဲ့သည္။ လက္ရွိအခ်ိန္တြင္ ေခတ္ေနာက္က်ေနေသာ ဘ႑ာေရးစနစ္မ်ားသည္ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေသာ နည္းပညာအသစ္မ်ား၏ ၿခိမ္းေျခာက္မႈမ်ားကို ခံေနရၿပီျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က ထပ္မံေျပာခဲ့သည္။