ပေါင်မြို့နယ်တွင် အိမ်စီးကားက သုံးဘီးဆိုင်ကယ်နှင့် သစ်ပင်ကိုဝင်တိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ပြင်းထန်စွာဒဏ်ရာရ

706
NP News - ဒီဇင်ဘာ ၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာတွင် အိမ်စီးကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောတွင်ရပ်ထားသည့် သုံးဘီးဆိုင်ကယ်နှင့် သစ်ပင်ကိုဝင်တိုက်မိခဲ့ရာ ယာဉ်မောင်းဖြစ်သူ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်နေရာသို့ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၉ ရက်)၊ မွန်းလွဲ ၂ နာရီခန့်က ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်စီးကားက သူ့ယာဉ်ကြောကနေပြီးတော့ တစ်ဖက်ယာဉ်ကြောကို အရှိန်မထိန်းနိုင်ဘဲရောက်သွားတယ်။ နောက်ပြီး လမ်းဘေးမြေသားလမ်းပေါ်မှာရပ်ထားတဲ့ သုံးဘီးဆိုင်ကယ်ကို ဝင်တိုက်မိတယ်။ နောက်ပေ(၂၀) လောက်အကွာမှာရှိတဲ့ သစ်ပင်ကိုဝင်တိုက်ပြီး ရပ်သွားတာပါ” ဟု အခင်းဖြစ်နေရာသို့ရောက်ရှိခဲ့သူက NP News ကိုပြောသည်။
ဖြစ်စဉ်ကြောင့် အိမ်စီးကားမောင်းနှင်သူသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရသည့်အတွက် အောင်နဝှတ်လူမှုကူညီရေးအသင်းကားဖြင့် ပေါင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ ယနေ့၊ နံနက်(၁၀)နာရီခန့်ကလည်း ပေါင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာနှင့် ရင်းငြိမ်ကျေးရွာချင်းဆက် မြေသားလမ်းဘေး ရေမြောင်းအတွင်း၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုး သားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရကြောင်း ရင်းငြိမ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
သေဆုံးသူအမျိုးသားသည် ကျောက်ရေတွင်းကျေးရွာတွင်နေထိုင်သည့် မဲကြီး(၅၄)နှစ်ဖြစ်ကာ ဦးခေါင်း နှင့် လက်မောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား ရင်းငြိမ်လူမှုကူညီရေးအသင်းမှ ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေပါင္ၿမိဳ႕နယ္တြင္ အိမ္စီးကားက သုံးဘီးဆိုင္ကယ္ႏွင့္ သစ္ပင္ကိုဝင္တိုက္မႈ ေၾကာင့္ ယာဥ္ေမာင္းျဖစ္သူ ျပင္းထန္စြာဒဏ္ရာရ
NP News - ဒီဇင္ဘာ ၉
မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ဖလပ္ေက်း႐ြာတြင္ အိမ္စီးကားတစ္စီးက အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာတြင္ရပ္ထားသည့္ သုံးဘီးဆိုင္ကယ္ႏွင့္ သစ္ပင္ကိုဝင္တိုက္မိခဲ့ရာ ယာဥ္ေမာင္းျဖစ္သူ ျပင္းထန္စြာဒဏ္ရာရရွိခဲ့ေၾကာင္း အခင္းျဖစ္ေနရာသို႔ေရာက္ရွိခဲ့သူတစ္ဦးက ေျပာသည္။
ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာလ ၉ ရက္)၊ မြန္းလြဲ ၂ နာရီခန႔္က ေပါင္ၿမိဳ႕နယ္၊ ဖလပ္ေက်း႐ြာရွိ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံးအနီး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အိမ္စီးကားက သူ႔ယာဥ္ေၾကာကေနၿပီးေတာ့ တစ္ဖက္ယာဥ္ေၾကာကို အရွိန္မထိန္းႏိုင္ဘဲေရာက္သြားတယ္။ ေနာက္ၿပီး လမ္းေဘးေျမသားလမ္းေပၚမွာရပ္ထားတဲ့ သုံးဘီးဆိုင္ကယ္ကို ဝင္တိုက္မိတယ္။ ေနာက္ေပ(၂၀) ေလာက္အကြာမွာရွိတဲ့ သစ္ပင္ကိုဝင္တိုက္ၿပီး ရပ္သြားတာပါ” ဟု အခင္းျဖစ္ေနရာသို႔ေရာက္ရွိခဲ့သူက NP News ကိုေျပာသည္။
ျဖစ္စဥ္ေၾကာင့္ အိမ္စီးကားေမာင္းႏွင္သူသည္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး စိုးရိမ္ရသည့္အတြက္ ေအာင္နဝွတ္လူမႈကူညီေရးအသင္းကားျဖင့္ ေပါင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္အတူ ယေန႔၊ နံနက္(၁၀)နာရီခန႔္ကလည္း ေပါင္ၿမိဳ႕နယ္၊ ေက်ာက္ေရတြင္းေက်း႐ြာႏွင့္ ရင္းၿငိမ္ေက်း႐ြာခ်င္းဆက္ ေျမသားလမ္းေဘး ေရေျမာင္းအတြင္း၌ က်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေသာ အမ်ိဳး သားတစ္ဦး၏ ႐ုပ္အေလာင္းအား ေတြ႕ရွိခဲ့ရေၾကာင္း ရင္းၿငိမ္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ေသဆုံးသူအမ်ိဳးသားသည္ ေက်ာက္ေရတြင္းေက်း႐ြာတြင္ေနထိုင္သည့္ မဲႀကီး(၅၄)ႏွစ္ျဖစ္ကာ ဦးေခါင္း ႏွင့္ လက္ေမာင္းတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ျခင္းျဖစ္ၿပီး ၎၏႐ုပ္အေလာင္းအား ရင္းၿငိမ္လူမႈကူညီေရးအသင္းမွ ရင္းၿငိမ္တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။