ဒီဇင်ဘာလအတွက် ဈေးကွက်အတွင်း ရောင်းချရမည့် ရည်ညွန်း ဆန်ဈေးနှုန်းများကို MRF ထုတ်ပြန်

1832

စော (NP News) - ဒီဇင်ဘာ ၁ဝ
ယခု ဒီဇင်ဘာလအတွက် ဈေးကွက်အတွင်း ရောင်းချရမည့် ရည်ညွန်း ဆန်ဈေးနှုန်းများကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် (MRF)က ယနေ့ (ဒီဇင်ဘာ ၁ဝ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၏ အသင်းဝင်များ၊ ပြည်ပတင်ပို့သည့် Exporter များ နှင့် ဆန်စပါးကုမ္ပဏီများအနေဖြင့် ယခုနှစ် မိုးစပါးမှ ထွက်ရှိသော ဆန်အသစ်များကို သင့်တင့်မျှတ သော ဈေးကွက်ဈေးနှုန်းအတိုင်း သတ်မှတ်ထားသည့် ဆန်ဈေးနှုန်းများဖြင့် ရောင်းချရမည်ဖြစ်ကြောင်း MRFက ဆိုသည်။
ယခုလ၌ (၁ဝ၈)ပေါင်/ (၂၄)ပြည် ဧည့်မထအုပ်စုဖြစ်သည့် (၂၅)မှတ်ဆန် တစ်အိတ်လျှင် ငွေကျပ် (၆ဝဝဝဝ)မှ (၆၂ဝဝဝ)အတွင်း ရောင်းချရန် သတ်မှတ်ထားပြီး (၁၅)မှတ် ဆန်တစ်အိတ်လျှင် ငွေကျပ် (၆၂ဝဝဝ)မှ (၆၄ဝဝဝ) အတွင်း နှင့် (၁ဝ-၅)မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ် (၆၄ဝဝဝ)မှ (၆၈ဝဝဝ)အတွင်း ရောင်းချရန် သတ်မှတ်ထား သည်။
ထို့ပြင် ဧရာမင်း၊ ဧရာပဒေသာ (၁ဝ-၅)မှတ် ဆန်တစ်အိတ်လျှင် ငွေကျပ် (၉ဝဝဝဝ)မှ (၉၅ဝဝဝ)အတွင်း ရောင်းချရန် သတ်မှတ်ထားပြီး ဧရာဝတီပေါ်ဆန်း (၁ဝ-၅)မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ် (၈ဝဝဝဝ)မှ (၉ဝဝဝဝ) အတွင်း ရောင်းချသွားရန်လည်း သတ်မှတ်ထားသည်။
အလားတူ ရက်၉ဝ၊ ပခန်း၊ အညာသားနှင့် အထူးဧည့်မထအုပ်စု (၁ဝ-၅)မှတ် ဆန်တစ်အိတ်လျှင် ငွေကျပ် (၆၈ဝဝဝ)မှ (၇၂ဝဝဝ)အတွင်း ရောင်းချသွားရန် MRF က ရည်ညွန်း သတ်မှတ်ထားသည်။
သို့သော် ဈေးကွက်အတွင်း ရောင်းချမှုများ၌ (၅)ရာခိုင်နှုန်းမှ (၁ဝ)ရာခိုင်နှုန်းအတွင်း ဈေးနှုန်းကွာခြားနိုင်ပြီး Super Market များ၊ Mini Mart များတွင် Modern Trade ဖြင့် ရောင်းချမှုများအတွက် ဈေးနှုန်း(၁ဝ)ရာခိုင်နှုန်းမှ (၂ဝ) ရာခိုင်နှုန်းအတွင်း ကွာဟမှုရှိနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆိုသည်။

Zawgyi Version;
ဒီဇင္ဘာလအတြက္ ေဈးကြက္အတြင္း ေရာင္းခ်ရမည့္ ရည္ၫြန္း ဆန္ေဈးႏႈန္းမ်ားကို MRF ထုတ္ျပန္
ေစာ (NP News) - ဒီဇင္ဘာ ၁ဝ
ယခု ဒီဇင္ဘာလအတြက္ ေဈးကြက္အတြင္း ေရာင္းခ်ရမည့္ ရည္ၫြန္း ဆန္ေဈးႏႈန္းမ်ားကို ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ (MRF)က ယေန႔ (ဒီဇင္ဘာ ၁ဝ ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ႏွင့္ ညီေနာင္အသင္းမ်ား၊ ကုန္စည္ဒိုင္မ်ား၏ အသင္းဝင္မ်ား၊ ျပည္ပတင္ပို႔သည့္ Exporter မ်ား ႏွင့္ ဆန္စပါးကုမၸဏီမ်ားအေနျဖင့္ ယခုႏွစ္ မိုးစပါးမွ ထြက္ရွိေသာ ဆန္အသစ္မ်ားကို သင့္တင့္မွ်တ ေသာ ေဈးကြက္ေဈးႏႈန္းအတိုင္း သတ္မွတ္ထားသည့္ ဆန္ေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ရမည္ျဖစ္ေၾကာင္း MRFက ဆိုသည္။
ယခုလ၌ (၁ဝ၈)ေပါင္/ (၂၄)ျပည္ ဧည့္မထအုပ္စုျဖစ္သည့္ (၂၅)မွတ္ဆန္ တစ္အိတ္လွ်င္ ေငြက်ပ္ (၆ဝဝဝဝ)မွ (၆၂ဝဝဝ)အတြင္း ေရာင္းခ်ရန္ သတ္မွတ္ထားၿပီး (၁၅)မွတ္ ဆန္တစ္အိတ္လွ်င္ ေငြက်ပ္ (၆၂ဝဝဝ)မွ (၆၄ဝဝဝ) အတြင္း ႏွင့္ (၁ဝ-၅)မွတ္ဆန္တစ္အိတ္လွ်င္ ေငြက်ပ္ (၆၄ဝဝဝ)မွ (၆၈ဝဝဝ)အတြင္း ေရာင္းခ်ရန္ သတ္မွတ္ထား သည္။
ထို႔ျပင္ ဧရာမင္း၊ ဧရာပေဒသာ (၁ဝ-၅)မွတ္ ဆန္တစ္အိတ္လွ်င္ ေငြက်ပ္ (၉ဝဝဝဝ)မွ (၉၅ဝဝဝ)အတြင္း ေရာင္းခ်ရန္ သတ္မွတ္ထားၿပီး ဧရာဝတီေပၚဆန္း (၁ဝ-၅)မွတ္ဆန္တစ္အိတ္လွ်င္ ေငြက်ပ္ (၈ဝဝဝဝ)မွ (၉ဝဝဝဝ) အတြင္း ေရာင္းခ်သြားရန္လည္း သတ္မွတ္ထားသည္။
အလားတူ ရက္၉ဝ၊ ပခန္း၊ အညာသားႏွင့္ အထူးဧည့္မထအုပ္စု (၁ဝ-၅)မွတ္ ဆန္တစ္အိတ္လွ်င္ ေငြက်ပ္ (၆၈ဝဝဝ)မွ (၇၂ဝဝဝ)အတြင္း ေရာင္းခ်သြားရန္ MRF က ရည္ၫြန္း သတ္မွတ္ထားသည္။
သို႔ေသာ္ ေဈးကြက္အတြင္း ေရာင္းခ်မႈမ်ား၌ (၅)ရာခိုင္ႏႈန္းမွ (၁ဝ)ရာခိုင္ႏႈန္းအတြင္း ေဈးႏႈန္းကြာျခားႏိုင္ၿပီး Super Market မ်ား၊ Mini Mart မ်ားတြင္ Modern Trade ျဖင့္ ေရာင္းခ်မႈမ်ားအတြက္ ေဈးႏႈန္း(၁ဝ)ရာခိုင္ႏႈန္းမွ (၂ဝ) ရာခိုင္ႏႈန္းအတြင္း ကြာဟမႈရွိႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ဆိုသည္။