အမေရိကန်၏ F-16 တိုက်လေယာဉ်တစ်စင်း တောင်ကိုရီးယားကမ်းလွန် ပင်လယ်ဝါထဲသို့ ပျက်ကျ

 2468

Pika (NP News) - ဒီဇင်ဘာ ၁၁

အမေရိကန်၏ F-16 တိုက်လေယာဉ်တစ်စင်းသည် ဒီဇင်ဘာလ(၁၁)ရက်တွင် တောင်ကိုရီးယား ကမ်းလွန်ပင်လယ်ဝါထဲသို့ ပျက်ကျခဲ့ကြောင်း သတင်းများအရ သိရသည်။

ပြီးခဲ့သည့်လက ဂျပန်ကျွန်းအနီးတွင် အမေရိကန်၏ Osprey လေယာဉ်ပျက်ကျကာ လေတပ်သား(၈)ဦးသေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ F-16 တိုက်လေယာဉ်သည် ဒီဇင်ဘာလ (၁၁)ရက်၊ နံနက်(၉)နာရီအချိန်တွင် ဆိုးလ်မြို့၏တောင်ဘက် ကီလိုမီတာ (၁၈၀)အကွာတွင်ရှိသော Gunsan မြို့မှ စတင်ပျံတက်ခဲ့ပြီးနောက် ပင်လယ်ဝါထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီကဖော်ပြခဲ့သည်။

F-16 တိုက်လေယာဉ်တွင် လိုက်ပါသွားသော လေယာဉ်မှူးသည် ထိုင်ခုံနှင့်အတူ ကန်ထွက်နိုင်ခဲ့ကာ လေယာဉ်ပျက်ကျမှုမှ လွတ်မြောက်ခဲ့ကြောင်းလည်းသိရသည်။ အဆိုပါလေယာဉ်မှူးကို ပင်လယ်ထဲမှ အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် သတိလစ်မေ့မြောနေကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ ပြီးခဲ့သည့်လက Yakushima ကျွန်းအနောက်တောင်ပိုင်းတွင် Osprey လေယာဉ်ပျက်ကျခဲ့ပြီးနောက် အမေရိကန်စစ်တပ်သည် ၎င်း၏လေယာဉ်ရာပေါင်းများစွာပါဝင်သော ရေတပ်စုတစ်ခုလုံးကို ပျံသန်းခြင်းခေတ္တရပ်ဆိုင်းခဲ့ကြောင်းသိရသည်။

ထို့နောက် Osprey လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းများနှင့်ပတ်သက်ပြီး စက်ပစ္စည်းများတွင် ပြဿနာရှိ/မရှိစစ်ဆေးရန် အမေရိကန်စစ်တပ်ကတိုက်တွန်းခဲ့ကြောင်း စစ်ဘက်ဆိုင်ရာအရာရှိများ၏ပြောကြားချက်အရသိရသည်။ အဆိုပါ Osprey လေယာဉ်သည် ရဟတ်ယာဉ်ကဲ့သို့ ဆင်းသက်နိုင်ပြီး လေယာဉ်ကဲ့သို့ ပျံသန်းနိုင်သော လေယာဉ်အမျိုးအစားတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
အေမရိကန္၏ F-16 တိုက္ေလယာဥ္တစ္စင္း ေတာင္ကိုရီးယားကမ္းလြန္ ပင္လယ္ဝါထဲသို႔ ပ်က္က်
Pika (NP News) - ဒီဇင္ဘာ ၁၁

အေမရိကန္၏ F-16 တိုက္ေလယာဥ္တစ္စင္းသည္ ဒီဇင္ဘာလ(၁၁)ရက္တြင္ ေတာင္ကိုရီးယား ကမ္းလြန္ပင္လယ္ဝါထဲသို႔ ပ်က္က်ခဲ့ေၾကာင္း သတင္းမ်ားအရ သိရသည္။

ၿပီးခဲ့သည့္လက ဂ်ပန္ကြၽန္းအနီးတြင္ အေမရိကန္၏ Osprey ေလယာဥ္ပ်က္က်ကာ ေလတပ္သား(၈)ဦးေသဆုံးခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ထပ္မံပ်က္က်မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ အဆိုပါ F-16 တိုက္ေလယာဥ္သည္ ဒီဇင္ဘာလ (၁၁)ရက္၊ နံနက္(၉)နာရီအခ်ိန္တြင္ ဆိုးလ္ၿမိဳ႕၏ေတာင္ဘက္ ကီလိုမီတာ (၁၈၀)အကြာတြင္ရွိေသာ Gunsan ၿမိဳ႕မွ စတင္ပ်ံတက္ခဲ့ၿပီးေနာက္ ပင္လယ္ဝါထဲသို႔ ပ်က္က်ခဲ့ျခင္းျဖစ္ေၾကာင္း Yonhap သတင္းေအဂ်င္စီကေဖာ္ျပခဲ့သည္။

F-16 တိုက္ေလယာဥ္တြင္ လိုက္ပါသြားေသာ ေလယာဥ္မႉးသည္ ထိုင္ခုံႏွင့္အတူ ကန္ထြက္ႏိုင္ခဲ့ကာ ေလယာဥ္ပ်က္က်မႈမွ လြတ္ေျမာက္ခဲ့ေၾကာင္းလည္းသိရသည္။ အဆိုပါေလယာဥ္မႉးကို ပင္လယ္ထဲမွ ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ သတိလစ္ေမ့ေျမာေနေၾကာင္း Yonhap သတင္းေအဂ်င္စီက ေဖာ္ျပခဲ့သည္။

ယင္းျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို ေတာင္ကိုရီးယားႏိုင္ငံရွိ အေမရိကန္တပ္ဖြဲ႕မ်ားက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။ ၿပီးခဲ့သည့္လက Yakushima ကြၽန္းအေနာက္ေတာင္ပိုင္းတြင္ Osprey ေလယာဥ္ပ်က္က်ခဲ့ၿပီးေနာက္ အေမရိကန္စစ္တပ္သည္ ၎၏ေလယာဥ္ရာေပါင္းမ်ားစြာပါဝင္ေသာ ေရတပ္စုတစ္ခုလုံးကို ပ်ံသန္းျခင္းေခတၱရပ္ဆိုင္းခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ Osprey ေလယာဥ္ပ်က္က်ရသည့္အေၾကာင္းအရင္းမ်ားႏွင့္ပတ္သက္ၿပီး စက္ပစၥည္းမ်ားတြင္ ျပႆနာရွိ/မရွိစစ္ေဆးရန္ အေမရိကန္စစ္တပ္ကတိုက္တြန္းခဲ့ေၾကာင္း စစ္ဘက္ဆိုင္ရာအရာရွိမ်ား၏ေျပာၾကားခ်က္အရသိရသည္။ အဆိုပါ Osprey ေလယာဥ္သည္ ရဟတ္ယာဥ္ကဲ့သို႔ ဆင္းသက္ႏိုင္ၿပီး ေလယာဥ္ကဲ့သို႔ ပ်ံသန္းႏိုင္ေသာ ေလယာဥ္အမ်ိဳးအစားတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.