နေ့စဉ် ထွက်ရှိသည့် YBS ယာဉ်များ၏ ၃၀ ရာ ခိုင်နှုန်းခန့်သည် CNG ဆိုင်များ၌ရောက်ရှိနေ၍ ယာဉ်ထွက်ရှိမှုလျော့နည်းနေ

 500

ကျော်(NP News) - ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းအတွင်း နေ့စဉ်ထွက်ရှိသော YBS ယာဉ်များ၏ ၃၀ ရာခိုင်နှုန်းခန့်သည် CNG ဆိုင်များ၌ရောက်ရှိနေ၍ ယခုရက်ပိုင်းအတွင်း ယာဉ်ထွက်ရှိမှုလျော့နည်းနေခြင်းဖြစ်ကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က NP News ကိုပြော သည်။

"တစ်နေ့ကို ယာဉ်လိုင်းပေါင်း ၁၃၂ လိုင်းကနေ ယာဉ်စီးရေ ၃၇၀၀ လောက်နဲ့ ခရီးသည် ၁၅ သိန်းဝန်းကျင်လောက်ကို ဝန် ဆောင်မှုပေးနေပါတယ်။ အဲဒီလို ဝန်ဆောင်မှုပေးရာမှာ ယာဉ် လိုင်းထွက်ရှိနိုင်ဖို့အတွက် CNG ဆိုင်တွေမှာ တန်းစီရတာတွေရှိတယ်"ဟု တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ထိုသို့ CNG အရောင်းဆိုင်များ၌ တန်းစီစောင့်ဆိုင်းပြီးနောက် CNG ရရှိချိန်တွင်လည်း pressure လျော့နည်းခြင်း၊ CNG အရည် အသွေးလျော့ကျခြင်း၊ ဟောင်းနွမ်းကာ သက်တမ်းကုန်နေသည့် CNG အိုးများအားလဲလှယ်တပ်ဆင်နေခြင်း နှင့် လျှပ်စစ်မီးပုံမှန်မရရှိခြင်းတို့ကြောင့် YBS ယာဉ်များထွက်ရှိမှုသည် လျော့နည်းလျက်ရှိကြောင်း သိရသည်။

"အရင်က ၄ ခေါက်၊ ၅ ခေါက်ပြေးဆွဲကျတယ်။ အခုက ၂ ခေါက် ၃ ခေါက်လောက်ပဲရတယ်။ အဲဒီမှာယာဉ်စီးရေလျော့သလိုဖြစ်သွားတာ။ MOGE နဲ့လည်းအမြဲတမ်းချိတ်ဆက်ပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။ pressure ပြည့်ဖို့ကိုလည်း လုပ်ဆောင်ပေးဖို့အကူအညီတောင်းထားပါတယ်"ဟု တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

ထို့ပြင် YBS ယာဉ်များနေ့စဉ်အစီးရေများစွာထွက်ခွာပြေးဆွဲပေးနိုင်ရန် YRTC မှတာဝန်ရှိသူများ နှင့် MOGE မှတာဝန်ရှိသူများပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး MOGE ဘက်မှလည်း ဖြေရှင်းပေးမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

"ဒီရက်ပိုင်းထဲ CNG ဆိုင်တွေမှာတန်းစီနေရတဲ့ YBS ကားစီးရေဟာ ထွက်ရှိ ကားစီးရေရဲ့ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက်အထိရှိတယ်။ အရင်ကဆိုရင် ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတာ။ ဒါကြောင့် အရင်ကလိုပြန်ပြီးအဆင်ပြေအောင် ချိတ်ဆက်ဆောင်ရွက်နေပါတယ်"ဟု တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

လက်ရှိအချိန်၌ YBS ယာဉ်များပြေးဆွဲမှုလျော့နည်းခြင်း၊ သတ် မှတ်ချိန်အထိ ပြေးဆွဲမှုမရှိခြင်းတို့ကြောင့် YBS ယာဉ်အသုံးပြုကာ သွားလာအလုပ်လုပ်ကိုင်နေကြရသူများတွင် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

"ကျွန်တော် မနေ့ကရုံးသွားဖို့ အရင်အိမ်ကနေ ထွက်တဲ့အချိန် ထွက်လာတာ ကားတွေသိပ်မရှိဘူး။ ကားစောင့်ရင်းနဲ့အဲဒီနေ့က ရုံးတက်ချိန်နောက်ကျသွားတယ်။ ပြန်လာတော့လည်း YBS တစ်စီးမှာမလာတဲ့အတွက် ကားဌားပြီးပြန်လာရတော့ ကားခတွေကအရမ်းကုန်နေတာ YBS တွေရှားသွားတာ ဒီရက်ပိုင်းလေးပဲရှိသေးတယ်"ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုဆန်းဝင်းကပြောသည်။

ထိုသို့ YBS ယာဉ်အသုံးပြုသွားလာနေရသူများ အဆင်ပြေစေရေးအတွက် YBS ယာဉ်များအား ည ၁၀ နာရီနောက်ဆုံးထား၍ပြေးဆွဲပေးရန် YRTC မှညွှန်ကြားထားကြောင်း သိရသည်။

ထို့အတူ pressure နည်းပါးမှုကြောင့် YBS ယာဉ်ထွက်ရှိမှုလျော့ နည်းနေသဖြင့် YRTC မှ CNG အရောင်းဆိုင်များနှင့်ညှိနှိုင်း၍ CNG ပိုမိုရရှိနိုင်စေရန် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ေန႔စဥ္ ထြက္ရွိသည့္ YBS ယာဥ္မ်ား၏ ၃၀ ရာ ခိုင္ႏႈန္းခန္႔သည္ CNG ဆိုင္မ်ား၌ေရာက္ရွိေန၍ ယာဥ္ထြက္ရွိမႈေလ်ာ့နည္းေန

ေက်ာ္(NP News) - ဒီဇင္ဘာ ၁၂

ရန္ကုန္တိုင္းအတြင္း ေန႔စဥ္ထြက္ရွိေသာ YBS ယာဥ္မ်ား၏ ၃၀ ရာခိုင္ႏႈန္းခန္႔သည္ CNG ဆိုင္မ်ား၌ေရာက္ရွိေန၍ ယခုရက္ပိုင္းအတြင္း ယာဥ္ထြက္ရွိမႈေလ်ာ့နည္းေနျခင္းျဖစ္ေၾကာင္း YRTC တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က NP News ကိုေျပာ သည္။

"တစ္ေန႔ကို ယာဥ္လိုင္းေပါင္း ၁၃၂ လိုင္းကေန ယာဥ္စီးေရ ၃၇၀၀ ေလာက္နဲ႔ ခရီးသည္ ၁၅ သိန္းဝန္းက်င္ေလာက္ကို ဝန္ ေဆာင္မႈေပးေနပါတယ္။ အဲဒီလို ဝန္ေဆာင္မႈေပးရာမွာ ယာဥ္ လိုင္းထြက္ရွိႏိုင္ဖို႔အတြက္ CNG ဆိုင္ေတြမွာ တန္းစီရတာေတြရွိတယ္"ဟု တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က ေျပာသည္။

ထိုသို႔ CNG အေရာင္းဆိုင္မ်ား၌ တန္းစီေစာင့္ဆိုင္းၿပီးေနာက္ CNG ရရွိခ်ိန္တြင္လည္း pressure ေလ်ာ့နည္းျခင္း၊ CNG အရည္ အေသြးေလ်ာ့က်ျခင္း၊ ေဟာင္းႏြမ္းကာ သက္တမ္းကုန္ေနသည့္ CNG အိုးမ်ားအားလဲလွယ္တပ္ဆင္ေနျခင္း ႏွင့္ လွ်ပ္စစ္မီးပုံမွန္မရရွိျခင္းတို႔ေၾကာင့္ YBS ယာဥ္မ်ားထြက္ရွိမႈသည္ ေလ်ာ့နည္းလ်က္ရွိေၾကာင္း သိရသည္။

"အရင္က ၄ ေခါက္၊ ၅ ေခါက္ေျပးဆြဲက်တယ္။ အခုက ၂ ေခါက္ ၃ ေခါက္ေလာက္ပဲရတယ္။ အဲဒီမွာယာဥ္စီးေရေလ်ာ့သလိုျဖစ္သြားတာ။ MOGE နဲ႔လည္းအၿမဲတမ္းခ်ိတ္ဆက္ၿပီး ညႇိႏႈိင္းေဆာင္႐ြက္ေနပါတယ္။ pressure ျပည့္ဖို႔ကိုလည္း လုပ္ေဆာင္ေပးဖို႔အကူအညီေတာင္းထားပါတယ္"ဟု တြဲဖက္အတြင္းေရးမႉးဦးလ်န္က်င့္မန္ကေျပာသည္။

ထို႔ျပင္ YBS ယာဥ္မ်ားေန႔စဥ္အစီးေရမ်ားစြာထြက္ခြာေျပးဆြဲေပးႏိုင္ရန္ YRTC မွတာဝန္ရွိသူမ်ား ႏွင့္ MOGE မွတာဝန္ရွိသူမ်ားပူးေပါင္း၍ ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိၿပီး MOGE ဘက္မွလည္း ေျဖရွင္းေပးမႈမ်ားျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

"ဒီရက္ပိုင္းထဲ CNG ဆိုင္ေတြမွာတန္းစီေနရတဲ့ YBS ကားစီးေရဟာ ထြက္ရွိ ကားစီးေရရဲ႕ ၂၀ ရာခိုင္ႏႈန္း၊ ၃၀ ရာခိုင္ႏႈန္းေလာက္အထိရွိတယ္။ အရင္ကဆိုရင္ ၁၀ ရာခိုင္ႏႈန္းေလာက္ပဲရွိတာ။ ဒါေၾကာင့္ အရင္ကလိုျပန္ၿပီးအဆင္ေျပေအာင္ ခ်ိတ္ဆက္ေဆာင္႐ြက္ေနပါတယ္"ဟု တြဲဖက္အတြင္းေရးမႉးဦးလ်န္က်င့္မန္ကေျပာသည္။

လက္ရွိအခ်ိန္၌ YBS ယာဥ္မ်ားေျပးဆြဲမႈေလ်ာ့နည္းျခင္း၊ သတ္ မွတ္ခ်ိန္အထိ ေျပးဆြဲမႈမရွိျခင္းတို႔ေၾကာင့္ YBS ယာဥ္အသုံးျပဳကာ သြားလာအလုပ္လုပ္ကိုင္ေနၾကရသူမ်ားတြင္ အခက္အခဲမ်ားႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

"ကြၽန္ေတာ္ မေန႔က႐ုံးသြားဖို႔ အရင္အိမ္ကေန ထြက္တဲ့အခ်ိန္ ထြက္လာတာ ကားေတြသိပ္မရွိဘူး။ ကားေစာင့္ရင္းနဲ႔အဲဒီေန႔က ႐ုံးတက္ခ်ိန္ေနာက္က်သြားတယ္။ ျပန္လာေတာ့လည္း YBS တစ္စီးမွာမလာတဲ့အတြက္ ကားဌားၿပီးျပန္လာရေတာ့ ကားခေတြကအရမ္းကုန္ေနတာ YBS ေတြရွားသြားတာ ဒီရက္ပိုင္းေလးပဲရွိေသးတယ္"ဟု ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ေန ကိုဆန္းဝင္းကေျပာသည္။

ထိုသို႔ YBS ယာဥ္အသုံးျပဳသြားလာေနရသူမ်ား အဆင္ေျပေစေရးအတြက္ YBS ယာဥ္မ်ားအား ည ၁၀ နာရီေနာက္ဆုံးထား၍ေျပးဆြဲေပးရန္ YRTC မွၫႊန္ၾကားထားေၾကာင္း သိရသည္။

ထို႔အတူ pressure နည္းပါးမႈေၾကာင့္ YBS ယာဥ္ထြက္ရွိမႈေလ်ာ့ နည္းေနသျဖင့္ YRTC မွ CNG အေရာင္းဆိုင္မ်ားႏွင့္ညႇိႏႈိင္း၍ CNG ပိုမိုရရွိႏိုင္ေစရန္ ခ်ိတ္ဆက္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.