ဘေးတွဲဆိုင်ကယ်မောင်းနေသည့် ရဲတပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကော့မှူးမြို့နယ်တွင် ဖြစ်ပွား

 9130

Pearl (NP News) - ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်း၊ ကော့မှူးမြိုနယ်တွင် ဘေးတွဲဆိုင်ကယ်မောင်းနေသည့် ရဲတပ်ကြပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံခဲ့ရကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) ၊ နေ့လည် (၁၂)နာရီခန့်တွင် ကော့မှူးမြိုနယ်၊ တလု‌တ္ထော်ကျေးရွာအုပ်စု ၊ အင်းလျားချောင်ကျေးရွာအနီးရှိ လမ်းပေါ်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထော်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်တင်မိုးဇော်သည် ဘေးတွဲဆိုင်ကယ်မောင်းနေစဉ် အခင်းဖြစ်နေရာ အရောက်၌ အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

"ပစ်ခတ်ခံရတာမှန်ပါတယ်။ သူက သုံးဘီးဆိုင်ကယ်ဆွဲနေရင်းနဲ့ ပစ်ခတ်ခံရတာပါ" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူ ကပြောသည်။

ထိုသို့လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ရဲတပ်ကြပ်တင်မိုးဇော်သည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဖြစ်စဉ်အား ကျူးလွန်ခဲ့သည့်အကြမ်းဖက်သမားများကို ဖမ်းဆီးမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရ သည်။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လတွင်လည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ဆိုင်ကယ်ကယ်ရီ ဆွဲနေသော ရဲတပ်ကြပ်ကြီး တစ်ဦးကို PDFအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version;
ေဘးတြဲဆိုင္ကယ္ေမာင္းေနသည့္ ရဲတပ္ၾကပ္တစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံရမႈ ေကာ့မႉးၿမိဳ႕နယ္တြင္ ျဖစ္ပြား
Pearl (NP News) - ဒီဇင္ဘာ ၁၇

ရန္ကုန္တိုင္း၊ ေကာ့မႉးၿမိဳနယ္တြင္ ေဘးတြဲဆိုင္ကယ္ေမာင္းေနသည့္ ရဲတပ္ၾကပ္တစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ လုပ္ႀကံခံခဲ့ရေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယေန႔ (ဒီဇင္ဘာ ၁၇ ရက္) ၊ ေန႔လည္ (၁၂)နာရီခန႔္တြင္ ေကာ့မႉးၿမိဳနယ္၊ တလု‌ေတၳာ္ေက်း႐ြာအုပ္စု ၊ အင္းလ်ားေခ်ာင္ေက်း႐ြာအနီးရွိ လမ္းေပၚ၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳက္ေထာ္နယ္ေျမရဲစခန္းမွ ရဲတပ္ၾကပ္တင္မိုးေဇာ္သည္ ေဘးတြဲဆိုင္ကယ္ေမာင္းေနစဥ္ အခင္းျဖစ္ေနရာ အေရာက္၌ အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

"ပစ္ခတ္ခံရတာမွန္ပါတယ္။ သူက သုံးဘီးဆိုင္ကယ္ဆြဲေနရင္းနဲ႔ ပစ္ခတ္ခံရတာပါ" ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူ ကေျပာသည္။

ထိုသို႔လုပ္ႀကံသတ္ျဖတ္ခံရမႈေၾကာင့္ ရဲတပ္ၾကပ္တင္မိုးေဇာ္သည္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး ျဖစ္စဥ္အား က်ဴးလြန္ခဲ့သည့္အၾကမ္းဖက္သမားမ်ားကို ဖမ္းဆီးမိေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာလုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရ သည္။

ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္၊ ၾသဂုတ္လတြင္လည္း ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္၌ ဆိုင္ကယ္ကယ္ရီ ဆြဲေနေသာ ရဲတပ္ၾကပ္ႀကီး တစ္ဦးကို PDFအဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.