ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့မှုက ကောင်းမွန်သောနိုင်ပွဲတစ်ခုဖြစ်ကြောင်း အာဆင်နယ်နည်းပြပြော

 706

Pika (NP News) - ဒီဇင်ဘာ ၁၈

ဒီဇင်ဘာလ(၁၇)ရက်ညက ဘရိုက်တန်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့ခြင်းက အလွန်ကောင်းမွန်သောနိုင်ပွဲတစ်ခုဖြစ်ကြောင်း အာဆင်နယ်နည်းပြအာတီတာက ထုတ်ဖော်ပြောဆိုခဲ့ သည်။

ဘရိုက်တန်အသင်းနှင့် ကစားခဲ့သောပွဲစဉ်တွင် မန်ယူအသင်းတိုက်စစ်မှူးဂျီဆပ်က ပွဲချိန်(၅၃)မိနစ်တွင် အသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ကွင်းလယ်ကစားသမားကိုင်ဟားဗက်ဇ်က ပွဲချိန်(၈၇)မိနစ်တွင် နောက်ထပ်တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အာဆင်နယ်အသင်းကစားသမားများသည် ပထမပိုင်းအတွင်း ဂိုးသွင်းယူနိုင်ခြင်းမျိုးမရှိခဲ့သည့်အတွက် စိုးရိမ်မှုများရှိခဲ့ကြောင်း နည်းပြအာတီတာက ဝန်ခံပြောဆိုခဲ့သည်။ အာတီတာ က "ဒါက အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ကစားနိုင်ခဲ့တဲ့ပွဲစဉ်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အာဆင်နယ်အသင်းကစားသမားတွေ ဟာ ပွဲအစကနေ အဆုံးအထိ အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့နဲ့ ထိုက်တန်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ (၁၅)ကြိမ်လောက် ဂိုးပေါက်ကန်သွင်းမှုတွေ ရှိခဲ့ပေမယ့် ဂိုးသွင်းနိုင်တာမျိုး မရှိခဲ့တဲ့အတွက် စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ဆက်လက်ကစားနိုင်ခဲ့ပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီနေ့ကစားပွဲကို အနိုင်ရရှိခဲ့တဲ့အတွက် ကျွန်တော်တကယ်ကို ပျော်ရွှင်မိပါတယ်" ဟု ပြောခဲ့သည်။

အာဆင်နယ်အသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁၇)ပွဲကစားထားပြီး ရမှတ်(၃၉)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၁)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။

Zawgyi Version;
ဘ႐ိုက္တန္အသင္းကို အႏိုင္ရရွိခဲ့မႈက ေကာင္းမြန္ေသာႏိုင္ပြဲတစ္ခုျဖစ္ေၾကာင္း အာဆင္နယ္နည္းျပေျပာ
Pika (NP News) - ဒီဇင္ဘာ ၁၈

ဒီဇင္ဘာလ(၁၇)ရက္ညက ဘ႐ိုက္တန္အသင္းႏွင့္ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲစဥ္ကို (၂)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိ ခဲ့ျခင္းက အလြန္ေကာင္းမြန္ေသာႏိုင္ပြဲတစ္ခုျဖစ္ေၾကာင္း အာဆင္နယ္နည္းျပအာတီတာက ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။

ဘ႐ိုက္တန္အသင္းႏွင့္ ကစားခဲ့ေသာပြဲစဥ္တြင္ မန္ယူအသင္းတိုက္စစ္မႉးဂ်ီဆပ္က ပြဲခ်ိန္(၅၃)မိနစ္တြင္ အသင္း အတြက္ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီး ကြင္းလယ္ကစားသမားကိုင္ဟားဗက္ဇ္က ပြဲခ်ိန္(၈၇)မိနစ္တြင္ ေနာက္ထပ္တစ္ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ (၂)ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ အာဆင္နယ္အသင္းကစားသမားမ်ားသည္ ပထမပိုင္းအတြင္း ဂိုးသြင္းယူႏိုင္ျခင္းမ်ိဳးမရွိခဲ့သည့္အတြက္ စိုးရိမ္မႈမ်ားရွိခဲ့ေၾကာင္း နည္းျပအာတီတာက ဝန္ခံေျပာဆိုခဲ့သည္။ အာတီတာ က "ဒါက အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြနဲ႔ ကစားႏိုင္ခဲ့တဲ့ပြဲစဥ္တစ္ခုလို႔ ကြၽန္ေတာ္ထင္ပါတယ္။ အာဆင္နယ္အသင္းကစားသမားေတြ ဟာ ပြဲအစကေန အဆုံးအထိ အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒီႏိုင္ပြဲက ကြၽန္ေတာ္တို႔နဲ႔ ထိုက္တန္ပါတယ္။ ပထမပိုင္းမွာ ကြၽန္ေတာ္တို႔ (၁၅)ႀကိမ္ေလာက္ ဂိုးေပါက္ကန္သြင္းမႈေတြ ရွိခဲ့ေပမယ့္ ဂိုးသြင္းႏိုင္တာမ်ိဳး မရွိခဲ့တဲ့အတြက္ စိုးရိမ္မႈေတြရွိခဲ့ပါတယ္။ ဒါေပမယ့္ ဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔ အေကာင္းဆုံးပုံစံနဲ႔ ဆက္လက္ကစားႏိုင္ခဲ့ၿပီး ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒီေန႔ကစားပြဲကို အႏိုင္ရရွိခဲ့တဲ့အတြက္ ကြၽန္ေတာ္တကယ္ကို ေပ်ာ္႐ႊင္မိပါတယ္" ဟု ေျပာခဲ့သည္။

အာဆင္နယ္အသင္းသည္ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ(၁၇)ပြဲကစားထားၿပီး ရမွတ္(၃၉)မွတ္ျဖင့္ အမွတ္ေပးဇယားတြင္ အဆင့္(၁)ေနရာမွာ ရပ္တည္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.