ဆီစက်လုပ်ငန်းရှင်များအတွက် ဒုတိယအကြိမ်ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေများ အမြန်ဆုံးထုတ်ချေးပေးရန် စီစဉ်နေ

 663

ယွန်း (NP News) - ဒီဇင်ဘာ ၂၂

ချေးငွေစံသတ်မှတ်ချက်များနှင့် ကိုက်ညီသော ဆီစက်လုပ်ငန်းရှင်များကို ဒုတိယအကြိမ်ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေများ အမြန်ဆုံးထုတ်ချေးပေးရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အသိပေးပြောကြားထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၀)ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်း၏ အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို ပထမအကြိမ် အဆိုပြုလွှာခေါ်ယူပြီး Project Management Unit နှင့် PFI ဘဏ်များမှ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၇)ခုတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါချေးငွေများအား တိုင်းနှင့်ပြည်နယ်(၇)ခုမှ လုပ် ငန်းရှင်(၂၁)ဦးသို့ ငွေကျပ်(၁၇၇၃)သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက အသိပေး ပြောကြားထားသည်။

လက်ရှိတွင်လည်း ဒုတိယအကြိမ်ချေးငွေအဆိုပြုလွှာ ခေါ်ယူပြီးဖြစ်ရာ ချေးငွေစံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လုပ်ငန်းရှင်များကို ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများ အမြန်ဆုံးထုတ်ချေးပေးသွားရန် ၎င်းက ဆက်လက်ပြောသည်။

“ဆီစက်ချေးငွေတွေ ချေးပေးတယ်ဆိုတာကောင်းတာပေါ့။ နိုင်ငံတော်အနေနဲ့လည်း ဆီစက်လုပ်ငန်းတွေကို ဒီလိုပံ့ပိုးပေးတာကောင်းတဲ့လုပ်ငန်းစဥ်ပါ” ဟု မြန်မာနိုင် ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းက NP News ကို သုံးသပ်ပြောကြားထား သည်။

ပထမဆုံးအကြိမ်ထုတ်ချေးခဲ့သည့် ဆီစက်လုပ်ငန်းများအတွက် ချေးငွေ၏ အတိုးနှုန်းကို တစ်နှစ်လျှင်(၅)ရာ ခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

ပြည်တွင်းစားသုံးဆီဖူလုံရေးတွင် နိုင်ငံတော်မှဆီထွက်သီးနှံများ တိုးတက်ထွက်ရှိရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး ဆီစက်များအဆင့်မြှင့်တင်ရေးနှင့် ဆီစက်လုပ်ငန်းများတိုးချဲ့နိုင်ရေးအတွက် အတိုးနှုန်းသက်သာသောချေးငွေများကို စနစ်တကျစိစစ်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု စာရင်းများအရ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ဆီစက်အကြီးစား (၂၃၀)ကျော်၊ ဆီစက်အလတ်စား (၉၂၀) ကျော်နှင့် ဆီစက်ငယ်(၃၁၀၀)ကျော် ရှိကြောင်း သိရသည်။

ပြည်တွင်း၌ စားသုံးဆီသုံးစွဲမှုသည် နှစ်စဥ်တန်ချိန် (၁ ဒသမ ၁)သန်းခန့်ရှိကြောင်း သိရသည်။

zawgyi version
ဆီစက္လုပ္ငန္းရွင္မ်ားအတြက္ ဒုတိယအႀကိမ္ဆီစက္လုပ္ငန္းဖြံ႕ၿဖိဳးေရးေခ်းေငြမ်ား အျမန္ဆုံးထုတ္ေခ်းေပးရန္ စီစဥ္ေန

ယြန္း (NP News) - ဒီဇင္ဘာ ၂၂

ေခ်းေငြစံသတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီေသာ ဆီစက္လုပ္ငန္းရွင္မ်ားကို ဒုတိယအႀကိမ္ဆီစက္လုပ္ငန္းဖြံ႕ၿဖိဳးေရးေခ်းေငြမ်ား အျမန္ဆုံးထုတ္ေခ်းေပးရန္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးက အသိေပးေျပာၾကားထားသည္။

စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂၀)ရက္တြင္ ေနျပည္ေတာ္၌ က်င္းပခဲ့သည့္ ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးေခ်းေငြစီမံခန႔္ခြဲမႈလုပ္ငန္း၏ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးေခ်းေငြကို ပထမအႀကိမ္ အဆိုျပဳလႊာေခၚယူၿပီး Project Management Unit ႏွင့္ PFI ဘဏ္မ်ားမွ လုပ္ထုံးလုပ္နည္း၊ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ၂၀၂၃ ခုႏွစ္ ဇူလိုင္လမွ ေအာက္တိုဘာလအထိ ေနျပည္ေတာ္ေကာင္စီအပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္(၇)ခုတြင္ ထုတ္ေခ်းေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါေခ်းေငြမ်ားအား တိုင္းႏွင့္ျပည္နယ္(၇)ခုမွ လုပ္ ငန္းရွင္(၂၁)ဦးသို႔ ေငြက်ပ္(၁၇၇၃)သန္း ထုတ္ေခ်းထားၿပီးျဖစ္ေၾကာင္း ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက အသိေပး ေျပာၾကားထားသည္။

လက္ရွိတြင္လည္း ဒုတိယအႀကိမ္ေခ်းေငြအဆိုျပဳလႊာ ေခၚယူၿပီးျဖစ္ရာ ေခ်းေငြစံသတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီေသာ လုပ္ငန္းရွင္မ်ားကို ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရးေခ်းေငြမ်ား အျမန္ဆုံးထုတ္ေခ်းေပးသြားရန္ ၎က ဆက္လက္ေျပာသည္။

“ဆီစက္ေခ်းေငြေတြ ေခ်းေပးတယ္ဆိုတာေကာင္းတာေပါ့။ ႏိုင္ငံေတာ္အေနနဲ႔လည္း ဆီစက္လုပ္ငန္းေတြကို ဒီလိုပံ့ပိုးေပးတာေကာင္းတဲ့လုပ္ငန္းစဥ္ပါ” ဟု ျမန္မာႏိုင္ ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးဆန္းလင္းက NP News ကို သုံးသပ္ေျပာၾကားထား သည္။

ပထမဆုံးအႀကိမ္ထုတ္ေခ်းခဲ့သည့္ ဆီစက္လုပ္ငန္းမ်ားအတြက္ ေခ်းေငြ၏ အတိုးႏႈန္းကို တစ္ႏွစ္လွ်င္(၅)ရာ ခိုင္ႏႈန္း သတ္မွတ္ထားေၾကာင္း သိရသည္။

ျပည္တြင္းစားသုံးဆီဖူလုံေရးတြင္ ႏိုင္ငံေတာ္မွဆီထြက္သီးႏွံမ်ား တိုးတက္ထြက္ရွိေရးကို အားေပးေဆာင္႐ြက္လ်က္ရွိၿပီး ဆီစက္မ်ားအဆင့္ျမႇင့္တင္ေရးႏွင့္ ဆီစက္လုပ္ငန္းမ်ားတိုးခ်ဲ႕ႏိုင္ေရးအတြက္ အတိုးႏႈန္းသက္သာေသာေခ်းေငြမ်ားကို စနစ္တက်စိစစ္၍ ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း သိရသည္။

ျပည္တြင္းစားသုံးဆီထုတ္လုပ္မႈ စာရင္းမ်ားအရ ၂၀၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္းအထိ ျမန္မာႏိုင္ငံတစ္ဝန္းလုံး၌ ဆီစက္အႀကီးစား (၂၃၀)ေက်ာ္၊ ဆီစက္အလတ္စား (၉၂၀) ေက်ာ္ႏွင့္ ဆီစက္ငယ္(၃၁၀၀)ေက်ာ္ ရွိေၾကာင္း သိရသည္။

ျပည္တြင္း၌ စားသုံးဆီသုံးစြဲမႈသည္ ႏွစ္စဥ္တန္ခ်ိန္ (၁ ဒသမ ၁)သန္းခန႔္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.