ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်နှင့် ကျောက်သယ်ကားတို့တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံး

 2260

သန့်ဇင်(NP News) - ဒီဇင်ဘာ ၂၃

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ် နှင့် ကျောက်သယ်ကားတို့တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူအမျိုးသား ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း တုသိတာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာလ ၂၃ ရက်)၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးကားလမ်း၊ ရပ်ကွက်ကြီး (၁၇)ရှိ စိန်ခြူးဟိုတယ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ ကားနဲ့က လားရာတူမောင်းလာရင်းနဲ့ ဆိုင်ကယ်ကို ကျောက်ကားက နောက်ကဝင်တိုက်တဲ့ သဘောပါ။ မြင်ရတာတော့ ဆိုင်ကယ်က ဖောကားရဲ့ရှေ့ဘီးအောက်ရောက်သွားတာ”ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ပြင်ဦးလွင်မြို့၊ ကန်တော်ကြီးအနီးတွင် နေထိုင်သည့် အသက်(၅၅)နှစ်အရွယ် ဆိုင်ကယ်မောင်းနှင်သူ ဦးတင်မောင်အေးတွင် ဦးခေါင်းပွင့်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်မောင်းတဲ့လူကတော့ ပွဲချင်းဆုံးသွားတယ်။ ဦးခေါင်းပွင့်ထွက်သွားတယ်။ ဒီမှာက အရင်ကလည်းဖြစ်လေ့ရှိတယ်။ ကျောက်ကားတွေကလည်း အရမ်းမောင်းတာ။ ဆိုင်ကယ်တွေကလည်း ဖြည်းဖြည်းမမောင်းကြတာလည်းပါတာပေါ့” ဟု ၎င်းကဆက်လက် ပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသားအား တုသိတာလူမှုကူညီရေးအသင်းနှင့် သန္တိသုခလူမှုကူညီရေးအသင်းတို့မှ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖောကားယာဉ်မောင်းအား သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

အလားတူ ယမန်နေ့(ဒီဇင်ဘာလ ၂၂ ရက်)၊ ည ၁၁နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ပျဉ်းမပင်ရပ်ကွက်တွင် ကားတစ်စီးဘရိတ်ပေါက်ကာ လမ်းဘေးဓာတ်တိုင်ဝင်တိုက်မှုကြောင့် အမျိုးသား(၂)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ပုလဲ အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

zawgyi version
ျပင္ဦးလြင္ၿမိဳ႕တြင္ ဆိုင္ကယ္ႏွင့္ ေက်ာက္သယ္ကားတို႔တိုက္မိခဲ့ရာ ဆိုင္ကယ္ေမာင္းသူ ပြဲခ်င္းၿပီးေသဆုံး

သန႔္ဇင္(NP News) - ဒီဇင္ဘာ ၂၃

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕တြင္ ဆိုင္ကယ္ ႏွင့္ ေက်ာက္သယ္ကားတို႔တိုက္မိခဲ့ရာ ဆိုင္ကယ္ေမာင္းသူအမ်ိဳးသား ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း တုသိတာလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ဒီဇင္ဘာလ ၂၃ ရက္)၊ နံနက္ ၇ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕၊ မႏၲေလး-လားရႈိးကားလမ္း၊ ရပ္ကြက္ႀကီး (၁၇)ရွိ စိန္ျခဴးဟိုတယ္ေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆိုင္ကယ္နဲ႔ ကားနဲ႔က လားရာတူေမာင္းလာရင္းနဲ႔ ဆိုင္ကယ္ကို ေက်ာက္ကားက ေနာက္ကဝင္တိုက္တဲ့ သေဘာပါ။ ျမင္ရတာေတာ့ ဆိုင္ကယ္က ေဖာကားရဲ႕ေရွ႕ဘီးေအာက္ေရာက္သြားတာ”ဟု တုသိတာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ျပင္ဦးလြင္ၿမိဳ႕၊ ကန္ေတာ္ႀကီးအနီးတြင္ ေနထိုင္သည့္ အသက္(၅၅)ႏွစ္အ႐ြယ္ ဆိုင္ကယ္ေမာင္းႏွင္သူ ဦးတင္ေမာင္ေအးတြင္ ဦးေခါင္းပြင့္ဒဏ္ရာရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ဆိုင္ကယ္ေမာင္းတဲ့လူကေတာ့ ပြဲခ်င္းဆုံးသြားတယ္။ ဦးေခါင္းပြင့္ထြက္သြားတယ္။ ဒီမွာက အရင္ကလည္းျဖစ္ေလ့ရွိတယ္။ ေက်ာက္ကားေတြကလည္း အရမ္းေမာင္းတာ။ ဆိုင္ကယ္ေတြကလည္း ျဖည္းျဖည္းမေမာင္းၾကတာလည္းပါတာေပါ့” ဟု ၎ကဆက္လက္ ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားအား တုသိတာလူမႈကူညီေရးအသင္းႏွင့္ သႏၲိသုခလူမႈကူညီေရးအသင္းတို႔မွ ျပင္ဦးလြင္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ေဖာကားယာဥ္ေမာင္းအား သက္ဆိုင္ရာမွ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔(ဒီဇင္ဘာလ ၂၂ ရက္)၊ ည ၁၁နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ရန္ကုန္-ျပည္လမ္း၊ ပျဉ်းမပင္ရပ္ကြက္တြင္ ကားတစ္စီးဘရိတ္ေပါက္ကာ လမ္းေဘးဓာတ္တိုင္ဝင္တိုက္မႈေၾကာင့္ အမ်ိဳးသား(၂)ဦးထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ပုလဲ အရန္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

Related news

© 2021. All rights reserved.