Honda က ဆီပန့်ပြဿနာကြောင့် ၎င်းရဲ့ ကားအစီးရေ (၃)သန်းနီးပါးကို ပြန်လည်သိမ်းဆည်း
1165
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၃
Honda ဟာ ၎င်းရဲ့ကားတွေမှာ လောင်စာဆီစုပ်စက် ပြဿနာကြောင့် ကားတွေမောင်းနှင်နေစဉ် ပါဝါရပ်တန့်သွားတာမျိုးဖြစ်မှာ စိုးရိမ်ခြင်းကြောင့် အမေရိကန်မှာ ၎င်းရဲ့ ကားများ၊ SUV များ၊ ဗင်ကားများနဲ့ ပစ်ကပ်ကား အစီးရေ ၂ ဒသမ ၆ သန်းကို ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
Honda ဟာ အလားတူကိစ္စရပ်နဲ့ ၂၀၂၁ ခုနှစ်ကလည်း ကားအစီးရေ ၆၂၀,၀၀၀ ကျော်ကို ပြန်လည်သိမ်းဆည်းခဲ့ရဖူးပါတယ်။ အခုနောက်ဆုံးပြန်လည်သိမ်းဆည်းမှုမှာတော့ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က သိမ်းဆည်းမှုမှာ မပါဝင်ခဲ့တဲ့ မော်တော်ကားအသစ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ပြန်လည်သိမ်းဆည်းထားတဲ့ မော်ဒယ်တွေမှာ 2019 နဲ့ 2020 ခုနှစ်ထုတ် Honda Accord၊ 2019 Honda Odyssey၊ 2019 Honda Pilot၊ 2019 Honda Ridgeline နဲ့ အခြားသော ဇိမ်ခံကား အမျိုးအစားတွေဖြစ်တဲ့ Honda နဲ့ Acura မော်ဒယ်များစွာတို့ ပါဝင်ပါတယ်။
ဝယ်ယူပြီးတဲ့ ယာဉ်ပိုင်ရှင်တွေ အတွက်လည်း လောင်စာဆီပန့်ကို အခကြေးငွေမယူဘဲ အစားထိုး လဲလှယ်ဖို့ ၎င်းတို့ရဲ့ မော် တော်ယာဉ်ကို Honda သို့မဟုတ် Acura အရောင်းကိုယ်စား လှယ်တွေနဲ့ ချိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။
ဒါ့ပြင် သိမ်းဆည်းထားတဲ့ ယာဉ်အားလုံးကို တစ်ပြိုင်နက်တည်း ပြုပြင်ဖို့ လုံလောက်တဲ့ အစိတ်အပိုင်းတွေ မရရှိနိုင်သေးတာကြောင့် အချိန်အနည်းငယ်ယူရမှာဖြစ်ပြီး ပြီးစီးတာနဲ့ အကြောင်း ကြားမယ်လို့ Honda က မှတ်ချက်ပြုခဲ့ပါတယ်။
zawgyi version
Honda က ဆီပန႔္ျပႆနာေၾကာင့္ ၎ရဲ႕ ကားအစီးေရ (၃)သန္းနီးပါးကို ျပန္လည္သိမ္းဆည္း
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၃
Honda ဟာ ၎ရဲ႕ကားေတြမွာ ေလာင္စာဆီစုပ္စက္ ျပႆနာေၾကာင့္ ကားေတြေမာင္းႏွင္ေနစဥ္ ပါဝါရပ္တန္႔သြားတာမ်ိဳးျဖစ္မွာ စိုးရိမ္ျခင္းေၾကာင့္ အေမရိကန္မွာ ၎ရဲ႕ ကားမ်ား၊ SUV မ်ား၊ ဗင္ကားမ်ားနဲ႔ ပစ္ကပ္ကား အစီးေရ ၂ ဒသမ ၆ သန္းကို ျပန္လည္သိမ္းဆည္းခဲ့တယ္လို႔ သိရပါတယ္။
Honda ဟာ အလားတူကိစၥရပ္နဲ႔ ၂၀၂၁ ခုႏွစ္ကလည္း ကားအစီးေရ ၆၂၀,၀၀၀ ေက်ာ္ကို ျပန္လည္သိမ္းဆည္းခဲ့ရဖူးပါတယ္။ အခုေနာက္ဆုံးျပန္လည္သိမ္းဆည္းမႈမွာေတာ့ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ခန႔္က သိမ္းဆည္းမႈမွာ မပါဝင္ခဲ့တဲ့ ေမာ္ေတာ္ကားအသစ္ေတြလည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ ျပန္လည္သိမ္းဆည္းထားတဲ့ ေမာ္ဒယ္ေတြမွာ 2019 နဲ႔ 2020 ခုႏွစ္ထုတ္ Honda Accord၊ 2019 Honda Odyssey၊ 2019 Honda Pilot၊ 2019 Honda Ridgeline နဲ႔ အျခားေသာ ဇိမ္ခံကား အမ်ိဳးအစားေတြျဖစ္တဲ့ Honda နဲ႔ Acura ေမာ္ဒယ္မ်ားစြာတို႔ ပါဝင္ပါတယ္။
ဝယ္ယူၿပီးတဲ့ ယာဥ္ပိုင္ရွင္ေတြ အတြက္လည္း ေလာင္စာဆီပန႔္ကို အခေၾကးေငြမယူဘဲ အစားထိုး လဲလွယ္ဖို႔ ၎တို႔ရဲ႕ ေမာ္ ေတာ္ယာဥ္ကို Honda သို႔မဟုတ္ Acura အေရာင္းကိုယ္စား လွယ္ေတြနဲ႔ ခ်ိတ္ဆက္ေပးမယ္လို႔ ဆိုပါတယ္။
ဒါ့ျပင္ သိမ္းဆည္းထားတဲ့ ယာဥ္အားလုံးကို တစ္ၿပိဳင္နက္တည္း ျပဳျပင္ဖို႔ လုံေလာက္တဲ့ အစိတ္အပိုင္းေတြ မရရွိႏိုင္ေသးတာေၾကာင့္ အခ်ိန္အနည္းငယ္ယူရမွာျဖစ္ၿပီး ၿပီးစီးတာနဲ႔ အေၾကာင္း ၾကားမယ္လို႔ Honda က မွတ္ခ်က္ျပဳခဲ့ပါတယ္။