စီးပွားရေးကိုအခိုင်အမာခြေချလုပ်ဖို့ ဒီအစိုးရအတွက် သုံးနှစ်က အချိန်တိုလွန်းတယ် (အပိုင်း -၃)

661

စော ရေးသားသည်
NP News - ဇန်နဝါရီ ၂
ကျော်နုနှင့်ဆွေးနွေးဖော်များ အလွတ်သဘောဆွေးနွေးမူ၏ ယခုတစ်ကြိမ်အစီအစဉ်သည် စီးပွားရေးကဏ္ဍအတွက် ဖြစ်၏။ ရေတိုရေရှည်နှင့် ပြုပြင်ပြောင်းလဲသင့်သောအချက်များကို ဆွေးနွေးဖော်က ထောက်ပြအကြံပြုထားသည်။ အပိုင်း(၄)ပိုင်းဖြင့် ဖော်ပြမည်ဖြစ်ပြီး အခန်းဆက်အဖြစ် စောင့်ဆိုင်းဖတ်ရှုစေလိုပါသည်။
ကျော်နု - နောက်တစ်ခုက စီမံကိန်းဆွဲတဲ့ National Planning Department ပုံစံမျိုးပေါ့။ အဲဒါကြီးက တကယ့် ရင်းနှီးမြှုပ်နှံစီးပွားဆက်သွယ်မှာလည်းရှိတယ်။ သူက စီမံဘဏ္ဍာမှာလည်းရှိပါတယ်။ သူတို့လုပ်ရပ်တွေက ရလဒ် မတွေ့ရတာလား။ ဘယ်လိုမျိုးမြင်ရလဲ။ သူတို့လုပ်နေတဲ့ပုံစံမျိုးကိုကြည့်ပြီးတော့ ဘယ်လိုမြင်လဲ။
ဆွေးနွေးဖော် - လက်ရှိ တိုင်းပြည်ဖြစ်နေတဲ့ အခြေအနေက အဖြေပဲလေ။ တိုးတက်နေသလား။ ကျရှုံးနေသလား ဆိုတာ လက်ရှိဖြစ်နေတဲ့အခြေအနေက အဖြေပဲ။ ကျွန်တော်ဆိုလိုတာက National Planning အောက်မှာ ဝန်ကြီးဌာန အားလုံးရဲ့ Planning Department က DG တွေရှိရမယ်။ National Planning ကနေပြီးတော့ ဥပမာ မီးနဲ့ပတ်သက်ပြီး တော့ ငါတို့တိုင်းပြည်မှာ ဘာလိုနေလဲ၊ မီးလိုနေလား။ ရေလို နေလား။ စိုက်ပျိုးထုတ်လုပ်မှုဘက်ကကော ဘာလိုနေလဲ။ စက်မှုထုတ်ကုန်ပိုင်းဆိုင်ရာ လိုနေတာလား။ ငါ တို့တိုင်းပြည်ရဲ့အားသာချက်က ဘာလဲ။ အဲဒီတော့ ငါတို့ တခြား တိုင်းပြည်တွေလို အလားတူတိုးတက်လာအောင် ဘဏ်စနစ်တွေ ပြုပြင်ဖို့လိုသလား။ Planning မှာအကုန်ပါတယ်။ National Planning မှာလေ။ ဥပမာ ဘဏ်စနစ်တွေက ကျွန်တော်တို့ တိုင်းပြည်က ဘဏ်တွေရဲ့ Facilities အရမ်းအား နည်းတဲ့အခါကျတော့ ကျွန်တော်တို့တိုင်းပြည်က ဘယ်လောက်လုပ်နိုင်လုပ်နိုင် ငွေမရှိရင် လုပ်လို့မရဘူး။ သူများတိုင်းပြည်မှာ ဒီလူလုပ်နိုင်တယ်။ ဘဏ်ရဲ့ Supporting ယူပြီးတော့ အလုပ်လုပ်သွားလို့အောင်မြင်သွားလို့ ကုမ္ပဏီ အကြီးကြီးတွေ ဖြစ်ကုန်ကြတယ်။ ဘယ်တိုင်းပြည်မှာမှ ကိုယ့်ပိုက်ဆံနဲ့ကိုယ်အလုပ်လုပ်တယ်ဆိုတာမရှိဘူး။ ဘဏ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပေါင်းပြီးတော့ အလုပ်လုပ်ကြတယ်။ ဒီလုပ်ငန်းမှာ ဘဏ်ကိုလည်းမဆုံးရှုံးအောင် Policy တွေနဲ့ Law တွေနဲ့ ကာကွယ်ပေးထားတယ်။ စီးပွားရေးလုပ်ငန်းရှင်ကလည်း ဒီဟာကို အလုပ်ထဲမှာ တိတိကျကျ ရောက်ပြီး အလုပ်လုပ်နိုင်ဖို့အတွက်ကို Feasibility Study လုပ်ရတယ်။ Final Analysis တွေ လုပ်ရတယ်။ ပြီးရင် ဘဏ်က လူတွေက ကွင်းဆင်းစစ်ပြီး တော့ လုပ်တဲ့ Project ကို Collateral နဲ့ပြန် ကာပြီးလုပ်တဲ့ Investment ဘဏ်တွေ က သပ်သပ်ရှိတယ်။ ဥပမာဆိုရင် ကိုကျော်မျိုးမင်းတို့လည်း သတိထားမိမှာပါ။ လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က တရုတ် ပြည်မတိုးတက်ခင်မှာ တရုတ်ပြည်က Travel and Tour နဲ့ပတ်သက်တဲ့ ရုပ်ရှင်လေးတစ်ခုပေါ့။ သူရဲ့မွေးရပ်မြေက ရှုခင်းလေးတွေက တအားလှတာ။ တစ်နေ့ကျတော့ ကောလိပ်ကျောင်းတက်ရင်းနဲ့ ကျောင်းကနေပြီးတော့ Trip တစ်ခုကို ထွက်တဲ့အခါ အဲဒီ Trip မှာ နိုင်ငံခြားသားတွေလည်း အများကြီးပဲလာနေကြတယ်။ ဒီမြို့ကနေသွားပြီးလည်နေတဲ့ နေရာ တစ်ခုကိုသွားတော့ ငွေဈေးဘယ်လောက်ပေးရတယ်။ လည်ကြတယ်။ သူကြည့်ပြီးတော့ ငါ့ရွာမှာဆိုရင် ဒီထက် အများကြီးလှတယ်ပေါ့။ ဒါကိုလုပ်မယ်ဆိုရင် သူက စာတမ်းလေးရေးတယ်။ သူကိုယ်တိုင်ကလည်း ကောလိပ် ကျောင်းသားဖြစ်နေပြီးတော့ ကျွန်တော်တို့ရွာရဲ့ဒီနေရာကို ကျွန်တော်တို့ က Tour Attraction နေရာလေးလုပ်ချင်တယ်။ ဘယ်လို တွေပြမယ်။ ကားနဲ့ဘယ်လို၊ သူက သေချာတွက်ချက်ပြီး တင်လိုက်တယ်။ တင်လိုက်တဲ့အခါမှာ ဟိုဘက်က ကြည့်ပြီးတော့ ဘဏ်ကလူတွေက သဘောကျတဲ့အခါ လိုက်လည်ကြည့်မယ်ကွာ။ မင်းငါ့ကိုလိုက်ပြ။ လိုက်လည် ကြည့်တဲ့အခါမှာ သူပြောသလိုပဲ ဒီနေရာက အရမ်း Tourist Attractionဖြစ်တယ်။ ဖြစ်သွားတော့ ဒီဒေသတိုးတက်ဖို့ အတွက် အရမ်းအထောက်အကူဖြစ်တော့ သူ့ကိုဘဏ်ကနေ ငွေထုတ် ချေးပေးလိုက်ရော။ ထုတ်ချေးပေးလိုက်ပြီးတော့ သူ့ Plan အတိုင်း အကောင်အထည်ဖော်၊ မဖော်ကို သူက(၃)လတစ်ကြိမ် Report တင်ရတယ်။ သူ့ဘာ သာသူအောင်မြင် သွားတဲ့အခါ အဲဒီဒေသတစ်ခုလုံး တိုးတက်သွားတယ်။ တိုးတက်သွားတော့ အဲဒီနေရာမှာ စားသောက် ဆိုင်တွေရောင်းရ တယ်။ အဲဒီဒေသတစ်ခုလုံးရဲ့လူမှုစီးပွားရေးတစ်ခုလုံးက တက်လာတယ်။ ဒါလေးကို အထောက်အကူပြုပြီးတော့ အဲဒီလိုမျိုးဖြစ်တဲ့ အကွက်လေးတွေ၊ အကွက်လေးတွေ၊ နိုင်ငံနှင့်အမျှ အများ ကြီးဖြစ်လာတာပေါ့။ ဆိုတော့ Tour လုပ်ငန်းတစ်ခုပဲရှိသေးတယ်။ Tour လုပ်ငန်းထဲကိုခေါ်သွင်းလာ နိုင်ရင် နောက်ကနေပြီးတော့ ပါလာမယ့် စားသောက်ကုန်တွေရောင်းရမယ်။ ကိုယ်ရဲ့ Culture တွေ မြင်လာမယ်။ Investment တွေ တိုးလာနိုင်တယ်။ အဲဒီလိုမျိုးတွေဖြစ်ဖို့ Policy Making နဲ့ အဲဒါက National Planning နဲ့ သက်ဆိုင်တယ်။ ကျွန်တော်တို့ဆီကဘဏ်တွေက ဘဏ်နဲ့ မတူဘူး။ ငွေပေါင် ချေးစားတဲ့ အပေါင်ဆိုင်နဲ့တူနေတယ်။ လုံးဝကို ပိုက်ဆံမရှိဘူးဗျာ။ အလုပ်လုပ်ချင်လို့ ငွေသွားချေး တယ်။ လုပ်ငန်းကိုမကြည့်ဘူး။ မင်းရဲ့ Collateral ဘာရှိလဲဆိုတော့ အဲဒီအပေါ်မှာ အတိုးကလည်းကြီး သေးတယ်။ ဒီ Collateral ရှိနေမှတော့ မြန်မာတွေက Risk ယူပြီးတော့ ဘယ်တော့မှ Risk ကိုမကြိုက် ကြဘူး။ အမှန်က လုပ်ရဲရင် မင်းဖြစ်တယ်ဆိုတာ ဒီက နေလာတာ။ အိမ်ရောင်းလိုက်မယ်။ အိမ်ငှားနေ ပြီးတော့ ဒီဟာကို ရင်းနှီးလိုက်မယ်။ အောင်မြင်သွားမှ သူ အိမ်ပြန်ဝယ်မယ်။ ဒီဟာစွန့်စားမှုမျိုးကို မြန်မာတွေ ကမလုပ်ရဲကြဘူး။ များတယ်။ Culture ပေါ့။ ဒါလေးတွေကလည်း တကယ် သေချာ ပေါက်ရှိတယ်ဆိုရင် လုပ်ရမှာပေါ့။ လုပ်သင့်ရင်လုပ်ရမှာပေါ့။ ဆိုတော့ အဲဒါမျိုး Banking Facilities အားနည်းတဲ့အတွက် မြန်မာပြည်မှာ အလုပ်ဖြစ်သင့်ရဲ့နဲ့ အလုပ်မဖြစ်တာ အများကြီး။ အဲဒီတော့ National Planning ဆိုတာ မီးပိုင်းဆိုင်ရာ Infrastructure လမ်းပိုင်းဆိုင်ရာ အဲဒါ တွေအကုန်လုံးကို မျှကြည့်ပြီးတော့ သူက Plan ဆွဲ တာ ဘယ်နှစ်မှာတော့ မြန်မာပြည်မှာ မိုင်ပေါင်းဘယ် လောက် ဘယ်ရွာအထိ စက်မှုထုတ်ကုန်လမ်းတွေ ပါရမယ်။ လက်မှုထုတ်ကုန်လမ်းတွေ ပါရမယ်။ ပြီးရင် မီးဘယ် လောက်ပေးနိုင်ရမယ်။ ဒါမျိုးတွေ ဖြစ်လာဖို့လို တာလေ။ အဲဒီလိုမျိုး Plan မရှိတဲ့အတွက် ပလန်က စာရွက်ထဲမှာပဲရှိနေလို့ မရဘူးလေ။ တကယ်ဖြစ်ဖို့လည်းလိုသေးတာပေါ့။
ကျော်နု - အင်းပေါ့။ လက်ရှိအစိုးရကတော့ ပြောမှာပဲ ပေါ့။ Planning တွေကတော့ရှိတယ်။ လက်ရှိနိုင်ငံရေးအခင်း အကျင်းကြီးအရ လုပ်လို့မရတာရှိတယ်။ စသည်ဖြင့်ပေါ့။ အခင်းအကျင်းက နိုင်ငံက ရုတ်ရုတ်ဖြစ်နေတာ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ လောလောဆယ် တော့ လုပ်လို့မရသေးဘူး။ ပလန်တော့ ရှိပါတယ်ပုံစံ မျိုးပေါ့။ သူတို့ပြောကြမှာပေါ့။
ဆွေးနွေးဖော် - လက်ရှိဖြစ်နေတဲ့အခြေအနေပေါ့။ ဥပမာ သောင်းကျန်းသူတွေကအခွင့်ကောင်းယူပြီး တော့ နယ်မြေ တိုးချဲ့လာတာတို့ရှိတာပဲလေ။ အမှန်ကတော့ ဒါတွေက တိုးတက်ဖို့အားနည်းလို့ ဒါတွေက လည်း အခြေခိုင်နေတာလေ။ နောက်တစ်ခါ သောင်း ကျန်းသူတွေက ဒီလက်နက်ကိုအားကိုးပြီး သူတို့က လည်း စီးပွားရေးရှာစားနေတာလေ။ သူတို့မှာ တပ်သားတွေ ဘယ်နှထောင်ရှိတယ်၊ ဘယ်နှသောင်းရှိ တယ်။ ဒီဟာတွေကို အခုလည်း ညှိနှိုင်းနေကြတာပေါ့။ ဒါကတော့ သောင်းကျန်းသူတွေက ကျွန်တော့် အမြင်ကတော့ ဒီလက်နက်နဲ့ ပိုက်ဆံရှာစားရတာ မတရားလွယ်နေတဲ့အတွက် သူတို့ကလည်း တော်ရုံနဲ့ မညှိနှိုင်းချင်နေကြဘူး။ ငြိမ်းချမ်းရေးကိုလည်း သူတို့က ကြောက်နေကြတာ။ မငြိမ်းချမ်းချင်ဘူးပေါ့။ ငြိမ်းချမ်းရင် သူတို့အတွက်ခွက်ပျောက်မှာကိုး။ သူတို့ကို ကျွန်တော်တို့က ဘာစီးပွားရေးနဲ့လဲမလဲ။ ကျွန်တော်တို့က ချပေးရမှာ။ ဆိုပါစို့ မင်းတို့ကို ငါတို့က ဒီမိုင်းတစ်ခုကို ပေးမယ်။ အဲဒီမိုင်းကို မင်းတို့လုပ်။ အခွန်ကတော့ တရားဝင်ဆောင် ဒီကရမယ့်အကျိုးအမြတ်နဲ့ မင်းတို့ ဘာလုပ်ငန်းတွေလုပ်ကြမလဲ။ ဘောင်ထဲကလုပ်။ အခွန်ဆောင်စရာရှိတာဆောင်။ မင်းတို့ကို လုပ်ငန်းတွေ ချပေးမယ်။ ပြီးသွားရင် ငါတို့ သက်ညှာပေးတဲ့အနေနဲ့ အခွန်မကောက်ဘဲနဲ့ သီးနှံတွေပေး။ နီးစပ်တဲ့တရုတ် ပြည်ပို့တာတို့။ ဒါဆိုရင် မင်းတို့ သူပုန်မထတော့ဘူး။ ငြိမ်းချမ်းသွားပြီ ဆိုပါစို့။ သူတို့ကလည်း ပင်ပင်ပန်းပန်း လုပ်ပြီးရတဲ့ငွေ တော့ သိပ်မလိုချင်တော့ဘူးလေ။ အခုဆိုရင် သစ်မှောင်ခိုတွေ၊ ကျောက်မှောင်ခိုတွေကို သူတို့ကိုယ်တိုင် လုပ်ရင်လုပ်တယ်။ ပြည်တွင်းမှောင်ခို တွေကို နိုင်ငံခြားသားတွေခေါ်သွင်းလုပ်ရင်းနဲ့ သူတို့ လည်း အဲဒီဘက်ခြမ်းမှာ အသားသေနေတော့ ငြိမ်းချမ်းဖို့ကို သူတို့ကလည်းကြောက်တယ်။ အဲဒါတွေကို တစ်နည်းနည်းပေါ့နော်။ အချိန်ယူပြီးတော့ ရှင်းသွားမှရမှာလေ။ မလေးရှားမှာ အရင်တုန်းက သူပုန်တွေရှိ တယ်။ မလေးရှားနဲ့ထိုင်းနဲ့ အစပ်ဘက်မှာလေ အစိုးရက ဘာလုပ်လဲဆိုတော့ သူက ဘိလပ်မြေစက်ရုံ တစ်ရုံကို အဲဒီမှာ သူတို့နဲ့နီးနီးစပ်စပ်မှာချထားပေးလိုက်တယ်။ Project ပေါ့။ စီမံကိန်းတွေကို ချပေး ထားလိုက်တယ်။ အဲဒီစီမံကိန်းကို အပြင်စည်းအနေနဲ့ နည်းနည်း ကာဗာလေးလုပ်ပေးထားလိုက်တယ်။ အဲဒီ စီမံကိန်းက လုပ်ရင်းကိုင်ရင်းနဲ့တိုးတက်လာတဲ့အခါကျတော့ အဲဒီဒေသက အလုပ်ရလာကြတယ်။ အဲဒီ တပ်သားတွေ၊ မိသားစုတွေကပဲ ဒီမှာအလုပ်တွေ လုပ်လာကြတယ်။ ဒေသစည်ကားပြီး ဖွံ့ဖြိုး လာကြတယ်။ စည်ကားဖွံ့ဖြိုးလာတဲ့အတွက် အစားအသောက်တွေရောင်းလာရတယ်။ ကုန်လေး တွေရောင်းလာတယ်။ ဆိုင်လေးတွေ ဖြစ်လာတယ်။ အဲဒီနေရာက မြို့ကြီးလို ဖြစ်လာရော။ ဘိလပ်မြေ စက်ရုံတစ်ရုံဆိုတာ လူ သုံး၊ လေး၊ ငါးရာ လိုတာလေ။ အဲဒီ သုံး၊ လေး၊ ငါးရာနဲ့ ဆက်နွှယ်ပြီးတော့ မိသားစု သုံး၊ လေး၊ ငါးရာ ရောက်လာတဲ့အခါကျတော့ လူထောင့်လေးငါးရာဖြစ် လာတယ်။ လူ ထောင့်လေးငါးရာဖြစ်လာတဲ့အတွက် ဈေးလေးတွေ ရှိလာတယ်။ အဲဒီလိုနည်းနဲ့စည်ကားလာ တဲ့အခါ သူပုန်က သူနဲ့ဝေးရာထပ်သွားရပြန်ရော။ တဖြည်းဖြည်းနဲ့ သူပုန်နောက်ဆုတ်သွားတာပေါ့။ ဒီနည်းနဲ့ တိုင်းပြည်ကို Develop ဖြစ်အောင်လုပ် တာမျိုး။ အလယ်ကောင်ကနေ တဖြည်းဖြည်းချဲရင်းနဲ့ သူတို့ကို နယ်စပ်ရောက် အောင်တွန်းပို့ပစ်လိုက်တယ်။ နယ်စပ်ရောက်သွားတဲ့ အခါကျတော့ ဟိုဘက်နိုင်ငံ၊ ဒီဘက်နိုင်ငံ ညှိပြီးထိန်းထားလို့ရတယ်လေ။ ဒီအစိုးရ ကတော့ ဒီစီးပွားရေးကို အခိုင်အမာအခြေချ ပြီးလုပ်ဖို့အတွက် ဒီသုံးနှစ်ဆိုတဲ့ ကာလကတော့ အရမ်းတို တယ်။ လုပ်နိုင်ဖို့ခက်နေသေးတာပေါ့။ ဒါပေမဲ့ ရွေး ကောက်ပွဲတွေလုပ်ပြီးတော့ ရေရှည်သွားတော့မယ် ဆိုရင်တော့ ခုနက ကျွန်တော်ပြောတဲ့ Plan ပေါ့။ ဘယ်အရာမဆို Plan မရှိရင် ဘာမှလုပ်လို့မရဘူး။ National Planning က အရမ်းအရေး ကြီးပါတယ်။ National Planning ကိုကိုင်တွယ်တဲ့ဝန်ကြီးသည် vision ကောင်းဖို့လိုတယ်။ စီးပွားရေးကို နိုင်ငံ တကာနဲ့ နှံ့နှံ့စပ်စပ်သိဖို့လိုတယ်။ တကယ် တိုင်းပြည် အတွက် စေတနာရှိတဲ့လူ ဖြစ်ဖို့လိုတယ်။ နောက်တစ် ခါ သူ့အောက်က ဝန်ကြီးဌာနတိုင်းရဲ့ Planning Department ကိုင်တဲ့ (DG)တွေအားလုံး သည် ပညာရှင်တွေဖြစ်ဖို့လိုတယ်။ တကယ်ကို တိုင်းပြည်ကို လည်း ဖြစ်စေချင်တဲ့စေတနာရှိတဲ့လူ ဖြစ်ဖို့ လိုတယ်။ ကျွန်တော်တို့ ဟိုအရင် ဦးအောင်နိုင်ဦးဆိုရင် တော်တော်လေး လေ့ကျင်ထားပေးပြီးတော့ အရမ်းကို ပြည့်စုံသွားတဲ့အချိန်ကျတော့မှ နားရတဲ့ပုံစံမျိုးဖြစ် သွားတာပေါ့။ သူ့အသက်အရွယ် ကြီးသွား တာလည်းပါ မှာပေါ့။ အဲဒီလိုတွေ ဖြစ်တာပေါ့။ တချို့ကျတော့လည်း တော်ရဲ့သားနဲ့ တလွဲဆံပင် ကောင်း တာမျိုးလည်း ရှိတာပေါ့။ ဒေါက်တာ ဆက်အောင်တို့ဆိုရင် အမှန်က တော့ တော်တယ်။ ဒါပေမဲ့ လွဲကုန် ကြတာပါပဲ။ နောက် မြန်မာပြည်ကလည်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှု တွေများတဲ့အခါကျတော့လည်း နည်းနည်းလေး ခက်တာပေါ့။
ကျော်နု - အင်းပေါ့။ အစိုးရလည်း လက်ရှိ ဟို့နေက ဗိုလ်ချုပ်မှူးကြီး သူ့မိန့်ခွန်းမှာလည်းပြောတယ်။ စီးပွားရေးက တိုးတက်မလာဘူးဆိုတာ သူဝန်ခံထား တယ်။ တစ်ချိန်တည်းမှာပဲ ကုန်ဈေးနှုန်းတွေတက် တာ သူပြောထားတယ်။ ကိန်းဂဏန်းတွေကလည်း သူအမှန်မရဘူးဆိုတာလည်း ဝန်ကြီးဌာနကို သူပြော ထားတယ်။ သူလည်းသူ့အခြေအနေကိုသိနေတဲ့ပုံ ပေါ်တယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ ရေ တို Plan ပေါ့။ လူတွေရဲ့အသံက စီးပွားရေး အဆင်မ ပြေမှုအသံတွေ မျိုးစုံထွက်တယ်။ ရေတိုပလန်နဲ့ ဒီ အစိုးရ လုပ်လို့ရတာဘာရှိမလဲ။
ဆွေးနွေးဖော် - ရေတို Plan နဲ့လုပ်လို့ရတာ ဘာရှိ မလဲဆိုတော့ မှန်ပါတယ်။ ဒီကျွန်တော်တို့ တပ်ချုပ် ကြီးဆီကို သတင်းတွေအမှန်မရောက်ဘူးဆိုတာ။ ဒါ အောက်မှာ တော်တော်များများက တပ်မတော် သတင်း တွေကအစ၊ စီးပွားရေးသတင်းတွေကအစ လူကြီးကို ပြောလိုက်ရင် စိတ်မကောင်း ဖြစ်သွား မယ်။စိတ်မချမ်း မသာဖြစ်သွားမယ်ဆိုတဲ့ တလွဲစေတနာပေါ့။ အဲဒါက ဘာမှအမှန်မသိတဲ့အခါကျတော့ ဆုံးဖြတ်ရတာ မှား ကုန်တာတွေဖြစ်တာပေါ့။ အဓိကကတော့ အမြန်ဆုံး ဆိုတာလေ။ ဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့လူတွေ သိပါတယ်။ မီးကို အမြန်ဆုံးလုပ်လို့ရတယ်။ အမြန်ဆုံးရအောင်လုပ်ပါ။ တစ်နှစ် အတွင်း မီးလင်းအောင် လုပ်ပါတယ်။ ဘယ်နည်းနဲ့မဆို လင်းအောင်လုပ်ပါ။ မီတာခဈေးတက်တာကို ကျွန်တော် တို့မကြောက်ပါ ဘူး။ မီးမှန်ဖို့ပဲလိုတယ်။ တိုင်းသူပြည်သားတွေကလည်း နိုင်ငံတကာမှာ မီတာခ ဘယ်လောက်ပေးနေ ရတယ်။ ငါတို့တိုင်းပြည်မှာ ဘယ်လောက်ပေးရတယ်။ ပေးကြပါ။ ကျွန်တော်ပြောတာ မီးရှိရင် ဒီမီးနဲ့ပတ်သက် ပြီးတော့ ထုတ်ကုန်တွေအများကြီးလုပ်လို့ရတယ်။ အခြေခံစားကုန်သောက်ကုန်တွေကို အမှီပြုပြီးတော့ Value Added ပစ္စည်း ဖြစ်နိုင်အောင်ကြိုးစားပါ။ အဲဒီလိုတွေ Value Added ဖြစ်တဲ့ပစ္စည်းတွေကို အစိုးရပိုင်းက တခြားနိုင်ငံတွေကို Export ထွက်တဲ့ အခါမှာ မြန်မာပစ္စည်းတွေကို ဈေးကောင်းရအောင်နဲ့ မြန်မာပစ္စည်းကို အခွန်မဆောင်ဘဲနဲ့ လက်ခံနိုင် အောင် G to G လက်မှတ်ထိုးတဲ့ကိစ္စလေးတွေကို မြန်မြန်လုပ်ပါ။ အဲဒါမျိုးလေးတွေကိုလုပ်ပေးနိုင်ရင် ဒါအမြန်ဆုံးပေါ့နော် ဖြစ်လာနိုင်တယ်။ စားသောက်ကုန်က အဓိကအရေးကြီးတာကိုး။ စားတယ်ဆိုတာ လူတိုင်း စားနေရတာလေ။ နောက်ဆုံး နိုင်ငံခြားကိုမပို့ရင် တောင် ဒီမှာထုတ်လုပ်မှုများလာတဲ့အတွက် ပေါပေါ များများစားလာရမယ်ဆိုရင် အဆင်ပြေတာပေါ့နော်။ အခြေခံစားသောက်ကုန်တွေ ဈေးပေါဖို့လို တယ်။ နောက်တစ်ခုက ဆန်က ဈေးကောင်းရတဲ့ဆန်ရှိတယ်၊ ဈေးကောင်း မရတဲ့ဆန်ရှိ တယ်။ ဈေးကောင်းရတဲ့ ဆန်ကို နိုင်ငံခြားကိုရောင်းပြီး ဈေးကောင်းမရတဲ့ ဆန်ကို မြန်မာပြည် ခဏတစ်ဖြုတ် စားပြီးတော့ ငွေစု ကြဖို့လိုတာပေါ့။ ဒါမျိုးလေးတွေတော့ လိုတာပေါ့။ ဈေးကောင်းရတဲ့ဆန်တွေကိုစားပြီး ဈေးကောင်းမရတဲ့ ဆန်တွေကို Export ပို့နေလို့လည်း ဒါကတော့ အ တိုင်းအတာတစ်ခုအထိ သည်းခံ ရမှာပေါ့။ ဝိုင်းကြိုး စားရင် မြန်မာပြည်က အခြေခံကောင်းတွေ အများ ကြီးရှိပါတယ်။ ဒါပေမဲ့ ခုနက ကျွန်တော်ပြောတဲ့ အောက်ခြေမှာ တကယ်အလုပ်လုပ်တဲ့လူတွေကို အနိုင်ကျင့်နေတဲ့ မြို့နယ် မြေစာရင်း မှူးတွေ၊ နောက် တစ်ခါ အခွန်မှူးတွေ၊ နောက်တစ်ခါ ဌာနဆိုင်ရာအသီး သီးက မြို့နယ် Level တွေဟာ အစိုးရဆီကလစာယူ ထားပြီး လူတွေကို Service ပေးရမယ်ဆိုတာကို မေ့၊ မောက်မာစွာ ဟောက်ဟမ်း ပြီးတော့ ငါတို့ပေးမှ မင်းတို့ရမယ်ဆိုတဲ့ပုံစံမျိုး ပြောင်းပြန်တွေဖြစ်နေတာ ကတော့ မြို့နယ်တိုင်း နေရာတိုင်း တော်တော်များ များမှာတွေ့ရတယ်။ အဲဒါတွေကို ဝန်ကြီးချုပ်တွေက ဖျောက်ဖျက်ပေးနိုင်ဖို့ လိုတယ်။ တိုင်းဒေသကြီး၊ ပြည် နယ်ဝန်ကြီးချုပ်တွေကတော့ ဒီအကျင့်တွေကို ဖျောက် ဖျက်ပေးနိုင်ဖို့လို တာပေါ့။ အဲဒါတွေက တော်တော်ဆိုး ဆိုးဖြစ်နေတာ။ မြေကြီးနဲ့ပတ်သက်တဲ့ Policy တွေ ပြင်ရမယ်။ ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ Policy တွေ ပြင်ရမယ်။ နောက်တစ်ခါ ကုန်သည်တွေကြီးပွားပြီး တကယ်စိုက် တဲ့လူတွေက မွဲနေတာတွေမဖြစ်အောင် ပြင်ရမယ်။ တိုက်ရိုက်ရောင်းချနိုင်တဲ့ဈေးတွေ လုပ် ပေးရမယ်။ ခုနကပြောတဲ့ MEIC တွေ ပြန်ဖွဲ့ပေးဖို့ လိုတယ်။ မြို့နယ်အလိုက် အဖွဲ့ဖွဲ့ပြီးတော့ နောက်ဆုံး Government က ဒီပစ္စည်းကိုလှောင်ထားတယ်။ ပြောင်းဆိုရင် စထွက်ကာစက ဒေါ်လာတစ်ရာ့နှစ် ဆယ်၊ ကုန်သည်တွေက တစ်ရာ့နှစ်ဆယ်နဲ့ဝယ်ထား လိုက်မယ်။ မရောင်းသေးဘူး။ နောက်ထပ် တစ်ရာ့ လေးဆယ် ဝယ်ထားလိုက်တယ်။ တစ်ရာ့ခြောက်ဆယ် ဝယ်ထားလိုက်တယ်။ နှစ်ရာဝယ်ထား လိုက် တယ်။ ပြီး တော့မှ ဟိုဘက်ကို နှစ်ရာ့ငါးဆယ်၊ သုံးရာ ဒါမျိုးနဲ့ ရောင်းတာ။ ထိုင်းကို ရောင်းတာပေါ့နော်။ လယ်သမား ဆိုတာမျိုးကတော့ အခုထွက် အခုရောင်းတာပေါ့။ လှောင်ထားနိုင်တဲ့ငွေမရှိဘူး။ သူနောက် ထပ် တစ်လ လောက်လေးလှောင်လိုက်တာနဲ့ တစ်ရာ့ခြောက်ဆယ် လေးရမယ်။သူလည်းသိတယ်။ အဲဒါမျိုးကို Short term အနေနဲ့ ဘဏ်ကနေဝယ်ပြီးတော့ ခဏထောက် ထားပေးမလား။ ဒါ Banking Policy ဆိုတာ ဒါပဲ။သူ့ပြောင်းကုန်ကြီးကို မြင်နေရတဲ့အတွက် နင့်ဒါကြီး ကို ဂိုဒေါင်ထဲမှာ စည်းလုပ်ထား။ ပိုက်ဆံထုတ်ပေး မယ်။ အာရှဓနဘဏ်ခေတ်တုန်းက အဲဒီလိုမျိုးတွေ လုပ်ပေးခဲ့တာ ဘဏ်ကလေ။ မင်းဂိုဒေါင်ထဲမှာ ပြောင်းကုန်ကြီး ဘယ်နှတန်လို့မြင်နေရတယ်။ နောက်လမှာ တစ်ရာ့ ခြောက်ဆယ်ဖြစ်မယ်။ ရော့ တစ် ရာနဲ့ပေါင် မင်းပိုက်ဆံယူထား တစ်ရာ့ခြောက်ဆယ်ရမှ သူ့ရောင်း တယ်လေ။ သူကလည်း အများကြီးယူတာ မဟုတ်ဘူး။ သူသုံးလတောင့်ခံနိုင်ဖို့ တစ်ရာ့ခြောက် ဆယ်ရမှ သူရောင်းလိုက်ရင် သူပြည့်ပြည့်ဝဝရတယ်။ အခုက လယ်သမားနဲ့ကုန်သည်ကြားမှာ ဟနေတာ အဲဒီ ပြဿာနာပဲ။ ပြောင်းက ရာသီအစရှိတယ်။ ရာသီ အကုန်ရှိတယ်။ ကုန်သည်ဆိုတဲ့အကောင်က ငွေ ထိန်းနိုင်တယ်။ ကုန်သည်ဆိုတဲ့အကောင်မှာ ကျွန် တော်ပြောတာက UMFCCI ကောင်တွေ အများ ကြီးပဲ။ သူတို့က လွှတ်ထားတဲ့အဝယ်တော်တွေ ချည်းပဲ။ သူတို့က ဟိုဘက်နိုင်ငံမှာ ဘယ်လောက်နဲ့ ရောင်းရ မလဲ။ ဈေးက သူတို့လက်ထဲမှာပဲရှိတာ။ ဒီအောက်ကိုချမပြဘူး။ ကျွန်တော်တို့ကသာ အလှမ်း မီနေလို့သာ မြင်နေတာ။ တကယ်တမ်း တစ်တိုင်းပြည် လုံးရဲ့စီးပွားရေးက UMFCCI ရဲ့ကောင်တွေတော်တော်များ များကြောင့်ပျက်နေတာ။
ကျော်နု - ပို့ကုန်သွင်းကုန် မူဝါဒကော။ အစိုးရသွင်း ကုန် ပို့ကုန်မူဝါဒကလည်း တချို့ ပို့ကုန်မူဝါဒရှိတယ်။ သွင်းကုန်မူဝါဒ ရှိတယ်။ အဲဒီမူဝါဒက Balance ဖြစ် နေတယ်ထင်လား။ အခုအနေအထားက။
ဆွေးနွေးဖော် - အခု ဒီလိုလေ။ တိုင်းပြည်မှာ ဒေါ်လာ ရှားတဲ့အခါကျတော့ Import ကို လုပ်ချင် တိုင်းလုပ်လို့မရဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာဈေးက စားတဲ့လူတွေကလည်းရှိ နေတာကို အဓိကက အခြေ ခံအချက်ကတော့ မြန်မာလူမျိုးတွေက မြန်မာပြည်ကို တကယ်မချစ်ကြဘူး ဆိုတဲ့ဟာ ပေါ်မှာ ကိုယ်ရဲ့ မိသားစုနဲ့ ကိုယ့်အတွက်ကောင်းစားရေးလောက်ကိုပဲ အမြဲဦးစားပေးတဲ့အခါကျတော့ ဒါတွေက ခက်ကုန်တာပေါ့။ အမှန်ဆိုရင်တော့ မလိုအပ်တာမဝယ်ဘူး။ မလိုအပ်ဘဲနဲ့ ဒီဒေါ်လာတွေ မလှောင်ထားဘူးဗျာ။ လူတိုင်း အဲဒီလိုစိတ်ရှိနေရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဒေါ်လာရှားတော့ ပို့ကုန်နဲ့အရင်ပို့ပြီးတော့မှ အဲဒီငွေနဲ့ မင်းကြိုက်တာပြန်သွင်းဆိုတဲ့အခါမျိုးကျတော့ လက်ရှိအခြေအနေ မှာတော့ ခေတ်စနစ်နဲ့အညီ ထုတ်ထားရတာဖြစ်တဲ့အတွက် လိုက်လျောညီထွေရှိ ပါတယ်။ ဒါပေမဲ့ Incentive တွေပေးရမယ်။ အဓိက ကတော့ မင်းဘယ်လောက်အထိပို့နိုင်တယ်။ မင်း ဘယ်လောက်အထိ Incentive ပေးမယ်ပေါ့။ ပို့ကုန်ကနေရလာတဲ့ ငွေကိုကျတော့ ဘယ်နှရာခိုင်နှုန်း အပ်ပြီးတော့ ဘယ်နှလ အတွင်းဆိုတဲ့ တချို့ဟာတွေ ကတော့ နည်းနည်းများတာပေါ့။ သူ့ကို ပို့သာအောင်၊ လုပ်သာအောင် Rule လေးဖန်တီးပေးလိုက်ရင် ပြန်သွင်းလာတဲ့အခါကျရင်လည်း နိုင်ငံအတွက် ဘယ် လိုပဲ ဦးစားပေးကိုသွင်း။ ဆိုပါစို့ ဆေးဝါးတွေသွင်းရမယ်။ လောင်စာဆီသွင်းလာတယ်။ ဒါတွေကတော့ တကယ် UMFCCI ကမဟုတ်ဘဲနဲ့ ဆီလုပ်ငန်းရှင်များအ သင်း အောက်ကမဟုတ်ဘဲနဲ့ မင်းသွင်းလာမယ်ဆို ရင်လည်း ခွင့်ပြု ပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ ငွေကို သူသွင်းတာလေ။ သူ့ကြိုက်တာသူသွင်းခွင့်ပေး ပေါ့။ သူက အဲဒီလိုမဟုတ်ဘူး။ မင်းက PPRD ထဲက မဟုတ်တဲ့အတွက် PPRD ထဲကပေးသလောက်ပဲ မင်းသွင်း ရမယ်ဆိုတော့ ဟိုက Control လုပ်ထား ပြီးသား PPRD မှာ (၁၀) ကုမ္ပဏီပဲရှိတယ်ဆိုတော့ ဒီ (၁၀) ကုမ္ပဏီပဲမျှပြီးတော့ ဘယ်လောက်ထိဆိုးလဲ ဆိုရင် ဆီကုန်သည်တွေရောက်နေပြီ။ ဆီတွေ လှောင် ထားတာကအစသိတယ်။ ဆီပြတ်သွားပြီဆိုပြီးတော့ ဈေးကိုဆွဲတင်ပြီးတော့ တက်သွားတော့မှ အဲဒီ ဆီ ကို ရောင်းတာ။ အဲဒီလောက်ထိမြန်မာပြည်မှာ ဆိုးတဲ့လူ တွေရှိတယ်။ အကုန်လုံးသာလျှောက်ပြောရင် အရိုက်ခံရမှာ။ ဒီကောင်တော့ကွာ အဲဒီလိုဖြစ်မှာ။ သိတိုင်းလည်းပြောဖို့ခက်တာပေါ့။ ဒါတောင် ကျွန် တော်တော် တော်ထိန်းပြီးချန်ပြီး ပြောနေတာ။ ဒီထက်ဆိုးတာတွေ အများကြီးရှိတယ်။
(ဆက်လက်ဖော်ပြပါမည်)
Zawgyi Version;
စီးပြားေရးကိုအခိုင္အမာေျခခ်လုပ္ဖို႔ ဒီအစိုးရအတြက္ သုံးႏွစ္က အခ်ိန္တိုလြန္းတယ္ (အပိုင္း -၃)
ေစာ (NP News) - ဇန္နဝါရီ ၂
ေက်ာ္ႏုႏွင့္ေဆြးေႏြးေဖာ္မ်ား အလြတ္သေဘာေဆြးေႏြးမူ၏ ယခုတစ္ႀကိမ္အစီအစဥ္သည္ စီးပြားေရးက႑အတြက္ ျဖစ္၏။ ေရတိုေရရွည္ႏွင့္ ျပဳျပင္ေျပာင္းလဲသင့္ေသာအခ်က္မ်ားကို ေဆြးေႏြးေဖာ္က ေထာက္ျပအႀကံျပဳထားသည္။ အပိုင္း(၄)ပိုင္းျဖင့္ ေဖာ္ျပမည္ျဖစ္ၿပီး အခန္းဆက္အျဖစ္ ေစာင့္ဆိုင္းဖတ္ရႈေစလိုပါသည္။
ေက်ာ္ႏု - ေနာက္တစ္ခုက စီမံကိန္းဆြဲတဲ့ National Planning Department ပုံစံမ်ိဳးေပါ့။ အဲဒါႀကီးက တကယ့္ ရင္းႏွီးျမႇဳပ္ႏွံစီးပြားဆက္သြယ္မွာလည္းရွိတယ္။ သူက စီမံဘ႑ာမွာလည္းရွိပါတယ္။ သူတို႔လုပ္ရပ္ေတြက ရလဒ္ မေတြ႕ရတာလား။ ဘယ္လိုမ်ိဳးျမင္ရလဲ။ သူတို႔လုပ္ေနတဲ့ပုံစံမ်ိဳးကိုၾကည့္ၿပီးေတာ့ ဘယ္လိုျမင္လဲ။
ေဆြးေႏြးေဖာ္ - လက္ရွိ တိုင္းျပည္ျဖစ္ေနတဲ့ အေျခအေနက အေျဖပဲေလ။ တိုးတက္ေနသလား။ က်ရႈံးေနသလား ဆိုတာ လက္ရွိျဖစ္ေနတဲ့အေျခအေနက အေျဖပဲ။ ကြၽန္ေတာ္ဆိုလိုတာက National Planning ေအာက္မွာ ဝန္ႀကီးဌာန အားလုံးရဲ႕ Planning Department က DG ေတြရွိရမယ္။ National Planning ကေနၿပီးေတာ့ ဥပမာ မီးနဲ႔ပတ္သက္ၿပီး ေတာ့ ငါတို႔တိုင္းျပည္မွာ ဘာလိုေနလဲ၊ မီးလိုေနလား။ ေရလို ေနလား။ စိုက္ပ်ိဳးထုတ္လုပ္မႈဘက္ကေကာ ဘာလိုေနလဲ။ စက္မႈထုတ္ကုန္ပိုင္းဆိုင္ရာ လိုေနတာလား။ ငါ တို႔တိုင္းျပည္ရဲ႕အားသာခ်က္က ဘာလဲ။ အဲဒီေတာ့ ငါတို႔ တျခား တိုင္းျပည္ေတြလို အလားတူတိုးတက္လာေအာင္ ဘဏ္စနစ္ေတြ ျပဳျပင္ဖို႔လိုသလား။ Planning မွာအကုန္ပါတယ္။ National Planning မွာေလ။ ဥပမာ ဘဏ္စနစ္ေတြက ကြၽန္ေတာ္တို႔ တိုင္းျပည္က ဘဏ္ေတြရဲ႕ Facilities အရမ္းအား နည္းတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔တိုင္းျပည္က ဘယ္ေလာက္လုပ္ႏိုင္လုပ္ႏိုင္ ေငြမရွိရင္ လုပ္လို႔မရဘူး။ သူမ်ားတိုင္းျပည္မွာ ဒီလူလုပ္ႏိုင္တယ္။ ဘဏ္ရဲ႕ Supporting ယူၿပီးေတာ့ အလုပ္လုပ္သြားလို႔ေအာင္ျမင္သြားလို႔ ကုမၸဏီ အႀကီးႀကီးေတြ ျဖစ္ကုန္ၾကတယ္။ ဘယ္တိုင္းျပည္မွာမွ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္အလုပ္လုပ္တယ္ဆိုတာမရွိဘူး။ ဘဏ္နဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ေပါင္းၿပီးေတာ့ အလုပ္လုပ္ၾကတယ္။ ဒီလုပ္ငန္းမွာ ဘဏ္ကိုလည္းမဆုံးရႈံးေအာင္ Policy ေတြနဲ႔ Law ေတြနဲ႔ ကာကြယ္ေပးထားတယ္။ စီးပြားေရးလုပ္ငန္းရွင္ကလည္း ဒီဟာကို အလုပ္ထဲမွာ တိတိက်က် ေရာက္ၿပီး အလုပ္လုပ္ႏိုင္ဖို႔အတြက္ကို Feasibility Study လုပ္ရတယ္။ Final Analysis ေတြ လုပ္ရတယ္။ ၿပီးရင္ ဘဏ္က လူေတြက ကြင္းဆင္းစစ္ၿပီး ေတာ့ လုပ္တဲ့ Project ကို Collateral နဲ႔ျပန္ ကာၿပီးလုပ္တဲ့ Investment ဘဏ္ေတြ က သပ္သပ္ရွိတယ္။ ဥပမာဆိုရင္ ကိုေက်ာ္မ်ိဳးမင္းတို႔လည္း သတိထားမိမွာပါ။ လြန္ခဲ့တဲ့ (၁၀)ႏွစ္ေလာက္က တ႐ုတ္ ျပည္မတိုးတက္ခင္မွာ တ႐ုတ္ျပည္က Travel and Tour နဲ႔ပတ္သက္တဲ့ ႐ုပ္ရွင္ေလးတစ္ခုေပါ့။ သူရဲ႕ေမြးရပ္ေျမက ရႈခင္းေလးေတြက တအားလွတာ။ တစ္ေန႔က်ေတာ့ ေကာလိပ္ေက်ာင္းတက္ရင္းနဲ႔ ေက်ာင္းကေနၿပီးေတာ့ Trip တစ္ခုကို ထြက္တဲ့အခါ အဲဒီ Trip မွာ ႏိုင္ငံျခားသားေတြလည္း အမ်ားႀကီးပဲလာေနၾကတယ္။ ဒီၿမိဳ႕ကေနသြားၿပီးလည္ေနတဲ့ ေနရာ တစ္ခုကိုသြားေတာ့ ေငြေဈးဘယ္ေလာက္ေပးရတယ္။ လည္ၾကတယ္။ သူၾကည့္ၿပီးေတာ့ ငါ့႐ြာမွာဆိုရင္ ဒီထက္ အမ်ားႀကီးလွတယ္ေပါ့။ ဒါကိုလုပ္မယ္ဆိုရင္ သူက စာတမ္းေလးေရးတယ္။ သူကိုယ္တိုင္ကလည္း ေကာလိပ္ ေက်ာင္းသားျဖစ္ေနၿပီးေတာ့ ကြၽန္ေတာ္တို႔႐ြာရဲ႕ဒီေနရာကို ကြၽန္ေတာ္တို႔ က Tour Attraction ေနရာေလးလုပ္ခ်င္တယ္။ ဘယ္လို ေတြျပမယ္။ ကားနဲ႔ဘယ္လို၊ သူက ေသခ်ာတြက္ခ်က္ၿပီး တင္လိုက္တယ္။ တင္လိုက္တဲ့အခါမွာ ဟိုဘက္က ၾကည့္ၿပီးေတာ့ ဘဏ္ကလူေတြက သေဘာက်တဲ့အခါ လိုက္လည္ၾကည့္မယ္ကြာ။ မင္းငါ့ကိုလိုက္ျပ။ လိုက္လည္ ၾကည့္တဲ့အခါမွာ သူေျပာသလိုပဲ ဒီေနရာက အရမ္း Tourist Attractionျဖစ္တယ္။ ျဖစ္သြားေတာ့ ဒီေဒသတိုးတက္ဖို႔ အတြက္ အရမ္းအေထာက္အကူျဖစ္ေတာ့ သူ႔ကိုဘဏ္ကေန ေငြထုတ္ ေခ်းေပးလိုက္ေရာ။ ထုတ္ေခ်းေပးလိုက္ၿပီးေတာ့ သူ႔ Plan အတိုင္း အေကာင္အထည္ေဖာ္၊ မေဖာ္ကို သူက(၃)လတစ္ႀကိမ္ Report တင္ရတယ္။ သူ႔ဘာ သာသူေအာင္ျမင္ သြားတဲ့အခါ အဲဒီေဒသတစ္ခုလုံး တိုးတက္သြားတယ္။ တိုးတက္သြားေတာ့ အဲဒီေနရာမွာ စားေသာက္ ဆိုင္ေတြေရာင္းရ တယ္။ အဲဒီေဒသတစ္ခုလုံးရဲ႕လူမႈစီးပြားေရးတစ္ခုလုံးက တက္လာတယ္။ ဒါေလးကို အေထာက္အကူျပဳၿပီးေတာ့ အဲဒီလိုမ်ိဳးျဖစ္တဲ့ အကြက္ေလးေတြ၊ အကြက္ေလးေတြ၊ ႏိုင္ငံႏွင့္အမွ် အမ်ား ႀကီးျဖစ္လာတာေပါ့။ ဆိုေတာ့ Tour လုပ္ငန္းတစ္ခုပဲရွိေသးတယ္။ Tour လုပ္ငန္းထဲကိုေခၚသြင္းလာ ႏိုင္ရင္ ေနာက္ကေနၿပီးေတာ့ ပါလာမယ့္ စားေသာက္ကုန္ေတြေရာင္းရမယ္။ ကိုယ္ရဲ႕ Culture ေတြ ျမင္လာမယ္။ Investment ေတြ တိုးလာႏိုင္တယ္။ အဲဒီလိုမ်ိဳးေတြျဖစ္ဖို႔ Policy Making နဲ႔ အဲဒါက National Planning နဲ႔ သက္ဆိုင္တယ္။ ကြၽန္ေတာ္တို႔ဆီကဘဏ္ေတြက ဘဏ္နဲ႔ မတူဘူး။ ေငြေပါင္ ေခ်းစားတဲ့ အေပါင္ဆိုင္နဲ႔တူေနတယ္။ လုံးဝကို ပိုက္ဆံမရွိဘူးဗ်ာ။ အလုပ္လုပ္ခ်င္လို႔ ေငြသြားေခ်း တယ္။ လုပ္ငန္းကိုမၾကည့္ဘူး။ မင္းရဲ႕ Collateral ဘာရွိလဲဆိုေတာ့ အဲဒီအေပၚမွာ အတိုးကလည္းႀကီး ေသးတယ္။ ဒီ Collateral ရွိေနမွေတာ့ ျမန္မာေတြက Risk ယူၿပီးေတာ့ ဘယ္ေတာ့မွ Risk ကိုမႀကိဳက္ ၾကဘူး။ အမွန္က လုပ္ရဲရင္ မင္းျဖစ္တယ္ဆိုတာ ဒီက ေနလာတာ။ အိမ္ေရာင္းလိုက္မယ္။ အိမ္ငွားေန ၿပီးေတာ့ ဒီဟာကို ရင္းႏွီးလိုက္မယ္။ ေအာင္ျမင္သြားမွ သူ အိမ္ျပန္ဝယ္မယ္။ ဒီဟာစြန႔္စားမႈမ်ိဳးကို ျမန္မာေတြ ကမလုပ္ရဲၾကဘူး။ မ်ားတယ္။ Culture ေပါ့။ ဒါေလးေတြကလည္း တကယ္ ေသခ်ာ ေပါက္ရွိတယ္ဆိုရင္ လုပ္ရမွာေပါ့။ လုပ္သင့္ရင္လုပ္ရမွာေပါ့။ ဆိုေတာ့ အဲဒါမ်ိဳး Banking Facilities အားနည္းတဲ့အတြက္ ျမန္မာျပည္မွာ အလုပ္ျဖစ္သင့္ရဲ႕နဲ႔ အလုပ္မျဖစ္တာ အမ်ားႀကီး။ အဲဒီေတာ့ National Planning ဆိုတာ မီးပိုင္းဆိုင္ရာ Infrastructure လမ္းပိုင္းဆိုင္ရာ အဲဒါ ေတြအကုန္လုံးကို မွ်ၾကည့္ၿပီးေတာ့ သူက Plan ဆြဲ တာ ဘယ္ႏွစ္မွာေတာ့ ျမန္မာျပည္မွာ မိုင္ေပါင္းဘယ္ ေလာက္ ဘယ္႐ြာအထိ စက္မႈထုတ္ကုန္လမ္းေတြ ပါရမယ္။ လက္မႈထုတ္ကုန္လမ္းေတြ ပါရမယ္။ ၿပီးရင္ မီးဘယ္ ေလာက္ေပးႏိုင္ရမယ္။ ဒါမ်ိဳးေတြ ျဖစ္လာဖို႔လို တာေလ။ အဲဒီလိုမ်ိဳး Plan မရွိတဲ့အတြက္ ပလန္က စာ႐ြက္ထဲမွာပဲရွိေနလို႔ မရဘူးေလ။ တကယ္ျဖစ္ဖို႔လည္းလိုေသးတာေပါ့။
ေက်ာ္ႏု - အင္းေပါ့။ လက္ရွိအစိုးရကေတာ့ ေျပာမွာပဲ ေပါ့။ Planning ေတြကေတာ့ရွိတယ္။ လက္ရွိႏိုင္ငံေရးအခင္း အက်င္းႀကီးအရ လုပ္လို႔မရတာရွိတယ္။ စသည္ျဖင့္ေပါ့။ အခင္းအက်င္းက ႏိုင္ငံက ႐ုတ္႐ုတ္ျဖစ္ေနတာ ဘယ္လိုလုပ္ ျဖစ္ႏိုင္မလဲ။ ေလာေလာဆယ္ ေတာ့ လုပ္လို႔မရေသးဘူး။ ပလန္ေတာ့ ရွိပါတယ္ပုံစံ မ်ိဳးေပါ့။ သူတို႔ေျပာၾကမွာေပါ့။
ေဆြးေႏြးေဖာ္ - လက္ရွိျဖစ္ေနတဲ့အေျခအေနေပါ့။ ဥပမာ ေသာင္းက်န္းသူေတြကအခြင့္ေကာင္းယူၿပီး ေတာ့ နယ္ေျမ တိုးခ်ဲ႕လာတာတို႔ရွိတာပဲေလ။ အမွန္ကေတာ့ ဒါေတြက တိုးတက္ဖို႔အားနည္းလို႔ ဒါေတြက လည္း အေျခခိုင္ေနတာေလ။ ေနာက္တစ္ခါ ေသာင္း က်န္းသူေတြက ဒီလက္နက္ကိုအားကိုးၿပီး သူတို႔က လည္း စီးပြားေရးရွာစားေနတာေလ။ သူတို႔မွာ တပ္သားေတြ ဘယ္ႏွေထာင္ရွိတယ္၊ ဘယ္ႏွေသာင္းရွိ တယ္။ ဒီဟာေတြကို အခုလည္း ညႇိႏႈိင္းေနၾကတာေပါ့။ ဒါကေတာ့ ေသာင္းက်န္းသူေတြက ကြၽန္ေတာ့္ အျမင္ကေတာ့ ဒီလက္နက္နဲ႔ ပိုက္ဆံရွာစားရတာ မတရားလြယ္ေနတဲ့အတြက္ သူတို႔ကလည္း ေတာ္႐ုံနဲ႔ မညႇိႏႈိင္းခ်င္ေနၾကဘူး။ ၿငိမ္းခ်မ္းေရးကိုလည္း သူတို႔က ေၾကာက္ေနၾကတာ။ မၿငိမ္းခ်မ္းခ်င္ဘူးေပါ့။ ၿငိမ္းခ်မ္းရင္ သူတို႔အတြက္ခြက္ေပ်ာက္မွာကိုး။ သူတို႔ကို ကြၽန္ေတာ္တို႔က ဘာစီးပြားေရးနဲ႔လဲမလဲ။ ကြၽန္ေတာ္တို႔က ခ်ေပးရမွာ။ ဆိုပါစို႔ မင္းတို႔ကို ငါတို႔က ဒီမိုင္းတစ္ခုကို ေပးမယ္။ အဲဒီမိုင္းကို မင္းတို႔လုပ္။ အခြန္ကေတာ့ တရားဝင္ေဆာင္ ဒီကရမယ့္အက်ိဳးအျမတ္နဲ႔ မင္းတို႔ ဘာလုပ္ငန္းေတြလုပ္ၾကမလဲ။ ေဘာင္ထဲကလုပ္။ အခြန္ေဆာင္စရာရွိတာေဆာင္။ မင္းတို႔ကို လုပ္ငန္းေတြ ခ်ေပးမယ္။ ၿပီးသြားရင္ ငါတို႔ သက္ညႇာေပးတဲ့အေနနဲ႔ အခြန္မေကာက္ဘဲနဲ႔ သီးႏွံေတြေပး။ နီးစပ္တဲ့တ႐ုတ္ ျပည္ပို႔တာတို႔။ ဒါဆိုရင္ မင္းတို႔ သူပုန္မထေတာ့ဘူး။ ၿငိမ္းခ်မ္းသြားၿပီ ဆိုပါစို႔။ သူတို႔ကလည္း ပင္ပင္ပန္းပန္း လုပ္ၿပီးရတဲ့ေငြ ေတာ့ သိပ္မလိုခ်င္ေတာ့ဘူးေလ။ အခုဆိုရင္ သစ္ေမွာင္ခိုေတြ၊ ေက်ာက္ေမွာင္ခိုေတြကို သူတို႔ကိုယ္တိုင္ လုပ္ရင္လုပ္တယ္။ ျပည္တြင္းေမွာင္ခို ေတြကို ႏိုင္ငံျခားသားေတြေခၚသြင္းလုပ္ရင္းနဲ႔ သူတို႔ လည္း အဲဒီဘက္ျခမ္းမွာ အသားေသေနေတာ့ ၿငိမ္းခ်မ္းဖို႔ကို သူတို႔ကလည္းေၾကာက္တယ္။ အဲဒါေတြကို တစ္နည္းနည္းေပါ့ေနာ္။ အခ်ိန္ယူၿပီးေတာ့ ရွင္းသြားမွရမွာေလ။ မေလးရွားမွာ အရင္တုန္းက သူပုန္ေတြရွိ တယ္။ မေလးရွားနဲ႔ထိုင္းနဲ႔ အစပ္ဘက္မွာေလ အစိုးရက ဘာလုပ္လဲဆိုေတာ့ သူက ဘိလပ္ေျမစက္႐ုံ တစ္႐ုံကို အဲဒီမွာ သူတို႔နဲ႔နီးနီးစပ္စပ္မွာခ်ထားေပးလိုက္တယ္။ Project ေပါ့။ စီမံကိန္းေတြကို ခ်ေပး ထားလိုက္တယ္။ အဲဒီစီမံကိန္းကို အျပင္စည္းအေနနဲ႔ နည္းနည္း ကာဗာေလးလုပ္ေပးထားလိုက္တယ္။ အဲဒီ စီမံကိန္းက လုပ္ရင္းကိုင္ရင္းနဲ႔တိုးတက္လာတဲ့အခါက်ေတာ့ အဲဒီေဒသက အလုပ္ရလာၾကတယ္။ အဲဒီ တပ္သားေတြ၊ မိသားစုေတြကပဲ ဒီမွာအလုပ္ေတြ လုပ္လာၾကတယ္။ ေဒသစည္ကားၿပီး ဖြံ႕ၿဖိဳး လာၾကတယ္။ စည္ကားဖြံ႕ၿဖိဳးလာတဲ့အတြက္ အစားအေသာက္ေတြေရာင္းလာရတယ္။ ကုန္ေလး ေတြေရာင္းလာတယ္။ ဆိုင္ေလးေတြ ျဖစ္လာတယ္။ အဲဒီေနရာက ၿမိဳ႕ႀကီးလို ျဖစ္လာေရာ။ ဘိလပ္ေျမ စက္႐ုံတစ္႐ုံဆိုတာ လူ သုံး၊ ေလး၊ ငါးရာ လိုတာေလ။ အဲဒီ သုံး၊ ေလး၊ ငါးရာနဲ႔ ဆက္ႏႊယ္ၿပီးေတာ့ မိသားစု သုံး၊ ေလး၊ ငါးရာ ေရာက္လာတဲ့အခါက်ေတာ့ လူေထာင့္ေလးငါးရာျဖစ္ လာတယ္။ လူ ေထာင့္ေလးငါးရာျဖစ္လာတဲ့အတြက္ ေဈးေလးေတြ ရွိလာတယ္။ အဲဒီလိုနည္းနဲ႔စည္ကားလာ တဲ့အခါ သူပုန္က သူနဲ႔ေဝးရာထပ္သြားရျပန္ေရာ။ တျဖည္းျဖည္းနဲ႔ သူပုန္ေနာက္ဆုတ္သြားတာေပါ့။ ဒီနည္းနဲ႔ တိုင္းျပည္ကို Develop ျဖစ္ေအာင္လုပ္ တာမ်ိဳး။ အလယ္ေကာင္ကေန တျဖည္းျဖည္းခ်ဲရင္းနဲ႔ သူတို႔ကို နယ္စပ္ေရာက္ ေအာင္တြန္းပို႔ပစ္လိုက္တယ္။ နယ္စပ္ေရာက္သြားတဲ့ အခါက်ေတာ့ ဟိုဘက္ႏိုင္ငံ၊ ဒီဘက္ႏိုင္ငံ ညႇိၿပီးထိန္းထားလို႔ရတယ္ေလ။ ဒီအစိုးရ ကေတာ့ ဒီစီးပြားေရးကို အခိုင္အမာအေျခခ် ၿပီးလုပ္ဖို႔အတြက္ ဒီသုံးႏွစ္ဆိုတဲ့ ကာလကေတာ့ အရမ္းတို တယ္။ လုပ္ႏိုင္ဖို႔ခက္ေနေသးတာေပါ့။ ဒါေပမဲ့ ေ႐ြး ေကာက္ပြဲေတြလုပ္ၿပီးေတာ့ ေရရွည္သြားေတာ့မယ္ ဆိုရင္ေတာ့ ခုနက ကြၽန္ေတာ္ေျပာတဲ့ Plan ေပါ့။ ဘယ္အရာမဆို Plan မရွိရင္ ဘာမွလုပ္လို႔မရဘူး။ National Planning က အရမ္းအေရး ႀကီးပါတယ္။ National Planning ကိုကိုင္တြယ္တဲ့ဝန္ႀကီးသည္ vision ေကာင္းဖို႔လိုတယ္။ စီးပြားေရးကို ႏိုင္ငံ တကာနဲ႔ ႏွံ႔ႏွံ႔စပ္စပ္သိဖို႔လိုတယ္။ တကယ္ တိုင္းျပည္ အတြက္ ေစတနာရွိတဲ့လူ ျဖစ္ဖို႔လိုတယ္။ ေနာက္တစ္ ခါ သူ႔ေအာက္က ဝန္ႀကီးဌာနတိုင္းရဲ႕ Planning Department ကိုင္တဲ့ (DG)ေတြအားလုံး သည္ ပညာရွင္ေတြျဖစ္ဖို႔လိုတယ္။ တကယ္ကို တိုင္းျပည္ကို လည္း ျဖစ္ေစခ်င္တဲ့ေစတနာရွိတဲ့လူ ျဖစ္ဖို႔ လိုတယ္။ ကြၽန္ေတာ္တို႔ ဟိုအရင္ ဦးေအာင္ႏိုင္ဦးဆိုရင္ ေတာ္ေတာ္ေလး ေလ့က်င္ထားေပးၿပီးေတာ့ အရမ္းကို ျပည့္စုံသြားတဲ့အခ်ိန္က်ေတာ့မွ နားရတဲ့ပုံစံမ်ိဳးျဖစ္ သြားတာေပါ့။ သူ႔အသက္အ႐ြယ္ ႀကီးသြား တာလည္းပါ မွာေပါ့။ အဲဒီလိုေတြ ျဖစ္တာေပါ့။ တခ်ိဳ႕က်ေတာ့လည္း ေတာ္ရဲ႕သားနဲ႔ တလြဲဆံပင္ ေကာင္း တာမ်ိဳးလည္း ရွိတာေပါ့။ ေဒါက္တာ ဆက္ေအာင္တို႔ဆိုရင္ အမွန္က ေတာ့ ေတာ္တယ္။ ဒါေပမဲ့ လြဲကုန္ ၾကတာပါပဲ။ ေနာက္ ျမန္မာျပည္ကလည္း ပုဂၢိဳလ္ေရးကိုးကြယ္မႈ ေတြမ်ားတဲ့အခါက်ေတာ့လည္း နည္းနည္းေလး ခက္တာေပါ့။
ေက်ာ္ႏု - အင္းေပါ့။ အစိုးရလည္း လက္ရွိ ဟို႔ေနက ဗိုလ္ခ်ဳပ္မႉးႀကီး သူ႔မိန႔္ခြန္းမွာလည္းေျပာတယ္။ စီးပြားေရးက တိုးတက္မလာဘူးဆိုတာ သူဝန္ခံထား တယ္။ တစ္ခ်ိန္တည္းမွာပဲ ကုန္ေဈးႏႈန္းေတြတက္ တာ သူေျပာထားတယ္။ ကိန္းဂဏန္းေတြကလည္း သူအမွန္မရဘူးဆိုတာလည္း ဝန္ႀကီးဌာနကို သူေျပာ ထားတယ္။ သူလည္းသူ႔အေျခအေနကိုသိေနတဲ့ပုံ ေပၚတယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ လက္ရွိ ေရ တို Plan ေပါ့။ လူေတြရဲ႕အသံက စီးပြားေရး အဆင္မ ေျပမႈအသံေတြ မ်ိဳးစုံထြက္တယ္။ ေရတိုပလန္နဲ႔ ဒီ အစိုးရ လုပ္လို႔ရတာဘာရွိမလဲ။
ေဆြးေႏြးေဖာ္ - ေရတို Plan နဲ႔လုပ္လို႔ရတာ ဘာရွိ မလဲဆိုေတာ့ မွန္ပါတယ္။ ဒီကြၽန္ေတာ္တို႔ တပ္ခ်ဳပ္ ႀကီးဆီကို သတင္းေတြအမွန္မေရာက္ဘူးဆိုတာ။ ဒါ ေအာက္မွာ ေတာ္ေတာ္မ်ားမ်ားက တပ္မေတာ္ သတင္း ေတြကအစ၊ စီးပြားေရးသတင္းေတြကအစ လူႀကီးကို ေျပာလိုက္ရင္ စိတ္မေကာင္း ျဖစ္သြား မယ္။စိတ္မခ်မ္း မသာျဖစ္သြားမယ္ဆိုတဲ့ တလြဲေစတနာေပါ့။ အဲဒါက ဘာမွအမွန္မသိတဲ့အခါက်ေတာ့ ဆုံးျဖတ္ရတာ မွား ကုန္တာေတြျဖစ္တာေပါ့။ အဓိကကေတာ့ အျမန္ဆုံး ဆိုတာေလ။ ဝန္ႀကီးဌာနမွာ အလုပ္လုပ္ေနတဲ့လူေတြ သိပါတယ္။ မီးကို အျမန္ဆုံးလုပ္လို႔ရတယ္။ အျမန္ဆုံးရေအာင္လုပ္ပါ။ တစ္ႏွစ္ အတြင္း မီးလင္းေအာင္ လုပ္ပါတယ္။ ဘယ္နည္းနဲ႔မဆို လင္းေအာင္လုပ္ပါ။ မီတာခေဈးတက္တာကို ကြၽန္ေတာ္ တို႔မေၾကာက္ပါ ဘူး။ မီးမွန္ဖို႔ပဲလိုတယ္။ တိုင္းသူျပည္သားေတြကလည္း ႏိုင္ငံတကာမွာ မီတာခ ဘယ္ေလာက္ေပးေန ရတယ္။ ငါတို႔တိုင္းျပည္မွာ ဘယ္ေလာက္ေပးရတယ္။ ေပးၾကပါ။ ကြၽန္ေတာ္ေျပာတာ မီးရွိရင္ ဒီမီးနဲ႔ပတ္သက္ ၿပီးေတာ့ ထုတ္ကုန္ေတြအမ်ားႀကီးလုပ္လို႔ရတယ္။ အေျခခံစားကုန္ေသာက္ကုန္ေတြကို အမွီျပဳၿပီးေတာ့ Value Added ပစၥည္း ျဖစ္ႏိုင္ေအာင္ႀကိဳးစားပါ။ အဲဒီလိုေတြ Value Added ျဖစ္တဲ့ပစၥည္းေတြကို အစိုးရပိုင္းက တျခားႏိုင္ငံေတြကို Export ထြက္တဲ့ အခါမွာ ျမန္မာပစၥည္းေတြကို ေဈးေကာင္းရေအာင္နဲ႔ ျမန္မာပစၥည္းကို အခြန္မေဆာင္ဘဲနဲ႔ လက္ခံႏိုင္ ေအာင္ G to G လက္မွတ္ထိုးတဲ့ကိစၥေလးေတြကို ျမန္ျမန္လုပ္ပါ။ အဲဒါမ်ိဳးေလးေတြကိုလုပ္ေပးႏိုင္ရင္ ဒါအျမန္ဆုံးေပါ့ေနာ္ ျဖစ္လာႏိုင္တယ္။ စားေသာက္ကုန္က အဓိကအေရးႀကီးတာကိုး။ စားတယ္ဆိုတာ လူတိုင္း စားေနရတာေလ။ ေနာက္ဆုံး ႏိုင္ငံျခားကိုမပို႔ရင္ ေတာင္ ဒီမွာထုတ္လုပ္မႈမ်ားလာတဲ့အတြက္ ေပါေပါ မ်ားမ်ားစားလာရမယ္ဆိုရင္ အဆင္ေျပတာေပါ့ေနာ္။ အေျခခံစားေသာက္ကုန္ေတြ ေဈးေပါဖို႔လို တယ္။ ေနာက္တစ္ခုက ဆန္က ေဈးေကာင္းရတဲ့ဆန္ရွိတယ္၊ ေဈးေကာင္း မရတဲ့ဆန္ရွိ တယ္။ ေဈးေကာင္းရတဲ့ ဆန္ကို ႏိုင္ငံျခားကိုေရာင္းၿပီး ေဈးေကာင္းမရတဲ့ ဆန္ကို ျမန္မာျပည္ ခဏတစ္ျဖဳတ္ စားၿပီးေတာ့ ေငြစု ၾကဖို႔လိုတာေပါ့။ ဒါမ်ိဳးေလးေတြေတာ့ လိုတာေပါ့။ ေဈးေကာင္းရတဲ့ဆန္ေတြကိုစားၿပီး ေဈးေကာင္းမရတဲ့ ဆန္ေတြကို Export ပို႔ေနလို႔လည္း ဒါကေတာ့ အ တိုင္းအတာတစ္ခုအထိ သည္းခံ ရမွာေပါ့။ ဝိုင္းႀကိဳး စားရင္ ျမန္မာျပည္က အေျခခံေကာင္းေတြ အမ်ား ႀကီးရွိပါတယ္။ ဒါေပမဲ့ ခုနက ကြၽန္ေတာ္ေျပာတဲ့ ေအာက္ေျခမွာ တကယ္အလုပ္လုပ္တဲ့လူေတြကို အႏိုင္က်င့္ေနတဲ့ ၿမိဳ႕နယ္ ေျမစာရင္း မႉးေတြ၊ ေနာက္ တစ္ခါ အခြန္မႉးေတြ၊ ေနာက္တစ္ခါ ဌာနဆိုင္ရာအသီး သီးက ၿမိဳ႕နယ္ Level ေတြဟာ အစိုးရဆီကလစာယူ ထားၿပီး လူေတြကို Service ေပးရမယ္ဆိုတာကို ေမ့၊ ေမာက္မာစြာ ေဟာက္ဟမ္း ၿပီးေတာ့ ငါတို႔ေပးမွ မင္းတို႔ရမယ္ဆိုတဲ့ပုံစံမ်ိဳး ေျပာင္းျပန္ေတြျဖစ္ေနတာ ကေတာ့ ၿမိဳ႕နယ္တိုင္း ေနရာတိုင္း ေတာ္ေတာ္မ်ား မ်ားမွာေတြ႕ရတယ္။ အဲဒါေတြကို ဝန္ႀကီးခ်ဳပ္ေတြက ေဖ်ာက္ဖ်က္ေပးႏိုင္ဖို႔ လိုတယ္။ တိုင္းေဒသႀကီး၊ ျပည္ နယ္ဝန္ႀကီးခ်ဳပ္ေတြကေတာ့ ဒီအက်င့္ေတြကို ေဖ်ာက္ ဖ်က္ေပးႏိုင္ဖို႔လို တာေပါ့။ အဲဒါေတြက ေတာ္ေတာ္ဆိုး ဆိုးျဖစ္ေနတာ။ ေျမႀကီးနဲ႔ပတ္သက္တဲ့ Policy ေတြ ျပင္ရမယ္။ ကုန္သြယ္မႈနဲ႔ပတ္သက္တဲ့ Policy ေတြ ျပင္ရမယ္။ ေနာက္တစ္ခါ ကုန္သည္ေတြႀကီးပြားၿပီး တကယ္စိုက္ တဲ့လူေတြက မြဲေနတာေတြမျဖစ္ေအာင္ ျပင္ရမယ္။ တိုက္႐ိုက္ေရာင္းခ်ႏိုင္တဲ့ေဈးေတြ လုပ္ ေပးရမယ္။ ခုနကေျပာတဲ့ MEIC ေတြ ျပန္ဖြဲ႕ေပးဖို႔ လိုတယ္။ ၿမိဳ႕နယ္အလိုက္ အဖြဲ႕ဖြဲ႕ၿပီးေတာ့ ေနာက္ဆုံး Government က ဒီပစၥည္းကိုေလွာင္ထားတယ္။ ေျပာင္းဆိုရင္ စထြက္ကာစက ေဒၚလာတစ္ရာ့ႏွစ္ ဆယ္၊ ကုန္သည္ေတြက တစ္ရာ့ႏွစ္ဆယ္နဲ႔ဝယ္ထား လိုက္မယ္။ မေရာင္းေသးဘူး။ ေနာက္ထပ္ တစ္ရာ့ ေလးဆယ္ ဝယ္ထားလိုက္တယ္။ တစ္ရာ့ေျခာက္ဆယ္ ဝယ္ထားလိုက္တယ္။ ႏွစ္ရာဝယ္ထား လိုက္ တယ္။ ၿပီး ေတာ့မွ ဟိုဘက္ကို ႏွစ္ရာ့ငါးဆယ္၊ သုံးရာ ဒါမ်ိဳးနဲ႔ ေရာင္းတာ။ ထိုင္းကို ေရာင္းတာေပါ့ေနာ္။ လယ္သမား ဆိုတာမ်ိဳးကေတာ့ အခုထြက္ အခုေရာင္းတာေပါ့။ ေလွာင္ထားႏိုင္တဲ့ေငြမရွိဘူး။ သူေနာက္ ထပ္ တစ္လ ေလာက္ေလးေလွာင္လိုက္တာနဲ႔ တစ္ရာ့ေျခာက္ဆယ္ ေလးရမယ္။သူလည္းသိတယ္။ အဲဒါမ်ိဳးကို Short term အေနနဲ႔ ဘဏ္ကေနဝယ္ၿပီးေတာ့ ခဏေထာက္ ထားေပးမလား။ ဒါ Banking Policy ဆိုတာ ဒါပဲ။သူ႔ေျပာင္းကုန္ႀကီးကို ျမင္ေနရတဲ့အတြက္ နင့္ဒါႀကီး ကို ဂိုေဒါင္ထဲမွာ စည္းလုပ္ထား။ ပိုက္ဆံထုတ္ေပး မယ္။ အာရွဓနဘဏ္ေခတ္တုန္းက အဲဒီလိုမ်ိဳးေတြ လုပ္ေပးခဲ့တာ ဘဏ္ကေလ။ မင္းဂိုေဒါင္ထဲမွာ ေျပာင္းကုန္ႀကီး ဘယ္ႏွတန္လို႔ျမင္ေနရတယ္။ ေနာက္လမွာ တစ္ရာ့ ေျခာက္ဆယ္ျဖစ္မယ္။ ေရာ့ တစ္ ရာနဲ႔ေပါင္ မင္းပိုက္ဆံယူထား တစ္ရာ့ေျခာက္ဆယ္ရမွ သူ႔ေရာင္း တယ္ေလ။ သူကလည္း အမ်ားႀကီးယူတာ မဟုတ္ဘူး။ သူသုံးလေတာင့္ခံႏိုင္ဖို႔ တစ္ရာ့ေျခာက္ ဆယ္ရမွ သူေရာင္းလိုက္ရင္ သူျပည့္ျပည့္ဝဝရတယ္။ အခုက လယ္သမားနဲ႔ကုန္သည္ၾကားမွာ ဟေနတာ အဲဒီ ျပႆာနာပဲ။ ေျပာင္းက ရာသီအစရွိတယ္။ ရာသီ အကုန္ရွိတယ္။ ကုန္သည္ဆိုတဲ့အေကာင္က ေငြ ထိန္းႏိုင္တယ္။ ကုန္သည္ဆိုတဲ့အေကာင္မွာ ကြၽန္ ေတာ္ေျပာတာက UMFCCI ေကာင္ေတြ အမ်ား ႀကီးပဲ။ သူတို႔က လႊတ္ထားတဲ့အဝယ္ေတာ္ေတြ ခ်ည္းပဲ။ သူတို႔က ဟိုဘက္ႏိုင္ငံမွာ ဘယ္ေလာက္နဲ႔ ေရာင္းရ မလဲ။ ေဈးက သူတို႔လက္ထဲမွာပဲရွိတာ။ ဒီေအာက္ကိုခ်မျပဘူး။ ကြၽန္ေတာ္တို႔ကသာ အလွမ္း မီေနလို႔သာ ျမင္ေနတာ။ တကယ္တမ္း တစ္တိုင္းျပည္ လုံးရဲ႕စီးပြားေရးက UMFCCI ရဲ႕ေကာင္ေတြေတာ္ေတာ္မ်ား မ်ားေၾကာင့္ပ်က္ေနတာ။
ေက်ာ္ႏု - ပို႔ကုန္သြင္းကုန္ မူဝါဒေကာ။ အစိုးရသြင္း ကုန္ ပို႔ကုန္မူဝါဒကလည္း တခ်ိဳ႕ ပို႔ကုန္မူဝါဒရွိတယ္။ သြင္းကုန္မူဝါဒ ရွိတယ္။ အဲဒီမူဝါဒက Balance ျဖစ္ ေနတယ္ထင္လား။ အခုအေနအထားက။
ေဆြးေႏြးေဖာ္ - အခု ဒီလိုေလ။ တိုင္းျပည္မွာ ေဒၚလာ ရွားတဲ့အခါက်ေတာ့ Import ကို လုပ္ခ်င္ တိုင္းလုပ္လို႔မရဘူးေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဒၚလာေဈးက စားတဲ့လူေတြကလည္းရွိ ေနတာကို အဓိကက အေျခ ခံအခ်က္ကေတာ့ ျမန္မာလူမ်ိဳးေတြက ျမန္မာျပည္ကို တကယ္မခ်စ္ၾကဘူး ဆိုတဲ့ဟာ ေပၚမွာ ကိုယ္ရဲ႕ မိသားစုနဲ႔ ကိုယ့္အတြက္ေကာင္းစားေရးေလာက္ကိုပဲ အၿမဲဦးစားေပးတဲ့အခါက်ေတာ့ ဒါေတြက ခက္ကုန္တာေပါ့။ အမွန္ဆိုရင္ေတာ့ မလိုအပ္တာမဝယ္ဘူး။ မလိုအပ္ဘဲနဲ႔ ဒီေဒၚလာေတြ မေလွာင္ထားဘူးဗ်ာ။ လူတိုင္း အဲဒီလိုစိတ္ရွိေနရင္ေတာ့ ေကာင္းတာေပါ့။ ဒါေပမဲ့ ေဒၚလာရွားေတာ့ ပို႔ကုန္နဲ႔အရင္ပို႔ၿပီးေတာ့မွ အဲဒီေငြနဲ႔ မင္းႀကိဳက္တာျပန္သြင္းဆိုတဲ့အခါမ်ိဳးက်ေတာ့ လက္ရွိအေျခအေန မွာေတာ့ ေခတ္စနစ္နဲ႔အညီ ထုတ္ထားရတာျဖစ္တဲ့အတြက္ လိုက္ေလ်ာညီေထြရွိ ပါတယ္။ ဒါေပမဲ့ Incentive ေတြေပးရမယ္။ အဓိက ကေတာ့ မင္းဘယ္ေလာက္အထိပို႔ႏိုင္တယ္။ မင္း ဘယ္ေလာက္အထိ Incentive ေပးမယ္ေပါ့။ ပို႔ကုန္ကေနရလာတဲ့ ေငြကိုက်ေတာ့ ဘယ္ႏွရာခိုင္ႏႈန္း အပ္ၿပီးေတာ့ ဘယ္ႏွလ အတြင္းဆိုတဲ့ တခ်ိဳ႕ဟာေတြ ကေတာ့ နည္းနည္းမ်ားတာေပါ့။ သူ႔ကို ပို႔သာေအာင္၊ လုပ္သာေအာင္ Rule ေလးဖန္တီးေပးလိုက္ရင္ ျပန္သြင္းလာတဲ့အခါက်ရင္လည္း ႏိုင္ငံအတြက္ ဘယ္ လိုပဲ ဦးစားေပးကိုသြင္း။ ဆိုပါစို႔ ေဆးဝါးေတြသြင္းရမယ္။ ေလာင္စာဆီသြင္းလာတယ္။ ဒါေတြကေတာ့ တကယ္ UMFCCI ကမဟုတ္ဘဲနဲ႔ ဆီလုပ္ငန္းရွင္မ်ားအ သင္း ေအာက္ကမဟုတ္ဘဲနဲ႔ မင္းသြင္းလာမယ္ဆို ရင္လည္း ခြင့္ျပဳ ေပးရမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔ ေငြကို သူသြင္းတာေလ။ သူ႔ႀကိဳက္တာသူသြင္းခြင့္ေပး ေပါ့။ သူက အဲဒီလိုမဟုတ္ဘူး။ မင္းက PPRD ထဲက မဟုတ္တဲ့အတြက္ PPRD ထဲကေပးသေလာက္ပဲ မင္းသြင္း ရမယ္ဆိုေတာ့ ဟိုက Control လုပ္ထား ၿပီးသား PPRD မွာ (၁၀) ကုမၸဏီပဲရွိတယ္ဆိုေတာ့ ဒီ (၁၀) ကုမၸဏီပဲမွ်ၿပီးေတာ့ ဘယ္ေလာက္ထိဆိုးလဲ ဆိုရင္ ဆီကုန္သည္ေတြေရာက္ေနၿပီ။ ဆီေတြ ေလွာင္ ထားတာကအစသိတယ္။ ဆီျပတ္သြားၿပီဆိုၿပီးေတာ့ ေဈးကိုဆြဲတင္ၿပီးေတာ့ တက္သြားေတာ့မွ အဲဒီ ဆီ ကို ေရာင္းတာ။ အဲဒီေလာက္ထိျမန္မာျပည္မွာ ဆိုးတဲ့လူ ေတြရွိတယ္။ အကုန္လုံးသာေလွ်ာက္ေျပာရင္ အ႐ိုက္ခံရမွာ။ ဒီေကာင္ေတာ့ကြာ အဲဒီလိုျဖစ္မွာ။ သိတိုင္းလည္းေျပာဖို႔ခက္တာေပါ့။ ဒါေတာင္ ကြၽန္ ေတာ္ေတာ္ ေတာ္ထိန္းၿပီးခ်န္ၿပီး ေျပာေနတာ။ ဒီထက္ဆိုးတာေတြ အမ်ားႀကီးရွိတယ္။
(ဆက္လက္ေဖာ္ျပပါမည္)