ရန်ကုန်-မော်လမြိုင်ရထားလမ်း၌ ကျောက်သယ်ရထား နှင့် ထော်လာဂျီတို့ တိုက်မိခဲ့ရာ ထော်လာဂျီယာဉ်မောင်းအား တရားစွဲဆိုထား

5910
စော (NP News) - ဒီဇင်ဘာ ၂၆
ရန်ကုန်-မော်လမြိုင်ရထားလမ်း၌ ကျောက်သယ်ရထားနှင့် ထော်လာဂျီတို့ တိုက်မိခဲ့ရာ ထော်လာဂျီယာဉ်မောင်းဖြစ်သူအား တရားစွဲဆိုထားကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်သည် ယမန်နေ့(ဒီဇင်ဘာလ ၂၅ ရက်)၊ ညနေ (၃)နာရီဝန်းကျင်အချိန်တွင် ရန်ကုန်-မော်လမြိုင်ရထားလမ်း၊ မိုင်တိုင်အမှတ် (၁၃၅/၁၉) နှင့် (၁၃၅/၂၀)ကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လမ်းလင်းကျောက်များ သယ်ဆောင်ရန် ထွက်ခွာမောင်းနှင်လာသော ကျောက်သယ်ရထားသည် အခင်းဖြစ်ပွားရာနေရာအရောက်၌ ရထားသံလမ်းပေါ်တွင် စက်ပျက်၍ ရပ်ထားသည့် ထော်လာဂျီအား အရှိန်မထိန်းနိုင်ဖြစ်ကာ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သိမ်ဆိပ်နဲ့သထုံကြားမှာ တရားမဝင်လမ်းကူးရှိတယ်။ တရားမဝင်လမ်းကူးဆိုတာ ရပ်ကွက်က သူတို့ဘာသာဖောက်ထားတဲ့လမ်းပါ။ ထော်လာဂျီကဖြတ်တဲ့အချိန် ရထားလမ်းပေါ်မှာ စက်သေသွားတယ်။ စက်သေသွားတာကို ထော်လာဂျီသမားက ပြင်နေတုန်း ရထားက အရှိန်နဲ့လာတော့ အဲဒီနေရာမှာ တိုက်မိတာပါ။ မီးရထားက ထော်လာဂျီသမားကို တရားစွဲထားတယ်”ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ထော်လာဂျီယာဉ်မောင်းဖြစ်သူ ကိုကျော်ဇင်အား သထုံမြို့မရဲစခန်းတွင် တရားစွဲဆိုထားကြောင်း အထက်ပါတာဝန် ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ရထား၏ မိုင်းခံတွဲဘီးသည် လမ်းချော်သွားခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္-ေမာ္လၿမိဳင္ရထားလမ္း၌ ေက်ာက္သယ္ရထား ႏွင့္ ေထာ္လာဂ်ီတို႔ တိုက္မိခဲ့ရာ ေထာ္လာဂ်ီယာဥ္ေမာင္းအား တရားစြဲဆိုထား
ေစာ (NP News) - ဒီဇင္ဘာ ၂၆
ရန္ကုန္-ေမာ္လၿမိဳင္ရထားလမ္း၌ ေက်ာက္သယ္ရထားႏွင့္ ေထာ္လာဂ်ီတို႔ တိုက္မိခဲ့ရာ ေထာ္လာဂ်ီယာဥ္ေမာင္းျဖစ္သူအား တရားစြဲဆိုထားေၾကာင္း ေမာ္လၿမိဳင္ဘူတာႀကီးထံမွ သိရသည္။
ယာဥ္တိုက္မႈျဖစ္စဥ္သည္ ယမန္ေန႔(ဒီဇင္ဘာလ ၂၅ ရက္)၊ ညေန (၃)နာရီဝန္းက်င္အခ်ိန္တြင္ ရန္ကုန္-ေမာ္လၿမိဳင္ရထားလမ္း၊ မိုင္တိုင္အမွတ္ (၁၃၅/၁၉) ႏွင့္ (၁၃၅/၂၀)ၾကား၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လမ္းလင္းေက်ာက္မ်ား သယ္ေဆာင္ရန္ ထြက္ခြာေမာင္းႏွင္လာေသာ ေက်ာက္သယ္ရထားသည္ အခင္းျဖစ္ပြားရာေနရာအေရာက္၌ ရထားသံလမ္းေပၚတြင္ စက္ပ်က္၍ ရပ္ထားသည့္ ေထာ္လာဂ်ီအား အရွိန္မထိန္းႏိုင္ျဖစ္ကာ ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သိမ္ဆိပ္နဲ႔သထုံၾကားမွာ တရားမဝင္လမ္းကူးရွိတယ္။ တရားမဝင္လမ္းကူးဆိုတာ ရပ္ကြက္က သူတို႔ဘာသာေဖာက္ထားတဲ့လမ္းပါ။ ေထာ္လာဂ်ီကျဖတ္တဲ့အခ်ိန္ ရထားလမ္းေပၚမွာ စက္ေသသြားတယ္။ စက္ေသသြားတာကို ေထာ္လာဂ်ီသမားက ျပင္ေနတုန္း ရထားက အရွိန္နဲ႔လာေတာ့ အဲဒီေနရာမွာ တိုက္မိတာပါ။ မီးရထားက ေထာ္လာဂ်ီသမားကို တရားစြဲထားတယ္”ဟု ေမာ္လၿမိဳင္ဘူတာႀကီးမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေထာ္လာဂ်ီယာဥ္ေမာင္းျဖစ္သူ ကိုေက်ာ္ဇင္အား သထုံၿမိဳ႕မရဲစခန္းတြင္ တရားစြဲဆိုထားေၾကာင္း အထက္ပါတာဝန္ ရွိသူတစ္ဦးက ဆက္လက္ေျပာသည္။
၎ယာဥ္တိုက္မႈျဖစ္စဥ္အတြင္း လူထိခိုက္ဒဏ္ရာရရွိမႈမရွိေသာ္လည္း ရထား၏ မိုင္းခံတြဲဘီးသည္ လမ္းေခ်ာ္သြားခဲ့ေၾကာင္း သိရသည္။