အုတ်ဖိုမြို့နယ်၌ ရာအိမ်မှူးနှင့် ၎င်းဇနီးဖြစ်သူကို PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

 1583

NP News - ဒီဇင်ဘာ ၃၁

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ရာအိမ်မှူး နှင့် ၎င်းဇနီးဖြစ်သူကို PDF အဖွဲ့က သေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထာသည်။

ပြီးခဲ့သော ဒီဇင်ဘာ ၂၈ ရက်၊ နံနက် ၇ နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊ ရေတာရွာသစ်ကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာရှိ ရာအိမ်မှူးဖြစ်သူ ဦးသန်းနိုင်(၅၄)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ထွေးမြင့်(၅၉)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦသန်းနိုင်နှင့် ဒေါ်ခင်ထွေးမြင့်တို့ လင်မယား(၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၁ဝ နာရီအချိန်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တက်စည်ကျေးရွာအနီး၊ ပြင်စည်-တက်စည် ဆည်ဘောင်လမ်းဘေး၌ အမျိုးသားတစ်ဦးအား PDFအဖွဲ့က ဓားဖြင့်ထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။

ထန်းတောကျေးရွာတွင်နေထိုင်သည့် ဦးအေးမြင့်ကြိုင်(၄၁)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင်(၁၂)ဦး က ရောက်ရှိလာပြီး ၎င်းအား လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားကာ အထက်ပါလမ်းဘေးအရောက်၌ ဓားဖြင့်ထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် ဦးအေးမြင့်ကြိုင်တွင် လည်ပင်းပြတ်ရှဒဏ်ရာနှင့် ဝဲရင်အုံထိုးသွင်း ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူလွန်သူများအား ဖော်ထုတ်ဖမ်ဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
အုတ္ဖိုၿမိဳ႕နယ္၌ ရာအိမ္မႉးႏွင့္ ၎ဇနီးျဖစ္သူကို PDF အဖြဲ႕က ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္
NP News - ဒီဇင္ဘာ ၃၁

ပဲခူးတိုင္း၊ အုတ္ဖိုၿမိဳ႕နယ္တြင္ ရာအိမ္မႉး ႏွင့္ ၎ဇနီးျဖစ္သူကို PDF အဖြဲ႕က ေသနတ္ျဖင့္လုပ္ႀကံသတ္ျဖတ္ခဲ့ ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထာသည္။

ၿပီးခဲ့ေသာ ဒီဇင္ဘာ ၂၈ ရက္၊ နံနက္ ၇ နာရီအခ်ိန္တြင္ အုတ္ဖိုၿမိဳ႕နယ္၊ ေရတာ႐ြာသစ္ေက်း႐ြာ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာရွိ ရာအိမ္မႉးျဖစ္သူ ဦးသန္းႏိုင္(၅၄)ႏွစ္သည္ ၎၏ဇနီးျဖစ္သူ ေဒၚခင္ေထြးျမင့္(၅၉)ႏွစ္ႏွင့္အတူ ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕က ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ဦသန္းႏိုင္ႏွင့္ ေဒၚခင္ေထြးျမင့္တို႔ လင္မယား(၂)ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ ယင္းေန႔ နံနက္ ၁ဝ နာရီအခ်ိန္တြင္ မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ တက္စည္ေက်း႐ြာအနီး၊ ျပင္စည္-တက္စည္ ဆည္ေဘာင္လမ္းေဘး၌ အမ်ိဳးသားတစ္ဦးအား PDFအဖြဲ႕က ဓားျဖင့္ထိုးခုတ္သတ္ျဖတ္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆက္လက္ထုတ္ျပန္ထားသည္။

ထန္းေတာေက်း႐ြာတြင္ေနထိုင္သည့္ ဦးေအးျမင့္ႀကိဳင္(၄၁)ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္(၁၂)ဦး က ေရာက္ရွိလာၿပီး ၎အား လက္ျပန္ႀကိဳးတုပ္၍ ဖမ္းဆီးေခၚေဆာင္သြားကာ အထက္ပါလမ္းေဘးအေရာက္၌ ဓားျဖင့္ထိုးခုတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဓားျဖင့္ထိုးခုတ္သတ္ျဖတ္ခံရမႈေၾကာင့္ ဦးေအးျမင့္ႀကိဳင္တြင္ လည္ပင္းျပတ္ရွဒဏ္ရာႏွင့္ ဝဲရင္အုံထိုးသြင္း ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပစ္မႈက်ဴလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္ဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.