ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ရန် ဗြိတိန်အစိုးရစီစဉ်နေကြောင်း The Times သတင်းစာဖော်ပြ

1395

Pika (NP News) - ဇန်နဝါရီ ၂
ပင်လယ်နီအတွင်းသွားလာနေသော ကုန်တင်သင်္ဘောများအား ပစ်မှတ်ထားတိုက်ခိုက်နေသည့် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ဗြိတိန်အစိုးရက စီစဉ်နေကြောင်း The Times သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါစစ်ဆင်ရေးတွင် အမေရိကန်နိုင်ငံနှင့် အခြားဥရောပနိုင်ငံတစ်နိုင်ငံတို့လည်း ပါဝင်မည်ဖြစ်ကြောင်း The Times က ထပ်မံဖော်ပြခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် ၎င်းတို့၏ တိုက်ခိုက်မှုများကို ချက်ချင်း မရပ်တန့်ပါက အနောက်အုပ်စုနိုင်ငံများထံမှ စစ်ရေးအရ အရေးယူဆောင်ရွက်မှုများကို ကြုံတွေ့ရနိုင်ကြောင်း ဗြိတိန်နှင့် အမေရိကန်တို့က သတိပေးပြောဆိုခဲ့ သည်။
အဆိုပါသတိပေးချက်ကို နောက်ဆုံးသတိပေးချက်တစ်ခုအဖြစ် ရည်ရွယ်ထားကြောင်း ဗြိတိန်အစိုးရ သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး The Times သတင်းစာက ဖော်ပြခဲ့သည်။
"ဟူသီလက်နက်ကိုင်အဖွဲ့ဟာ သတိပေးချက်တွေကို လိုက်နာဖို့ပျက်ကွက်မယ်ဆိုရင် ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ စစ်သင်္ဘောတွေ၊စစ်လေယာဉ်တွေဟာ ယီမင်နဲ့ ပင်လယ်နီမှာရှိတဲ့ ကြိုတင်စီစဉ်ထားတဲ့ပစ်မှတ်တွေကို ဒုံးကျည်တွေ ပစ်လွှတ်ပြီး တိုက်ခိုက်သွားနိုင်ဖွယ်ရှိနေပါတယ်။ အဲဒီစစ်ဆင်ရေးမှာ အမည်မဖော်လိုတဲ့ ဥရောပနိုင်ငံ တစ်နိုင်ငံလည်း ပါဝင်သွားနိုင်ဖွယ်ရှိနေပါတယ်" ဟု The Times သတင်းစာ က ဖော်ပြထားသည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပြီးနောက်ပိုင်းတည်းက ပင်လယ်နီအတွင်းရှိ ဒါဇင် နှင့်ချီသော ကွန်တိန်နာသင်္ဘောများကို ဒုံးကျည်များ၊ ဒရုန်းများ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပင်လယ်နီသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုများ၏ (၁၂)ရာခိုင်နှုန်းရှိသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် အမေရိကန်အစိုးရသည် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများ ကို ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် နိုင်ငံပေါင်း(၂ဝ)ခန့် ပါဝင်သော ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကင်းလှည့်မှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဟူသီလက္နက္ကိုင္အဖြဲ႕ကို တိုက္ခိုက္ရန္ ၿဗိတိန္အစိုးရစီစဥ္ေနေၾကာင္း The Times သတင္းစာေဖာ္ျပ
Pika (NP News) - ဇန္နဝါရီ ၂
ပင္လယ္နီအတြင္းသြားလာေနေသာ ကုန္တင္သေဘၤာမ်ားအား ပစ္မွတ္ထားတိုက္ခိုက္ေနသည့္ ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕၏ တိုက္ခိုက္မႈမ်ားကို လက္တုံ႔ျပန္သည့္အေနျဖင့္ ေလေၾကာင္းမွ တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ရန္ ၿဗိတိန္အစိုးရက စီစဥ္ေနေၾကာင္း The Times သတင္းစာက ေဖာ္ျပခဲ့သည္။
အဆိုပါစစ္ဆင္ေရးတြင္ အေမရိကန္ႏိုင္ငံႏွင့္ အျခားဥေရာပႏိုင္ငံတစ္ႏိုင္ငံတို႔လည္း ပါဝင္မည္ျဖစ္ေၾကာင္း The Times က ထပ္မံေဖာ္ျပခဲ့သည္။
ဟူသီလက္နက္ကိုင္အဖြဲ႕သည္ ၎တို႔၏ တိုက္ခိုက္မႈမ်ားကို ခ်က္ခ်င္း မရပ္တန႔္ပါက အေနာက္အုပ္စုႏိုင္ငံမ်ားထံမွ စစ္ေရးအရ အေရးယူေဆာင္႐ြက္မႈမ်ားကို ႀကဳံေတြ႕ရႏိုင္ေၾကာင္း ၿဗိတိန္ႏွင့္ အေမရိကန္တို႔က သတိေပးေျပာဆိုခဲ့ သည္။
အဆိုပါသတိေပးခ်က္ကို ေနာက္ဆုံးသတိေပးခ်က္တစ္ခုအျဖစ္ ရည္႐ြယ္ထားေၾကာင္း ၿဗိတိန္အစိုးရ သတင္းရင္းျမစ္တစ္ဦး၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး The Times သတင္းစာက ေဖာ္ျပခဲ့သည္။
"ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ သတိေပးခ်က္ေတြကို လိုက္နာဖို႔ပ်က္ကြက္မယ္ဆိုရင္ ၿဗိတိန္နဲ႔ အေမရိကန္တို႔ရဲ႕ စစ္သေဘၤာေတြ၊စစ္ေလယာဥ္ေတြဟာ ယီမင္နဲ႔ ပင္လယ္နီမွာရွိတဲ့ ႀကိဳတင္စီစဥ္ထားတဲ့ပစ္မွတ္ေတြကို ဒုံးက်ည္ေတြ ပစ္လႊတ္ၿပီး တိုက္ခိုက္သြားႏိုင္ဖြယ္ရွိေနပါတယ္။ အဲဒီစစ္ဆင္ေရးမွာ အမည္မေဖာ္လိုတဲ့ ဥေရာပႏိုင္ငံ တစ္ႏိုင္ငံလည္း ပါဝင္သြားႏိုင္ဖြယ္ရွိေနပါတယ္" ဟု The Times သတင္းစာ က ေဖာ္ျပထားသည္။
ဟူသီလက္နက္ကိုင္အဖြဲ႕သည္ အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ၿပီးေနာက္ပိုင္းတည္းက ပင္လယ္နီအတြင္းရွိ ဒါဇင္ ႏွင့္ခ်ီေသာ ကြန္တိန္နာသေဘၤာမ်ားကို ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ား ႏွင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ပင္လယ္နီသည္ ကမာၻလုံးဆိုင္ရာ ကုန္သြယ္မႈမ်ား၏ (၁၂)ရာခိုင္ႏႈန္းရွိေသာ သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္း တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔အျပင္ အေမရိကန္အစိုးရသည္ ပင္လယ္နီအတြင္းရွိ ကုန္တင္သေဘၤာမ်ား ကို ဟူသီလက္နက္ကိုင္အဖြဲ႕၏ တိုက္ခိုက္မႈမ်ားမွ ကာကြယ္ရန္အတြက္ ႏိုင္ငံေပါင္း(၂ဝ)ခန႔္ ပါဝင္ေသာ ၫြန႔္ေပါင္းအဖြဲ႕ကို ဖြဲ႕စည္းခဲ့ၿပီး ကင္းလွည့္မႈမ်ား စတင္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။