မြန်မာ့လက်ရွေးစင်ယူ-၁၉ က အသက်(၂၀)နှစ်အောက် အာရှဖလားခြေစစ်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်မည်

481
ကျော် (NP News) - ဇန်နဝါရီ ၂
၂၀၂၄ ခုနှစ်အတွင်းကျင်းပမည့် အသက်(၂၀) နှစ်အောက် အာရှဖလားခြေ စစ်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများအား မြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်းဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

အဆိုပါ ပြိုင်ပွဲများဝင်ရောက်ယှဥ်ပြိုင်ရန် ကစားသမား ၄၄ ဦးပါဝင်သည့် ပဏာမမြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်း၏ ကစားသမားများစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဇန်နဝါရီလ ၁ ရက်ကထုတ်ပြန်ခဲ့သည်။
ပဏာမမြန်မာလက်ရွေးစင်ယူ-၁၉ အသင်းအား ခင်မြန်မာ့လက်ရွေးစင်ယူ-၁၆ (Young Boys) အသင်းမှကစားသမားများ၊ အကယ်ဒမီများမှ ကစားသမားများ၊ တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲများမှ ထွက်ပေါ်လာသည့် ကစားသမားများ၊ MNL 1 / 2 မှ ကစားသမားများ၊ အလားအလာရှိသည့် လူ ငယ်ကစားသမားများကို ရွေးချယ်ထားကြောင်း သိရသည်။
ပဏာမမြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်းတွင် ဂိုးနေရာတွင် စောကျော်ခန့်နို (University)၊ စောအယ်ဒိုထူး (Dagon Port)၊ ချစ်ရအောင်စိုး (နေပြည် တော်)၊ ပိုင်ဇင် (ISPE)၊ ဟန်မြင့်မြတ်ထွန်း (မဟာယူနိုက်တက်)တို့ကို ရွေး ချယ်ထားပြီး နောက်တန်းနေရာတွင် ထွန်းထွန်းသိန်း (ရတနာပုံ)၊ ကောင်းဆက်ပိုင် (ISPE)၊ ကောင်းခန့်ကျော် (ဧရာ၀တီယူနိုက်တက်)၊ ဖြိုးပြည့်စုံ(မန္တလေးတိုင်း)၊ အောင်မြင့် (မွန်ပြည်နယ်)၊ ရဲကောင်းဆက်၊ သူရအောင် (Glory Goal)၊ ခန့်ဇင်ဟိန်း၊ ရှင်မွေလငိုင်းကီး၊ ခွန်းချိုထူး (Junior Lions)၊ လွမ်းထက်ထွန်း (စီမံ/ ဘဏ္ဍာ)၊ စခန့်ချော (University)၊ လွင်ဖြိုးအောင် (ဟံသာဝတီယူနိုက်တက်)တို့ ရွေးချယ်ထားကြောင်း သိရသည်။
ထို့ပြင် အလယ်တန်းနေရာတွင် ခွန်သူရိန်ထူး (Police Tero Academy)၊ အောင်ခန့်ကျော် (နေပြည်တော်)၊ စောလင်းထက်ပိုင်(ရခိုင်ယူနိုက်တက်)၊ ဝိုင်းလု(ဟံသာဝတီယူနိုက်တက်)၊ သူရ (Glory Goal)၊ ဂျခီဆွတ်အောင် (Junior Lions)၊ ဇော်မျိုးထွန်း၊ မင်းသန့်ဗိုလ် (စီမံ/ဘဏ္ဍာ)၊ ကောင်းဇေယျာလင်း (မဟာယူနိုက်တက်)၊ ကောင်းခန့်ကျော် (မန္တလေးအကယ်ဒမီ)၊ နိုင်ကို (မွန်ပြည်နယ်)၊ သိန်းဇော်သီဟ(ISPE)၊ မင်းမော်ဉီး (သစ္စာအားမာန်)၊ နိုင်အောင်ဆန်း (Dagon Port)၊ ဝင်းကိုဌေး (Junior Lions) တို့ကို ရွေးချယ် ထားပြီး ရှေ့တန်းနေရာတွင် စွမ်းထက် (ရတနာပုံ)၊ ဝင်းပြည့်မောင်၊ နိုင်လင်းဖြိုး (ISPE)၊ ဇွဲမာန်သာ (ဟံသာဝတီယူနိုက်တက်)၊ နိုင်ဝင်းထွန်း (မန္တလေးတိုင်း)၊ စောဆဲကပေါ်ဆေး၊ မောင်တော့ (ဧရာဝတီတိုင်း)၊ စောမျိုးဇော် (သစ္စာအားမာန်)၊ ထွန်းနိုင်စိုး (ရက္ခပူရယူနိုက်တက်)၊ ရှိုင်းဝဏ္ဏအောင်၊ စိုင်းဇေယျာကျော် (Junior Lions)တို့ကို ရွေးချယ်ထားကြောင်း သိရသည်။
အဆိုပါ ပဏာမလက်ရွေးစင်ယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်နိုင်၊ လက်ထောက်နည်းပြများအဖြစ် ဦးအောင်ခိုင်၊ ဦးခင်မောင်ထွေး၊ ဂိုးနည်းပြအဖြစ် ဦးဇော်လင်းအောင်တို့က တာဝန်ယူကာ စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

zawgyi version