အာဆင်နယ်အသင်းအနေဖြင့် ပြန်လည်ပြင်ဆင်မှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း နည်းပြအာတီတာပြော

 765

Pika (NP News) - ဇန်နဝါရီ ၁

ဖူလ်ဟမ်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲကို (၂)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကစားသမားများ အနေဖြင့် ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း အာဆင်နယ်နည်းပြအာတီတာက ပြောဆိုခဲ့ သည်။

အာဆင်နယ်အသင်းသည် ၂ဝ၂၃ ခုနှစ်ကုန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ခြင်းမျိုးမရှိဘဲ အဆင့်(၄)နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဖူလ်ဟမ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဖြစ်ပွားခဲ့သည့်ပုံစံများအတိုင်း နောက်တစ်ကြိမ်ထပ်မံ မဖြစ်ပွားသင့်တော့ကြောင်း နည်းပြအာတီတာ က ပြောခဲ့သည်။

အာတီတာ က "ကျွန်တော်တို့ သေချာပေါက်ကို ပြန်လည်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဒီနေ့မှာဖြစ်ပွားခဲ့တဲ့ပုံစံတွေအတိုင်း နောက်တစ်ကြိမ်ဖြစ်ပွားလို့မရတော့ပါဘူး။ ဒီလိုမျိုးတွေ ထပ်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့နေရာကို ရောက်ဖို့အတွက် အခွင့်အရေးတွေ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဟန်ချက်ညီမှုတွေကို ရှာဖွေဖို့လိုပါတယ်။ ဒီနေ့ပွဲစဉ်ဟာ ဒီရာသီအတွက် အဆိုးရွားဆုံး ပွဲစဉ်တစ်ခု ဆိုတာ သေချာပါတယ်" ဟု ပြောခဲ့သည်။

အာဆင်နယ်အသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၂ဝ)ပွဲ ကစားထားပြီး ရမှတ်(၄ဝ)ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၄)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ဇန်နဝါရီလ (၇)ရက်တွင် လီဗာပူးလ်အသင်းနှင့် FA ဖလားပြိုင်ပွဲကစားရမည်ဖြစ်ပြီး ဇန်နဝါရီလ(၂ဝ)ရက်တွင် ခရစ္စတယ် ပဲလေ့စ်အသင်း နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကစားရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အာဆင္နယ္အသင္းအေနျဖင့္ ျပန္လည္ျပင္ဆင္မႈမ်ားလုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း နည္းျပအာတီတာေျပာ
Pika (NP News) - ဇန္နဝါရီ ၁

ဖူလ္ဟမ္အသင္းႏွင့္ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲကို (၂)ဂိုး-(၁)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အသင္းကစားသမားမ်ား အေနျဖင့္ ျပန္လည္ျပင္ဆင္မႈမ်ား လုပ္ေဆာင္ရန္လိုအပ္ေၾကာင္း အာဆင္နယ္နည္းျပအာတီတာက ေျပာဆိုခဲ့ သည္။

အာဆင္နယ္အသင္းသည္ ၂ဝ၂၃ ခုႏွစ္ကုန္တြင္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့ျခင္းမ်ိဳးမရွိဘဲ အဆင့္(၄)ေနရာတြင္သာ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ ဖူလ္ဟမ္အသင္းႏွင့္ကစားခဲ့သည့္ပြဲတြင္ ျဖစ္ပြားခဲ့သည့္ပုံစံမ်ားအတိုင္း ေနာက္တစ္ႀကိမ္ထပ္မံ မျဖစ္ပြားသင့္ေတာ့ေၾကာင္း နည္းျပအာတီတာ က ေျပာခဲ့သည္။

အာတီတာ က "ကြၽန္ေတာ္တို႔ ေသခ်ာေပါက္ကို ျပန္လည္ျပင္ဆင္မႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္ေနပါတယ္။ ဒီေန႔မွာျဖစ္ပြားခဲ့တဲ့ပုံစံေတြအတိုင္း ေနာက္တစ္ႀကိမ္ျဖစ္ပြားလို႔မရေတာ့ပါဘူး။ ဒီလိုမ်ိဳးေတြ ထပ္ျဖစ္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔လိုခ်င္တဲ့ေနရာကို ေရာက္ဖို႔အတြက္ အခြင့္အေရးေတြ ဘယ္ေတာ့မွ ရွိလာမွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဟန္ခ်က္ညီမႈေတြကို ရွာေဖြဖို႔လိုပါတယ္။ ဒီေန႔ပြဲစဥ္ဟာ ဒီရာသီအတြက္ အဆိုး႐ြားဆုံး ပြဲစဥ္တစ္ခု ဆိုတာ ေသခ်ာပါတယ္" ဟု ေျပာခဲ့သည္။

အာဆင္နယ္အသင္းသည္ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ(၂ဝ)ပြဲ ကစားထားၿပီး ရမွတ္(၄ဝ)ျဖင့္ အမွတ္ေပးဇယားတြင္ အဆင့္(၄)ေနရာမွာ ရပ္တည္ေနေၾကာင္း သိရသည္။ အာဆင္နယ္အသင္းသည္ ဇန္နဝါရီလ (၇)ရက္တြင္ လီဗာပူးလ္အသင္းႏွင့္ FA ဖလားၿပိဳင္ပြဲကစားရမည္ျဖစ္ၿပီး ဇန္နဝါရီလ(၂ဝ)ရက္တြင္ ခရစၥတယ္ ပဲေလ့စ္အသင္း ႏွင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကစားရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.