အင်းစိန်မြို့နယ်၌ ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လက်ဖက်ရည်ဆိုင် နှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

701
သန့်ဇင် (NP News) - ဇန်နဝါရီ ၅
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ဖယောင်းတိုင်မီးမှ တစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ရာ လက်ဖက်ရည်ဆိုင်နှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းတွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၄ ရက်)၊ ည ၁၀ နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ပြည်တော်သာမှတ်တိုင်အနီးရှိ အောင်ရိပ်သစ်လက်ဖက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အောင်ရိပ်သစ် လက်ဖက်ရည်ဆိုင်အနောက်က အလုပ်သမားတန်းလျားမှာ ဖယောင်းတိုင်ထွန်းထားရင်းကနေ စလောင်တာပါ။ အဲဒီကနေမှတစ်ဆင့် ဂတ်စ်အိုးတွေကနေပြီးတော့ အကုန်လောင်သွားတာပေါ့” ဟု တွဲလက်လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း အောင်ရိပ်သစ်လက်ဖက်ရည်ဆိုင်၊ လူနေအိမ် နှင့် အလုပ်သမားတန်းလျားတစ်ခုလုံးမီး လောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“အောင်ရိပ်သစ်လက်ဖက်ရည်ဆိုင်ရှိတဲ့ တစ်ခြံလုံးလောင်သွားတာ။ လက်ဖက်ရည်ဆိုင်ရယ်။ အိမ်နဲ့ အလုပ်သမားနေတဲ့နေရာတွေအကုန်လောင်သွားတာပေါ့။ ဘေးတော့မီးမကူးဘူး။ လူထိခိုက်တာလည်း မရှိပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းမီးလောင်မှုအား အင်းစိန်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားလူမှုကူညီရေးအသင်းများပူးပေါင်းကာ တစ်နာရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ပြီးနောက် မီးလောင်ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရ သည်။
“အဓိကအကြံပြုချင်တာကတော့ မီးမပေါ့ဆဖို့ပါပဲ။ ပြီးတော့မီးလာတဲ့အချိန်တွေမှာ ဖယောင်းတိုင်သုံးရင်လည်း ကလေးတွေနဲ့ လွှတ်မထားစေချင်ဘူး။ လျှပ်စစ်မီးဆိုရင်လည်း ဂရုစိုက်ပြီးသုံးရမှာပေါ့”ဟု အထက်ပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
အလားတူ ယမန်နေ့(ဇန်နဝါရီလ ၄ ရက်)၊ ည ၁၀ နာရီခွဲအချိန်ခန့်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်၊ အောင်ကုသိုလ် (၁)လမ်း၌ နေအိမ်တစ်လုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

zawgyi version
အင္းစိန္ၿမိဳ႕နယ္၌ ဖေယာင္းတိုင္မီးမွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ လက္ဖက္ရည္ဆိုင္ ႏွင့္ လူေနအိမ္တစ္လုံး မီးေလာင္ဆုံးရႈံး
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၅
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ ဖေယာင္းတိုင္မီးမွ တစ္ဆင့္မီးေလာင္မႈျဖစ္ပြားခဲ့ရာ လက္ဖက္ရည္ဆိုင္ႏွင့္ လူေနအိမ္တစ္လုံး မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္းတြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။
မီးေလာင္မႈသည္ ယမန္ေန႔(ဇန္နဝါရီလ ၄ ရက္)၊ ည ၁၀ နာရီအခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ႐ြာမအေရွ႕ရပ္ကြက္၊ ျပည္ေတာ္သာမွတ္တိုင္အနီးရွိ ေအာင္ရိပ္သစ္လက္ဖက္ရည္ဆိုင္၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ေအာင္ရိပ္သစ္ လက္ဖက္ရည္ဆိုင္အေနာက္က အလုပ္သမားတန္းလ်ားမွာ ဖေယာင္းတိုင္ထြန္းထားရင္းကေန စေလာင္တာပါ။ အဲဒီကေနမွတစ္ဆင့္ ဂတ္စ္အိုးေတြကေနၿပီးေတာ့ အကုန္ေလာင္သြားတာေပါ့” ဟု တြဲလက္လူမႈ ကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ေအာင္ရိပ္သစ္လက္ဖက္ရည္ဆိုင္၊ လူေနအိမ္ ႏွင့္ အလုပ္သမားတန္းလ်ားတစ္ခုလုံးမီး ေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
“ေအာင္ရိပ္သစ္လက္ဖက္ရည္ဆိုင္ရွိတဲ့ တစ္ၿခံလုံးေလာင္သြားတာ။ လက္ဖက္ရည္ဆိုင္ရယ္။ အိမ္နဲ႔ အလုပ္သမားေနတဲ့ေနရာေတြအကုန္ေလာင္သြားတာေပါ့။ ေဘးေတာ့မီးမကူးဘူး။ လူထိခိုက္တာလည္း မရွိပါဘူး” ဟု ၎ကဆက္လက္ေျပာသည္။
၎မီးေလာင္မႈအား အင္းစိန္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အျခားလူမႈကူညီေရးအသင္းမ်ားပူးေပါင္းကာ တစ္နာရီခန႔္အၾကာ မီးျငႇိမ္းသတ္ခဲ့ၿပီးေနာက္ မီးေလာင္ဆုံးရႈံးမႈတန္ဖိုးအား သက္ဆိုင္ရာမွ စစ္ေဆးလ်က္ရွိေၾကာင္း သိရ သည္။
“အဓိကအႀကံျပဳခ်င္တာကေတာ့ မီးမေပါ့ဆဖို႔ပါပဲ။ ၿပီးေတာ့မီးလာတဲ့အခ်ိန္ေတြမွာ ဖေယာင္းတိုင္သုံးရင္လည္း ကေလးေတြနဲ႔ လႊတ္မထားေစခ်င္ဘူး။ လွ်ပ္စစ္မီးဆိုရင္လည္း ဂ႐ုစိုက္ၿပီးသုံးရမွာေပါ့”ဟု အထက္ပါလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက အႀကံျပဳေျပာၾကားထားသည္။
အလားတူ ယမန္ေန႔(ဇန္နဝါရီလ ၄ ရက္)၊ ည ၁၀ နာရီခြဲအခ်ိန္ခန႔္တြင္ မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕၊ ေအာင္ကုသိုလ္ရပ္ကြက္၊ ေအာင္ကုသိုလ္ (၁)လမ္း၌ ေနအိမ္တစ္လုံးမီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။