(၂၉)ကြိမ်မြောက် ကရင်အမျိုးသားပွဲတော်အထိမ်းအမှတ်အဖြစ် မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲကျင်းပမည်

 1761

ကျော်(NP News) - ဇန်နဝါရီ ၅

(၂၉)ကြိမ်မြောက် ကရင်အမျိုးသားပွဲတော်အထိမ်းအမှတ်အဖြစ် မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲအား ကရင်ပြည်နယ်ရှိ မြိုင်ကြီးငူကျေးရွာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးအဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲအား ဇန်နဝါရီလ ၉ ရက်၊ ၁၀ ရက် နှင့် ၁၁ ရက် စုစုပေါင်း (၃) ရက်တိုင် မြိုင်ကြီးငူကျေးရွာ၌ ကျင်းပသွားမည်ဖြစ်ကာ မြန်မာ့ရိုးရာလက်ဝှေ့ကျော်များနှင့်ထိုင်းလက်ဝှေ့ကျော်များ ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာ-ထိုင်း တွဲဆိုင်းက တစ်နေ့ကို (၃)ပွဲနှုန်းနဲ့ တွဲဆိုင်း(၉)ဆိုင်းရှိတယ်။ ကျန်တဲ့တွဲဆိုင်းတွေကတော့ မြန်မာလက်ဝှေ့သမား တွဲဆိုင်းတွေကြီးပါပဲ"ဟု ပွဲတော်ကျင်းပရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇန်နဝါရီလ ၉ ရက်တွင် မင်းကျော်ဇ(မြန်မာ)နှင့်ဖက်စွန်မိုင်(ထိုင်း)၊ ဇွဲရာမာန်(မြန်မာ)နှင့်ငေါင်ပီဇာ (ထိုင်း)၊ စိန်လုံးချော(မြန်မာ)နှင့်ချိုမွန်ခွန်း(ထိုင်း) နှင့် ဇန်နဝါရီလ ၁၀ ရက်တွင် စောဂျွန်(မြန်မာ)နှင့်စင်တိုးထောင်း(ထိုင်း)၊ စူပါရေချမ်း(မြန်မာ)နှင့်ဖာနိမိ(ထိုင်း)၊ သွေးသစ်မောင်(မြန်မာ)နှင့်ဒေဝတ် (ထိုင်း)တို့ ယှဥ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်ကြောင်း သိရသည်။

"ဇန်နဝါရီလ ၁၁ ရက်က ပြိုင်ဆိုင်မှုပိုပြင်းထန်မယ့်အခြေအနေမှာရှိတယ်။ အဲဒီနေ့မှာက သက်ဝင်းအောင်(မြန်မာ)နဲ့လုတဝိုင်း(ထိုင်း)၊ အဲမွီ(မြန်မာ)နဲ့ပယ်ဆဲလ်(ထိုင်း)၊ အောင်ခိုင်(မြန်မာ)နဲ့ခဝန်အေ (ထိုင်း)တို့ ယှဥ်ထိုးကြမှာ ပွဲတိုင်းကတော့ရေကုန်ရေခမ်းကြည့်လို့ကောင်းမှာသေချာပါတယ်"ဟု ပွဲ တော်ကျင်းပရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

(၂၉)ကြိမ်မြောက် ကရင်အမျိုးသားပွဲတော်အထိမ်းအမှတ် မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲတွင် မြန်မာ-ထိုင်း တွဲဆိုင်းများသည် နေ့စဥ် ခေါင်တွဲဆိုင်းများအဖြစ် ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကာ မြန်မာ့ရိုးရာလက်ဝှေ့ကလပ်များ၏ တွဲဆိုင်းများလည်းပါဝင်ကြောင်း သိရသည်။

zawgyi version
(၂၉)ႀကိမ္ေျမာက္ ကရင္အမ်ိဳးသားပြဲေတာ္အထိမ္းအမွတ္အျဖစ္ ျမန္မာ-ထိုင္း ျမန္မာ့႐ိုးရာလက္ေဝွ႔အထူးစိန္ေခၚပြဲက်င္းပမည္

ေက်ာ္(NP News) - ဇန္နဝါရီ ၅

(၂၉)ႀကိမ္ေျမာက္ ကရင္အမ်ိဳးသားပြဲေတာ္အထိမ္းအမွတ္အျဖစ္ ျမန္မာ-ထိုင္း ျမန္မာ့႐ိုးရာလက္ေဝွ႔အထူးစိန္ေခၚပြဲအား ကရင္ျပည္နယ္ရွိ ၿမိဳင္ႀကီးငူေက်း႐ြာ၌ က်င္းပသြားမည္ျဖစ္ေၾကာင္း ပြဲေတာ္က်င္းပေရးအဖြဲ႕တာဝန္ရွိသူမ်ားထံမွ သိရသည္။

အဆိုပါ ျမန္မာ-ထိုင္း ျမန္မာ့႐ိုးရာလက္ေဝွ႔အထူးစိန္ေခၚပြဲအား ဇန္နဝါရီလ ၉ ရက္၊ ၁၀ ရက္ ႏွင့္ ၁၁ ရက္ စုစုေပါင္း (၃) ရက္တိုင္ ၿမိဳင္ႀကီးငူေက်း႐ြာ၌ က်င္းပသြားမည္ျဖစ္ကာ ျမန္မာ့႐ိုးရာလက္ေဝွ႔ေက်ာ္မ်ားႏွင့္ထိုင္းလက္ေဝွ႔ေက်ာ္မ်ား ယွဥ္ၿပိဳင္ထိုးသတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ျမန္မာ-ထိုင္း တြဲဆိုင္းက တစ္ေန႔ကို (၃)ပြဲႏႈန္းနဲ႔ တြဲဆိုင္း(၉)ဆိုင္းရွိတယ္။ က်န္တဲ့တြဲဆိုင္းေတြကေတာ့ ျမန္မာလက္ေဝွ႔သမား တြဲဆိုင္းေတြႀကီးပါပဲ"ဟု ပြဲေတာ္က်င္းပေရးအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ဇန္နဝါရီလ ၉ ရက္တြင္ မင္းေက်ာ္ဇ(ျမန္မာ)ႏွင့္ဖက္စြန္မိုင္(ထိုင္း)၊ ဇြဲရာမာန္(ျမန္မာ)ႏွင့္ေငါင္ပီဇာ (ထိုင္း)၊ စိန္လုံးေခ်ာ(ျမန္မာ)ႏွင့္ခ်ိဳမြန္ခြန္း(ထိုင္း) ႏွင့္ ဇန္နဝါရီလ ၁၀ ရက္တြင္ ေစာဂြၽန္(ျမန္မာ)ႏွင့္စင္တိုးေထာင္း(ထိုင္း)၊ စူပါေရခ်မ္း(ျမန္မာ)ႏွင့္ဖာနိမိ(ထိုင္း)၊ ေသြးသစ္ေမာင္(ျမန္မာ)ႏွင့္ေဒဝတ္ (ထိုင္း)တို႔ ယွဥ္ၿပိဳင္ထိုးသတ္သြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

"ဇန္နဝါရီလ ၁၁ ရက္က ၿပိဳင္ဆိုင္မႈပိုျပင္းထန္မယ့္အေျခအေနမွာရွိတယ္။ အဲဒီေန႔မွာက သက္ဝင္းေအာင္(ျမန္မာ)နဲ႔လုတဝိုင္း(ထိုင္း)၊ အဲမြီ(ျမန္မာ)နဲ႔ပယ္ဆဲလ္(ထိုင္း)၊ ေအာင္ခိုင္(ျမန္မာ)နဲ႔ခဝန္ေအ (ထိုင္း)တို႔ ယွဥ္ထိုးၾကမွာ ပြဲတိုင္းကေတာ့ေရကုန္ေရခမ္းၾကည့္လို႔ေကာင္းမွာေသခ်ာပါတယ္"ဟု ပြဲ ေတာ္က်င္းပေရးအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးကေျပာသည္။

(၂၉)ႀကိမ္ေျမာက္ ကရင္အမ်ိဳးသားပြဲေတာ္အထိမ္းအမွတ္ ျမန္မာ-ထိုင္း ျမန္မာ့႐ိုးရာလက္ေဝွ႔အထူးစိန္ေခၚပြဲတြင္ ျမန္မာ-ထိုင္း တြဲဆိုင္းမ်ားသည္ ေန႔စဥ္ ေခါင္တြဲဆိုင္းမ်ားအျဖစ္ ယွဥ္ၿပိဳင္ထိုးသတ္သြားမည္ျဖစ္ကာ ျမန္မာ့႐ိုးရာလက္ေဝွ႔ကလပ္မ်ား၏ တြဲဆိုင္းမ်ားလည္းပါဝင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.