ရေနက်ပိုင်းတွေမှာသာ နေတတ်လေ့ရှိတဲ့ ရှားပါး Oarfish သတ္တဝါ ထိုင်းနိုင်ငံ စတွန်ခရိုင်မှာ တွေ့ရှိ

4628

ရောင်နီ (NP News) - ဇန်နဝါရီ ၇
ပင်လယ်ရေနက်ပိုင်းတွေမှာသာ နေထိုင်ကျတ်စားကြလေ့ရှိတဲ့ "Oarfish” ကို ထိုင်းနိုင်ငံ၊ စတွန်ခရိုင်မှာ ရှာဖွေတွေ့ ရှိခဲ့တယ်လို့ အဏ္ဏဝါဂေဟဗေဒပညာရှင် သွန်သန်ရွန်ဂါဝါစဝက် က ၎င်းရဲ့ Facebook စာမျက်နှာမှာ ဇန်နဝါရီ ၃ ရက်က ဖော်ပြခဲ့ပါတယ်။
Kasetsart University ရဲ့ငါးဖမ်းပညာဌာနမှ ကထိကတစ်ဦးက အဆိုပါ သတ္တဝါကို ကမ္ဘာတစ်ဝန်း တွေ့ရလေ့ရှိ တယ်လို့ အတည်ပြုခဲ့ပေမယ့် တချို့ကတော့ အဆိုပါတွေ့ရှိမှုကို တအံ့တသြဖြစ်ကြရပါတယ်။ "ထိုင်းလူမျိုးတွေဟာ ရေနက်ငါးမဖမ်းတဲ့အတွက် oarfish နဲ့ မရင်းနှီးဘူး” လို့ မစ္စတာ သွန်သန်ရွန်ဂါဝါစဝက် က ပြောကြားခဲ့ပါတယ်။
အဆိုပါ ငါးကို ကပ္ပလီပင်လယ်ပြင်ရှိ ငါးဖမ်းလှေတစ်စီးမှ ဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယသမုဒ္ဒရာ အနောက်ဘက်ပိုင်း အပူပိုင်းနဲ့ သမုဒ္ဒရာ အရှေ့ဘက်ခြမ်းထက် ပိုအေးတဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်ကြောင့် ဒီလိုရေနက်ပိုင်းသတ္တဝါတွေ ပေါ်လာတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ဟာ ငလျင်လှုပ်တာနဲ့ ဘာမှမဆိုင်ဘူးလို့လည်း သူက ဆိုထားပါတယ်။
Oarfish ကို ဂျပန်လူမျိုးတွေမှာတော့ သဘာဝဘေးအန္တရာယ် ကျရောက်တော့မှာကို သတိပေးဖို့ ပင်လယ်နတ် ဘုရားမှ ပို့လွှတ်လိုက်တဲ့ တမန်တစ်ပါးအဖြစ် ယုံကြည်ထားပါတယ်။ Oarfish တွေဟာ သမပိုင်းသမုဒ္ဒရာဇုန်မှ အပူပိုင်းဒေသများအထိ ဒေသများစွာမှာ ရှင်သန်လေ့ရှိပါတယ်။ အရွယ်အစား အလွန်ရှည်လျားတဲ့ ငါးအမျိုးအစား ဖြစ်ပြီး ဧရာမ oarfish တစ်ကောင်ဟာ အရှည် ၁၁ မီတာအထိ ကြီးထွားရှင်သန်နိုင်ပါတယ်။

Zawgyi Version;
ေရနက္ပိုင္းေတြမွာသာ ေနတတ္ေလ့ရွိတဲ့ ရွားပါး Oarfish သတၱဝါ ထိုင္းႏိုင္ငံ စတြန္ခ႐ိုင္မွာ ေတြ႕ရွိ
ေရာင္နီ (NP News) - ဇန္နဝါရီ ၇
ပင္လယ္ေရနက္ပိုင္းေတြမွာသာ ေနထိုင္က်တ္စားၾကေလ့ရွိတဲ့ "Oarfish” ကို ထိုင္းႏိုင္ငံ၊ စတြန္ခ႐ိုင္မွာ ရွာေဖြေတြ႕ ရွိခဲ့တယ္လို႔ အဏၰဝါေဂဟေဗဒပညာရွင္ သြန္သန္႐ြန္ဂါဝါစဝက္ က ၎ရဲ႕ Facebook စာမ်က္ႏွာမွာ ဇန္နဝါရီ ၃ ရက္က ေဖာ္ျပခဲ့ပါတယ္။
Kasetsart University ရဲ႕ငါးဖမ္းပညာဌာနမွ ကထိကတစ္ဦးက အဆိုပါ သတၱဝါကို ကမာၻတစ္ဝန္း ေတြ႕ရေလ့ရွိ တယ္လို႔ အတည္ျပဳခဲ့ေပမယ့္ တခ်ိဳ႕ကေတာ့ အဆိုပါေတြ႕ရွိမႈကို တအံ့တၾသျဖစ္ၾကရပါတယ္။ "ထိုင္းလူမ်ိဳးေတြဟာ ေရနက္ငါးမဖမ္းတဲ့အတြက္ oarfish နဲ႔ မရင္းႏွီးဘူး” လို႔ မစၥတာ သြန္သန္႐ြန္ဂါဝါစဝက္ က ေျပာၾကားခဲ့ပါတယ္။
အဆိုပါ ငါးကို ကပၸလီပင္လယ္ျပင္ရွိ ငါးဖမ္းေလွတစ္စီးမွ ဖမ္းမိခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ အိႏၵိယသမုဒၵရာ အေနာက္ဘက္ပိုင္း အပူပိုင္းနဲ႔ သမုဒၵရာ အေရွ႕ဘက္ျခမ္းထက္ ပိုေအးတဲ့ ပင္လယ္ေရမ်က္ႏွာျပင္ အပူခ်ိန္ေၾကာင့္ ဒီလိုေရနက္ပိုင္းသတၱဝါေတြ ေပၚလာတယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ ဒီျဖစ္ရပ္ဟာ ငလ်င္လႈပ္တာနဲ႔ ဘာမွမဆိုင္ဘူးလို႔လည္း သူက ဆိုထားပါတယ္။
Oarfish ကို ဂ်ပန္လူမ်ိဳးေတြမွာေတာ့ သဘာဝေဘးအႏၲရာယ္ က်ေရာက္ေတာ့မွာကို သတိေပးဖို႔ ပင္လယ္နတ္ ဘုရားမွ ပို႔လႊတ္လိုက္တဲ့ တမန္တစ္ပါးအျဖစ္ ယုံၾကည္ထားပါတယ္။ Oarfish ေတြဟာ သမပိုင္းသမုဒၵရာဇုန္မွ အပူပိုင္းေဒသမ်ားအထိ ေဒသမ်ားစြာမွာ ရွင္သန္ေလ့ရွိပါတယ္။ အ႐ြယ္အစား အလြန္ရွည္လ်ားတဲ့ ငါးအမ်ိဳးအစား ျဖစ္ၿပီး ဧရာမ oarfish တစ္ေကာင္ဟာ အရွည္ ၁၁ မီတာအထိ ႀကီးထြားရွင္သန္ႏိုင္ပါတယ္။