မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယားကြား ပြန်လည်ပေါင်းစည်းရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ဆို

758

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၆
မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယား နဲ့ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမယ့်အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး မြောက်ကိုရီးယားပိုင်နက် တစ်လက်မကို ကျူးကျော်ရုံနဲ့ တောင်ကိုရီးယားကို တိုက်ခိုက်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က ၎င်းအနေနဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံကြားရှိ ရေကြောင်းနယ်နိမိတ်ကို အသိအမှတ်မပြုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တောင်ကိုရီးယားကို သိမ်းပိုက်ရယူခွင့်ပေးမယ့်အချက်တွေကို ပြင်ဆင်ပြောင်းလဲသွားရမှာဖြစ်ကြောင်း ပြောပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလက်ကတော့ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယား နိုင်ငံဟာ ရန်စမှုတွေလုပ်ဆောင်နေပြီး အချိန်မရွေးအကောင်းဆုံးပုံစံမျိုးနဲ့တုံ့ပြန်သွားဖို့ ပြင်ဆင်ရမယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်မှာ စစ်ဘက်သုံးဂြိုလ်တုကို အောင်မြင်စွာလွှတ်တင်ခဲ့ပြီးနောက် တောင်ကိုရီးယားနဲ့ချုပ်ဆိုထားတဲ့ ၂ဝ၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်တွေကို ဆိုင်းငံ့ခဲ့ရာ နယ်စပ်ဒေသ အခြေအနေတွေ တင်းမာလာခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က တောင်ကိုရီးယားနိုင်ငံကို ရန်လိုတဲ့နိုင်ငံအဖြစ် ပြင်ဆင်ပြောင်းလဲတာတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အဓိက ရန်ဘက်နိုင်ငံဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က ပြောဆိုထားပြီး ပိုင်နက်တွေကို ကျူးကျော်လာမယ်ဆိုရင် တောင်ကိုရီးယားနဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံတော့မှာဖြစ်ကြောင်း ဆိုပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယား နဲ႔ ေတာင္ကိုရီးယားၾကား ျပန္လည္ေပါင္းစည္းေရးအဖြဲ႕ကို ဖ်က္သိမ္းလိုက္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၆
ေျမာက္ကိုရီးယားႏိုင္ငံဟာ ေတာင္ကိုရီးယား နဲ႔ ျပန္လည္ေပါင္းစည္းေရး ႀကိဳးပမ္းမယ့္အဖြဲ႕ကို ဖ်က္သိမ္းလိုက္ၿပီး ေျမာက္ကိုရီးယားပိုင္နက္ တစ္လက္မကို က်ဴးေက်ာ္႐ုံနဲ႔ ေတာင္ကိုရီးယားကို တိုက္ခိုက္သြားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္က ၎အေနနဲ႔ ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံၾကားရွိ ေရေၾကာင္းနယ္နိမိတ္ကို အသိအမွတ္မျပဳေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာလည္း ေတာင္ကိုရီးယားကို သိမ္းပိုက္ရယူခြင့္ေပးမယ့္အခ်က္ေတြကို ျပင္ဆင္ေျပာင္းလဲသြားရမွာျဖစ္ေၾကာင္း ေျပာပါတယ္။
ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလက္ကေတာ့ န်ဴကလီးယားလက္နက္ပိုင္ဆိုင္ထားတဲ့ ေျမာက္ကိုရီးယား ႏိုင္ငံဟာ ရန္စမႈေတြလုပ္ေဆာင္ေနၿပီး အခ်ိန္မေ႐ြးအေကာင္းဆုံးပုံစံမ်ိဳးနဲ႔တုံ႔ျပန္သြားဖို႔ ျပင္ဆင္ရမယ္လို႔ ေျပာပါတယ္။
ေျမာက္ကိုရီးယားဟာ ၿပီးခဲ့တဲ့ႏွစ္မွာ စစ္ဘက္သုံးၿဂိဳလ္တုကို ေအာင္ျမင္စြာလႊတ္တင္ခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားနဲ႔ခ်ဳပ္ဆိုထားတဲ့ ၂ဝ၁၈ ခုႏွစ္ စစ္ေရးသေဘာတူညီခ်က္ေတြကို ဆိုင္းငံ့ခဲ့ရာ နယ္စပ္ေဒသ အေျခအေနေတြ တင္းမာလာခဲ့ေၾကာင္း သိရပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္က ေတာင္ကိုရီးယားႏိုင္ငံကို ရန္လိုတဲ့ႏိုင္ငံအျဖစ္ ျပင္ဆင္ေျပာင္းလဲတာေတြ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ အဓိက ရန္ဘက္ႏိုင္ငံျဖစ္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္က ေျပာဆိုထားၿပီး ပိုင္နက္ေတြကို က်ဴးေက်ာ္လာမယ္ဆိုရင္ ေတာင္ကိုရီးယားနဲ႔ စစ္ေရးထိပ္တိုက္ေတြ႕ဆုံေတာ့မွာျဖစ္ေၾကာင္း ဆိုပါတယ္။