ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့တဲ့ ခွေးကလေးဘိုဘီ ၎င်းရဲ့အသက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုရှိနေ

948

ရောင်နီ(NP News) - ဇန်နဝါရီ ၁၉
ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့တဲ့ ခွေးကလေးဘိုဘီဟာ သူမှတ်တမ်းဝင်ထဲ့တဲ့ အသက်အရွယ် တကယ် ရှိ၊ မရှိနဲ့ပတ်သက်ပြီး ဂင်းနစ်အရာရှိတွေက သံသယဝင်ခဲ့ပြီး သူ့ရဲ့ဂင်းနစ်မှတ်တမ်းကို အင်္ဂါနေ့ (ဇန်နဝါရီ ၁၆ ရက်) မှာ ဆိုင်းငံ့ခဲ့ပါတယ်။
ခွေးလေးဘိုဘီဟာ တရားဝင်အသက် ၃၁ နှစ်နဲ့ ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် အောက်တိုဘာလက ဂင်းနစ်စံချိန် ချိုးခဲ့ပါတယ်။
ဘိုဘီဟာ အသက် ၁၂ နှစ်မှ ၁၄ နှစ်အထိ သက်တမ်းရှိ ပေါ်တူဂီ မွေးမြူရေးအစောင့်ခွေး Rafeiro မျိုးရိုးဖြစ်ပြီး၊ ၁၉၃၉ ခုနှစ်က ဆုံးပါးသွားခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး သြစတြေးလျ ခွေး ဘလူးရေးရဲ့ စံချိန်တင် အသက် ၂၉ နှစ်နဲ့ ၅ လကို ချိုးဖျက်ခဲ့ပါတယ်။
ဒါပေမယ့် ဘိုဘီရဲ့အသက် အရွယ်နဲ့ပတ်သက်ပြီး သံသယဝင်စရာတွေ ရှိနေတာကြောင့် ဂင်းနစ်မှတ်တမ်းကိုခဏ ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဂင်းနစ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဘိုဘီ ရဲ့ခြေထောက်တွေဟာ သူငယ်စဉ်က ဓာတ်ပုံတွေနဲ့ ကွဲပြားနေတယ်ဆိုတဲ့အချက်၊ လစ္စဘွန်းမြို့ရှိ တိရစ္ဆာန်ဆေးကုဆရာဝန် က "သူဟာ အသက်ကြီးတဲ့ ခွေးတစ်ကောင်လို မဟုတ်ပါဘူး" လို့ပြောခဲ့တဲ့အချက်ရယ်ကြောင့် သူ့ရဲ့အသက်နဲ့ပတ်သက်ပြီး သံသယရှိခဲ့တာပါ။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘိုဘီရဲ့ပိုင်ရှင် လီယွန်နယ်လ်ကို့စ်တာ ကတော့ အခြေအမြစ်မရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ဘိုဘီဟာ ၁၉၉၂ ခုနှစ် မေလ ၁၁ ရက်က အခြားမွေးချင်းခွေး ၃ ကောင်နဲ့အတူ မွေးဖွားခဲ့တယ်လို့ သူ့ရဲ့သခင်က ပြောခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ကမာၻ႔အသက္အႀကီးဆုံး ေခြးအျဖစ္ ဂင္းနစ္စံခ်ိန္မွတ္တမ္းဝင္ခဲ့တဲ့ ေခြးကေလးဘိုဘီ ၎ရဲ႕အသက္နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈရွိေန
ေရာင္နီ(NP News) - ဇန္နဝါရီ ၁၉
ကမာၻ႔အသက္အႀကီးဆုံးေခြးအျဖစ္ ဂင္းနစ္စံခ်ိန္မွတ္တမ္းဝင္ခဲ့တဲ့ ေခြးကေလးဘိုဘီဟာ သူမွတ္တမ္းဝင္ထဲ့တဲ့ အသက္အ႐ြယ္ တကယ္ ရွိ၊ မရွိနဲ႔ပတ္သက္ၿပီး ဂင္းနစ္အရာရွိေတြက သံသယဝင္ခဲ့ၿပီး သူ႔ရဲ႕ဂင္းနစ္မွတ္တမ္းကို အဂၤါေန႔ (ဇန္နဝါရီ ၁၆ ရက္) မွာ ဆိုင္းငံ့ခဲ့ပါတယ္။
ေခြးေလးဘိုဘီဟာ တရားဝင္အသက္ ၃၁ ႏွစ္နဲ႔ ကမာၻ႔အသက္အႀကီးဆုံး ေခြးအျဖစ္ ေအာက္တိုဘာလက ဂင္းနစ္စံခ်ိန္ ခ်ိဳးခဲ့ပါတယ္။
ဘိုဘီဟာ အသက္ ၁၂ ႏွစ္မွ ၁၄ ႏွစ္အထိ သက္တမ္းရွိ ေပၚတူဂီ ေမြးျမဴေရးအေစာင့္ေခြး Rafeiro မ်ိဳး႐ိုးျဖစ္ၿပီး၊ ၁၉၃၉ ခုႏွစ္က ဆုံးပါးသြားခဲ့တဲ့ ကမာၻ႔အသက္အႀကီးဆုံး ၾသစေၾတးလ် ေခြး ဘလူးေရးရဲ႕ စံခ်ိန္တင္ အသက္ ၂၉ ႏွစ္နဲ႔ ၅ လကို ခ်ိဳးဖ်က္ခဲ့ပါတယ္။
ဒါေပမယ့္ ဘိုဘီရဲ႕အသက္ အ႐ြယ္နဲ႔ပတ္သက္ၿပီး သံသယဝင္စရာေတြ ရွိေနတာေၾကာင့္ ဂင္းနစ္မွတ္တမ္းကိုခဏ ဆိုင္းငံ့ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ဂင္းနစ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
ဘိုဘီ ရဲ႕ေျခေထာက္ေတြဟာ သူငယ္စဥ္က ဓာတ္ပုံေတြနဲ႔ ကြဲျပားေနတယ္ဆိုတဲ့အခ်က္၊ လစၥဘြန္းၿမိဳ႕ရွိ တိရစာၦန္ေဆးကုဆရာဝန္ က "သူဟာ အသက္ႀကီးတဲ့ ေခြးတစ္ေကာင္လို မဟုတ္ပါဘူး" လို႔ေျပာခဲ့တဲ့အခ်က္ရယ္ေၾကာင့္ သူ႔ရဲ႕အသက္နဲ႔ပတ္သက္ၿပီး သံသယရွိခဲ့တာပါ။
ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ဘိုဘီရဲ႕ပိုင္ရွင္ လီယြန္နယ္လ္ကို႔စ္တာ ကေတာ့ အေျခအျမစ္မရွိဘူးလို႔ အခိုင္အမာေျပာၾကားခဲ့ပါတယ္။
ဘိုဘီဟာ ၁၉၉၂ ခုႏွစ္ ေမလ ၁၁ ရက္က အျခားေမြးခ်င္းေခြး ၃ ေကာင္နဲ႔အတူ ေမြးဖြားခဲ့တယ္လို႔ သူ႔ရဲ႕သခင္က ေျပာခဲ့တာျဖစ္ပါတယ္။