ရှားပါးမျိုးစိတ်ဖြစ်သည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးကို အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်စီစဥ်နေ

552
ယွန်း (NP News) - ဇန်နဝါရီ ၂၀
ရှားပါးမျိုးစိတ်ဖြစ်သည့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးကို အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် စီစဥ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်းကျင် နှင့် မျိုးတုံးရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစုထံမှ သိရသည်။

၂၀၂၀ ခုနှစ်တွင် ကောက်ယူခဲ့သည့် စစ်တမ်းများအရ ဧရာဝတီမြစ်အတွင်း စုစုပေါင်း ဧရာဝတီလင်းပိုင် (၇၉) ကောင်ခန့် ကျက်စားနေထိုင်လျက်ရှိကြောင်း သိရသည်။
“အရင်ကစစ်တမ်းအရ (၇၉)ကောင်ရှိတယ်။ လက်ရှိမှာတော့ လင်းပိုင်အရေအတွက်က အရင်ထက်တော့ လျော့ကျမသွားဘူး။ သားပေါက်တာတွေလည်းရှိတယ်လေ။ ဒေသခံတွေက လင်းပိုင်သားပေါက်တွေ တွေ့ရင်အကြောင်းကြားတယ်။ လောလောဆယ်အခြေအနေအရ ကျွန်တော်တို့က ကင်းလှည့်တာမျိုးတွေ သိပ်ပြီးမဆောင်ရွက်နိုင်သေးတော့ ဒေသခံတွေကပဲ ထိန်းသိမ်းရေးတွေကို အလေးအနက်ထားပြီးတော့ ဆောင်ရွက်ပေးနေပါတယ်”ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ဝင်းက NP News ကိုပြောသည်။
ရှားပါးမျိုးစိတ်ဖြစ်သည့် ဧရာဝတီလင်းပိုင်များကို ငါးဖမ်းသမားအများစုမှ ရှော့တိုက်ဖမ်းဆီးမှုများရှိနေပြီး အဆိုပါ လုပ်ဆောင်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ တားဆီးမှုများ၊ အသိပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီလင်းပိုင်ပူးပေါင်းထိန်းသိမ်းရေးလုပ်ငန်းများကို မဲခေါင်- လန်ချန်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ကမ်းလှမ်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“တချို့အဖွဲ့အစည်းတွေနဲ့လည်း လင်းပိုင်ပူးပေါင်းထိန်း သိမ်းရေးလုပ်ငန်းတွေကို ပြန်လည်စတင်ပြီးတော့ လုပ်ဖို့ရှိတယ်။ ညှိနှိုင်းထားတာတွေရှိတယ် သူတို့လည်း ကြိုး စားနေပါတယ်။ မဲခေါင်- လန်ချန်းအဖွဲ့အစည်းတွေကလည်း အရင်တုန်းက ပူးပေါင်းဆောင်ရွက်ဖို့အဆင့်အထိရောက်သွားပြီးတော့ ကိုဗစ်ဖြစ်တဲ့ အခါကျတော့ ရပ်ဆိုင်းသွားခဲ့တာပေါ့။ အခြေအနေပြန်ပေးလာတယ်ဆိုရင်တော့ မဲခေါင်- လန်ချန်းအဖွဲ့တွေ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ကမ်းလှမ်းသွားဖို့တော့ ရှိပါတယ်” ဟု ဦးဟန်ဝင်းက ဆက်လက်ပြောသည်။
ဧရာဝတီလင်းပိုင်များအနေဖြင့် ၎င်းတို့ကိုထိန်းသိမ်းရေးဧရိယာဖြစ်သည့် မန္တလေးနှင့် ကျောက်မြောင်းကြားတွင် နေထိုင်ကျက်စားလျက်ရှိပြီး လက်ရှိကာလတွင် ဧရာဝတီမြစ်ရေနည်းချိန်ဖြစ်သောကြောင့် ကျက်စားသည့်နေရာပြောင်းရွှေ့နေထိုင်မှုများရှိနေကြောင်း သိရသည်။

zawgyi version
ရွားပါးမ်ိဳးစိတ္ျဖစ္သည့္ ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးကို အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္စီစဥ္ေန
ယြန္း (NP News) - ဇန္နဝါရီ ၂၀
ရွားပါးမ်ိဳးစိတ္ျဖစ္သည့္ ဧရာဝတီလင္းပိုင္ထိန္းသိမ္းေရးကို အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ စီစဥ္ေနေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ငါးလုပ္ငန္းဦးစီးဌာန၊ ပတ္ဝန္းက်င္ ႏွင့္ မ်ိဳးတုံးရွားပါးေရသတၱဝါမ်ား ထိန္းသိမ္းေရးဌာနစုထံမွ သိရသည္။
၂၀၂၀ ခုႏွစ္တြင္ ေကာက္ယူခဲ့သည့္ စစ္တမ္းမ်ားအရ ဧရာဝတီျမစ္အတြင္း စုစုေပါင္း ဧရာဝတီလင္းပိုင္ (၇၉) ေကာင္ခန႔္ က်က္စားေနထိုင္လ်က္ရွိေၾကာင္း သိရသည္။
“အရင္ကစစ္တမ္းအရ (၇၉)ေကာင္ရွိတယ္။ လက္ရွိမွာေတာ့ လင္းပိုင္အေရအတြက္က အရင္ထက္ေတာ့ ေလ်ာ့က်မသြားဘူး။ သားေပါက္တာေတြလည္းရွိတယ္ေလ။ ေဒသခံေတြက လင္းပိုင္သားေပါက္ေတြ ေတြ႕ရင္အေၾကာင္းၾကားတယ္။ ေလာေလာဆယ္အေျခအေနအရ ကြၽန္ေတာ္တို႔က ကင္းလွည့္တာမ်ိဳးေတြ သိပ္ၿပီးမေဆာင္႐ြက္ႏိုင္ေသးေတာ့ ေဒသခံေတြကပဲ ထိန္းသိမ္းေရးေတြကို အေလးအနက္ထားၿပီးေတာ့ ေဆာင္႐ြက္ေပးေနပါတယ္”ဟု ငါးလုပ္ငန္းဦးစီးဌာနမွ ဦးစီးအရာရွိ ဦးဟန္ဝင္းက NP News ကိုေျပာသည္။
ရွားပါးမ်ိဳးစိတ္ျဖစ္သည့္ ဧရာဝတီလင္းပိုင္မ်ားကို ငါးဖမ္းသမားအမ်ားစုမွ ေရွာ့တိုက္ဖမ္းဆီးမႈမ်ားရွိေနၿပီး အဆိုပါ လုပ္ေဆာင္မႈမ်ားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွ တားဆီးမႈမ်ား၊ အသိေပးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။
ထို႔ျပင္ ဧရာဝတီလင္းပိုင္ပူးေပါင္းထိန္းသိမ္းေရးလုပ္ငန္းမ်ားကို မဲေခါင္- လန္ခ်န္းအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္အတြက္ ကမ္းလွမ္းမႈမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“တခ်ိဳ႕အဖြဲ႕အစည္းေတြနဲ႔လည္း လင္းပိုင္ပူးေပါင္းထိန္း သိမ္းေရးလုပ္ငန္းေတြကို ျပန္လည္စတင္ၿပီးေတာ့ လုပ္ဖို႔ရွိတယ္။ ညႇိႏႈိင္းထားတာေတြရွိတယ္ သူတို႔လည္း ႀကိဳး စားေနပါတယ္။ မဲေခါင္- လန္ခ်န္းအဖြဲ႕အစည္းေတြကလည္း အရင္တုန္းက ပူးေပါင္းေဆာင္႐ြက္ဖို႔အဆင့္အထိေရာက္သြားၿပီးေတာ့ ကိုဗစ္ျဖစ္တဲ့ အခါက်ေတာ့ ရပ္ဆိုင္းသြားခဲ့တာေပါ့။ အေျခအေနျပန္ေပးလာတယ္ဆိုရင္ေတာ့ မဲေခါင္- လန္ခ်န္းအဖြဲ႕ေတြ နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ကို ကမ္းလွမ္းသြားဖို႔ေတာ့ ရွိပါတယ္” ဟု ဦးဟန္ဝင္းက ဆက္လက္ေျပာသည္။
ဧရာဝတီလင္းပိုင္မ်ားအေနျဖင့္ ၎တို႔ကိုထိန္းသိမ္းေရးဧရိယာျဖစ္သည့္ မႏၲေလးႏွင့္ ေက်ာက္ေျမာင္းၾကားတြင္ ေနထိုင္က်က္စားလ်က္ရွိၿပီး လက္ရွိကာလတြင္ ဧရာဝတီျမစ္ေရနည္းခ်ိန္ျဖစ္ေသာေၾကာင့္ က်က္စားသည့္ေနရာေျပာင္းေ႐ႊ႕ေနထိုင္မႈမ်ားရွိေနေၾကာင္း သိရသည္။