ဗိသုကာလက်ရာတွေကြောင့် နာမည်ကြီးတဲ့ ပရောဂ်မြို့အကြောင်း

228

Pika (NP News) - ဧပြီ ၄
ပရာ့ဂ်မြို့သည် ချက်ပြည်သူ့သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်သကဲ့သို့ နိုင်ငံတွင်းတွင် အကြီးဆုံး မြို့တစ်မြို့လည်းဖြစ်ကာ ဘိုဟီးမီးယားဒေသ၏ သမိုင်းဝင်မြို့တော်လည်းဖြစ်သည်။ ထို့ပြင် ကြွယ်ဝ သောသမိုင်းကြောင်း၊ ရင်သပ်ရှုမောဖွယ် ဗိသုကာ လက်ရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုခင်းနေရာများ ကြောင့် နာမည်ကျော်ကြားသည်။ ပရာ့ဂ်မြို့သည် Vltava မြစ်ပေါ်တွင်တည်ရှိပြီး နေထိုင်သူလူဦးရေမှာ (၁ ဒသမ ၄) သန်းခန့်ရှိကြောင်းသိရသည်။ ဥရောပအလယ်ပိုင်း၏ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့်စီးပွားရေး အချက်အချာ နေရာတစ်ခုဖြစ်ပြီး ကြွယ်ဝသော သမိုင်းကြောင်းအပြင် Romanesque ၊ Gothic ၊ Renaissance နှင့် Baroque ဗိသုကာ လက်ရာများလည်းရှိသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပရာ့ဂ်မြို့သည် ဘိုဟီးမီးယားနိုင်ငံ ၏မြို့တော်လည်းဖြစ်ခဲ့ဖူးပြီး သန့်ရှင်းသောရောမ ဧကရာဇ် များစွာတို့နေထိုင်ရာနေရာတစ်ခုလည်း ဖြစ် ခဲ့ဖူးကြောင်းသိရသည်။ ပရာ့ဂ်မြို့သည် Habsburg ဘုရင်စနစ်နှင့် ဩစတြီးယား-ဟန်ဂေရီနိုင်ငံအတွက် အရေးကြီးသောမြို့တစ်မြို့ဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ဘိုဟီးမီးယားနှင့် ပရိုတက်စတင့် ဝါဒီ ပြုပြင်ပြောင်းလဲမှုများ၊ အနှစ်သုံးဆယ်စစ်ပွဲနှင့် (၂၀) ရာစုသမိုင်းတွင် ကမ္ဘာစစ်များနှင့် စစ်ပြီးခေတ် ကွန်မြူနစ်ခေတ်ကြား ချက်ကိုစလိုဗက်ကီးယားနိုင်ငံ၏ မြို့တော်အဖြစ် အဓိကအခန်းကဏ္ဍများတွင် ပါဝင်ခဲ့ကြောင်းလည်းသိရသည်။ ပရာ့ဂ်မြို့သည် ပရာ့ဂ် ရဲ တိုက်၊ ချားလ်စ်တံတား၊ ပရာ့ဂ် နက္ခတ္တဗေဒ နာရီနှင့်အတူ Old Town Square ပလာဇာ၊ Jewish Quarter (ဘာသာရေးဆိုင်ရာနေရာ)၊ Petřín တောင်ကုန်းနှင့် Vyšehrad ခံတပ်တို့အပါအဝင် ယဉ်ကျေးမှု ဆိုင်ရာ ဆွဲဆောင်မှုနေရာအများအပြားရှိသည့် မြို့တစ်မြို့လည်းဖြစ်သည်။ (၁၉၉၂)ခုနှစ်မှ စတင်ပြီး ပရာ့ဂ်မြို့၏ သမိုင်းဝင်မြို့လယ်ကို ယူနက် စကို၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာများ စာရင်းတွင် ထည့်သွင်းခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် ပြဇာတ်ရုံများ၊ ပြခန်းများ၊ ရုပ်ရှင်ရုံများနှင့် အခြားသမိုင်းဝင် ပြပွဲများနှင့်အတူ အဓိကပြတိုက် (၁၀)ခုကျော်ရှိပြီး ကျယ်ပြန့်သော ခေတ်မီအများ ပြည်သူသယ်ယူပို့ ဆောင်ရေးစနစ်သည် ပရာ့ဂ်မြို့ကို ဆက်သွယ်ပေးထားကြောင်း သိရသည်။ ပရာ့ဂ် မြို့တွင် ဥရောပ အလယ်ပိုင်းရှိ ရှေးအကျဆုံး တက္ကသိုလ်ဖြစ်သော Charles တက္ကသိုလ်အပါအဝင် အစိုးရနှင့် ပုဂ္ဂလိက ကျောင်းအများအပြားရှိ ကြောင်းလည်းသိရသည်။ GaWC အဖွဲ့အစည်း၏လေ့လာမူ အရ ပရာ့ဂ်မြို့ကို “Beta+” ကမ္ဘာလုံးဆိုင်ရာ မြို့တစ်မြို့အဖြစ်သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။ (၂၀၁၉)ခုနှစ်တွင် PICSA အညွှန်းကိန်း သည် ပရာ့ဂ်မြို့ကို ကမ္ဘာပေါ်တွင် (၁၃)ခုမြောက် နေထိုင်ရန်အသင့်တော်ဆုံးမြို့ တစ်မြို့အဖြစ် အဆင့် သတ်မှတ်ခဲ့ကြောင်းသိရသည်။ ပရာ့ဂ်မြို့၏ ကြွယ်ဝသောသမိုင်းကြောင်းက ရေပန်းစားသော ခရီးသွားနေရာတစ်ခုဖြစ်လာစေခဲ့ခြင်းဖြစ်ပြီး (၂၀၁၇)ခုနှစ် တွင် နိုင်ငံတကာခရီးသွား(၈ ဒသမ ၅)သန်းကျော်ကို လက်ခံရရှိခဲ့ကြောင်းသိရသည်။(၂၀၁၇)ခုနှစ်တွင် ပရာ့ဂ်မြို့သည် လန်ဒန်၊ ပဲရစ်၊ ရောမနှင့် အစ္စတန် ဘူလ်မြို့တို့ပြီးလျှင် ခရီးသွားလာရောက်လည်ပတ်မှုအများဆုံး (၅)ခုမြောက် ဥရောပမြို့တစ်မြို့အဖြစ် စာရင်းသွင်းခံခဲ့ရ ကြောင်းလည်း သိရသည်။
ပရာ့ဂ်မြို့၏စီးပွားရေးသည် ချက်ပြည်သူ့ သမ္မတနိုင်ငံ၏ စုစုပေါင်းဂျီဒီပီ၏ (၂၅)ရာခိုင်နှုန်းခန့် ရှိပြီး နိုင်ငံတွင်းတွင် စွမ်းဆောင်ရည်အမြင့်ဆုံးဒေသ ဆိုင်ရာစီးပွားရေးတစ်ခုဖြစ်ကြောင်းလည်း သိရ သည်။ (၂၀၂၁)ခုနှစ်အထိ ပရာ့ဂ်မြို့၏ တစ်ဦးချင်းဂျီဒီပီသည် ဝယ်လိုအားစွမ်းအားစံနှုန်းတွင် ယူရို (၅၈၂၁၆) ယူရိုဖြစ်ပြီး ဥရောပသမဂ္ဂတွင် တတိယမြောက် စွမ်းဆောင်ရည်အကောင်းဆုံး ဒေသတစ်ခုဖြစ် လာစေခဲ့ ကြောင်းသိရသည်။ ပရာ့ဂ်မြို့သည် ချက်နိုင်ငံအလုပ် သမားထုတစ်ရပ်လုံး၏ ငါးပုံ တစ်ပုံ နီးပါး ကို အလုပ်ခန့်အပ်ထားပြီး ၎င်း၏လုပ်ခလစာသည် ပျမ်းမျှ (၂၀) ရာခိုင်နှုန်းထက် သိသိသာသာမြင့်မား ကြောင်းသိရသည်။ (၂၀၂၀)ပြည့်နှစ် ကိုဗစ်ကပ်ရောဂါကာလအတွင်း ပရာ့ဂ်မြို့တွင်ရရှိနိုင်သော ပျမ်းမျှ လစာသည် တစ်လလျှင် ယူရို(၁၈၀ဝ)ဖြစ်ကြောင်းသိရသည်။ (၁၉၉၀)ခုနှစ်မှစတင်ပြီး ပရာ့ဂ်မြို့၏ စီးပွားရေးဖွဲ့ စည်းပုံသည် စက်မှုလုပ်ငန်းမှ ဝန်ဆောင်မှုပိုင်းသို့ ဦး တည်ပြောင်းလဲခဲ့ကြောင်းသိရသည်။ ပရာ့ဂ်မြို့၏ စက်မှုလုပ်ငန်းသည် ဆေးဝါး၊ ပုံနှိပ်ခြင်း၊ အစားအစာ ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေး စက်ကိရိယာ များထုတ်လုပ်ခြင်း၊ ကွန်ပျူတာနည်းပညာနှင့် လျှပ်စစ်အင်ဂျင်နီယာ စသည့်ကဏ္ဍများကို ကိုယ်စားပြု ထားကြောင်းလည်းသိရသည်။ ဝန်ဆောင်မှုကဏ္ဍတွင် ဘဏ္ဍာရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဝန်ဆောင်မှုများ၊ ကုန်သွယ်မှု၊ စားသောက်ဆိုင်များ၊ ဧည့်ဝတ်ကျေပွန်မှုနှင့် အများပြည်သူဆိုင်ရာ စီမံအုပ်ချုပ်မှုတို့သည် အရေးအပါဆုံးအရာများဖြစ်ကြောင်း သိရသည်။ ဝန်ဆောင်မှုများသည် ပရာ့ဂ်မြို့ ၏ အလုပ်အကိုင်စုစုပေါင်း၏ (၈၀)ရာခိုင်နှုန်းဝန်းကျင်ရှိ ကြောင်းသိရသည်။ ပရာ့ဂ်မြို့တွင် ပုံမှန်ခရီး ဝေးအလုပ်ဆင်းသူ(၁၂၀ဝဝဝ)အပါအဝင် ဝန်ထမ်းပေါင်း (၈၀ဝဝဝ၀)ခန့်ရှိကြောင်းလည်းသိရသည်။ ထို့ပြင် ချက်ပြည်သူ့သမ္မတနိုင်ငံ၏စီးပွားရေးသည် ကျဆင်းလာမှုများရှိနေသော်လည်း ပရာ့ဂ်မြို့တွင် တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံခြားသားနေထိုင်သူအရေအတွက်မှာ တိုးလာနေကြောင်းလည်း သိရသည်။ (၂၀၁၀)ပြည့်နှစ် မတ်လအထိ ပရာ့ဂ်မြို့တွင် နိုင်ငံခြားအလုပ်သမား (၁၄၈၀၃၅) ဦးနေထိုင်ပြီး လုပ်သား အင်အားစုစုပေါင်း၏ (၁၈)ရာခိုင်နှုန်းခန့်ရှိကာ (၂၀ဝ၈)ခုနှစ်နှင့်နှိုင်းယှဉ်မည်ဆိုပါက တစ် သောင်း နီးပါးမြင့်တက်လာခဲ့ကြောင်းသိရသည်။ ထို့ပြင် ချက် ပြည်သူ့သမ္မတနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အားလုံး၏ ငါးပုံတစ်ပုံခန့်သည် ပရာ့ဂ်မြို့တွင်တည်ရှိကာ ခရီးသွားလုပ်ငန်းမှ နိုင်ငံတော်ဝင်ငွေ၏ ထက်ဝက်နီးပါးကို ပရာ့ဂ်တွင် သုံးစွဲထားကြောင်းသိရသည်။ ပရာ့ဂ်မြို့သည် ဟိုတယ်နှင့် တည်းခိုခန်း များတွင် အိပ်ရာပေါင်း (၅၁၀ဝဝ)အပါအဝင် နေရာထိုင်ခင်းအဆောက်အအုံများတွင် အိပ်ရာ ပေါင်း (၇၃၀ဝဝ)ခန့်ကို ဝန်ဆောင်မှုပေးဆောင်ထားကြောင်းသိရသည်။ (၁၉၉၀)ပြည့်နှစ်မှ (၂၀ဝဝ)ပြည့်နှစ် နှောင်းပိုင်းအထိ ပရာ့ဂ်မြို့သည် ဟောလိဝုဒ်နှင့်ဘောလိဝုဒ်ရုပ်ရှင်များကဲ့သို့သောနိုင်ငံတကာ ထုတ်လုပ် ရေးများအတွက် ပုံမှန်ရိုက်ကူးရေးနေရာတစ်ခု ဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ပရာ့ဂ်မြို့၏ ဗိသုကာ ပညာ၊ ကုန်ကျစရိတ် သက်သာခြင်းနှင့် လက်ရှိရုပ်ရှင်အခြေခံအဆောက်အအုံများ ပေါင်းစပ်ထားခြင်း သည် နိုင်ငံတကာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများအတွက် ဆွဲဆောင်မှု ရှိသည့်နေရာတစ်ခုဖြစ်ကြောင်း ကို သက်သေပြခဲ့ခြင်းမျိုးဖြစ်ကြောင်းလည်း သိရသည်။ ခေတ်မီစီးပွား ရေးသည်ဝန်ဆောင်မှုနှင့် ပို့ကုန်အပေါ် အဓိကအခြေခံပြီး (၂၀၁၀)ပြည့်နှစ်တွင် လုပ်ဆောင်ခဲ့ သော စစ်တမ်းတစ်ခုတွင် ပရာ့ဂ်မြို့ သည် စီးပွားရေးအ တွက် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် အကောင်းဆုံးမြို့အဖြစ် သတ်မှတ်ခံခဲ့ရ ကြောင်း သိရသည်။ (၂၀ဝ၅)ခုနှစ်တွင် The Economist ကုမ္ပဏီ၏နေထိုင်နိုင်မှု အဆင့်သတ် မှတ်ချက် များအရ ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် အကောင်းဆုံး မြို့(၃)မြို့ထဲမှ တစ်မြို့အဖြစ် သတ် မှတ်ခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ပရာ့ဂ်မြို့သည် ကမ္ဘာလုံးဆိုင်ရာဆန်းသစ်တီထွင်မှုစီးပွားရေး၏ကဏ္ဍပေါင်းစုံတွင် ဆန်း သစ်တီထွင်မှုအတွက် ထိပ်တန်းမြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းက မြို့ပေါင်း (၂၉၈) မြို့၌ အဆင့်(၂၉)နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။ ပရာ့ဂ်မြို့၏ Na příkopě လမ်းသည် ဈေး အကြီးဆုံးလမ်းတစ်လမ်းဖြစ်ပြီး (၂၀၁၇) ခုနှစ်တွင် တစ်နှစ်လျှင် တစ်စတုရန်းမီတာလျှင် ငှားရမ်းခ (၂၆၄၀) ယူရိုဖြင့် ကမ္ဘာ့ဈေးအကြီးဆုံး လမ်းများ၌ အဆင့်(၂၂)နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရ သည်။

zawgyi version
ဗိသုကာလက္ရာေတြေၾကာင့္ နာမည္ႀကီးတဲ့ ပေရာဂ္ၿမိဳ႕အေၾကာင္း
Pika (NP News) - ဧၿပီ ၄
ပရာ့ဂ္ၿမိဳ႕သည္ ခ်က္ျပည္သူ႔သမၼတႏိုင္ငံ၏ ၿမိဳ႕ေတာ္ျဖစ္သကဲ့သို႔ ႏိုင္ငံတြင္းတြင္ အႀကီးဆုံး ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ကာ ဘိုဟီးမီးယားေဒသ၏ သမိုင္းဝင္ၿမိဳ႕ေတာ္လည္းျဖစ္သည္။ ထို႔ျပင္ ႂကြယ္ဝ ေသာသမိုင္းေၾကာင္း၊ ရင္သပ္ရႈေမာဖြယ္ ဗိသုကာ လက္ရာမ်ားႏွင့္ ယဥ္ေက်းမႈဆိုင္ရာ ရႈခင္းေနရာမ်ား ေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ ပရာ့ဂ္ၿမိဳ႕သည္ Vltava ျမစ္ေပၚတြင္တည္ရွိၿပီး ေနထိုင္သူလူဦးေရမွာ (၁ ဒသမ ၄) သန္းခန႔္ရွိေၾကာင္းသိရသည္။ ဥေရာပအလယ္ပိုင္း၏ ႏိုင္ငံေရး၊ ယဥ္ေက်းမႈႏွင့္စီးပြားေရး အခ်က္အခ်ာ ေနရာတစ္ခုျဖစ္ၿပီး ႂကြယ္ဝေသာ သမိုင္းေၾကာင္းအျပင္ Romanesque ၊ Gothic ၊ Renaissance ႏွင့္ Baroque ဗိသုကာ လက္ရာမ်ားလည္းရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ပရာ့ဂ္ၿမိဳ႕သည္ ဘိုဟီးမီးယားႏိုင္ငံ ၏ၿမိဳ႕ေတာ္လည္းျဖစ္ခဲ့ဖူးၿပီး သန႔္ရွင္းေသာေရာမ ဧကရာဇ္ မ်ားစြာတို႔ေနထိုင္ရာေနရာတစ္ခုလည္း ျဖစ္ ခဲ့ဖူးေၾကာင္းသိရသည္။ ပရာ့ဂ္ၿမိဳ႕သည္ Habsburg ဘုရင္စနစ္ႏွင့္ ဩစႀတီးယား-ဟန္ေဂရီႏိုင္ငံအတြက္ အေရးႀကီးေသာၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။ ဘိုဟီးမီးယားႏွင့္ ပ႐ိုတက္စတင့္ ဝါဒီ ျပဳျပင္ေျပာင္းလဲမႈမ်ား၊ အႏွစ္သုံးဆယ္စစ္ပြဲႏွင့္ (၂၀) ရာစုသမိုင္းတြင္ ကမာၻစစ္မ်ားႏွင့္ စစ္ၿပီးေခတ္ ကြန္ျမဴနစ္ေခတ္ၾကား ခ်က္ကိုစလိုဗက္ကီးယားႏိုင္ငံ၏ ၿမိဳ႕ေတာ္အျဖစ္ အဓိကအခန္းက႑မ်ားတြင္ ပါဝင္ခဲ့ေၾကာင္းလည္းသိရသည္။ ပရာ့ဂ္ၿမိဳ႕သည္ ပရာ့ဂ္ ရဲ တိုက္၊ ခ်ားလ္စ္တံတား၊ ပရာ့ဂ္ နကၡတၱေဗဒ နာရီႏွင့္အတူ Old Town Square ပလာဇာ၊ Jewish Quarter (ဘာသာေရးဆိုင္ရာေနရာ)၊ Petřín ေတာင္ကုန္းႏွင့္ Vyšehrad ခံတပ္တို႔အပါအဝင္ ယဥ္ေက်းမႈ ဆိုင္ရာ ဆြဲေဆာင္မႈေနရာအမ်ားအျပားရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ (၁၉၉၂)ခုႏွစ္မွ စတင္ၿပီး ပရာ့ဂ္ၿမိဳ႕၏ သမိုင္းဝင္ၿမိဳ႕လယ္ကို ယူနက္ စကို၏ ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္ေနရာမ်ား စာရင္းတြင္ ထည့္သြင္းခဲ့ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ျပဇာတ္႐ုံမ်ား၊ ျပခန္းမ်ား၊ ႐ုပ္ရွင္႐ုံမ်ားႏွင့္ အျခားသမိုင္းဝင္ ျပပြဲမ်ားႏွင့္အတူ အဓိကျပတိုက္ (၁၀)ခုေက်ာ္ရွိၿပီး က်ယ္ျပန႔္ေသာ ေခတ္မီအမ်ား ျပည္သူသယ္ယူပို႔ ေဆာင္ေရးစနစ္သည္ ပရာ့ဂ္ၿမိဳ႕ကို ဆက္သြယ္ေပးထားေၾကာင္း သိရသည္။ ပရာ့ဂ္ ၿမိဳ႕တြင္ ဥေရာပ အလယ္ပိုင္းရွိ ေရွးအက်ဆုံး တကၠသိုလ္ျဖစ္ေသာ Charles တကၠသိုလ္အပါအဝင္ အစိုးရႏွင့္ ပုဂၢလိက ေက်ာင္းအမ်ားအျပားရွိ ေၾကာင္းလည္းသိရသည္။ GaWC အဖြဲ႕အစည္း၏ေလ့လာမူ အရ ပရာ့ဂ္ၿမိဳ႕ကို “Beta+” ကမာၻလုံးဆိုင္ရာ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္သတ္မွတ္ခဲ့ေၾကာင္းလည္း သိရသည္။ (၂၀၁၉)ခုႏွစ္တြင္ PICSA အၫႊန္းကိန္း သည္ ပရာ့ဂ္ၿမိဳ႕ကို ကမာၻေပၚတြင္ (၁၃)ခုေျမာက္ ေနထိုင္ရန္အသင့္ေတာ္ဆုံးၿမိဳ႕ တစ္ၿမိဳ႕အျဖစ္ အဆင့္ သတ္မွတ္ခဲ့ေၾကာင္းသိရသည္။ ပရာ့ဂ္ၿမိဳ႕၏ ႂကြယ္ဝေသာသမိုင္းေၾကာင္းက ေရပန္းစားေသာ ခရီးသြားေနရာတစ္ခုျဖစ္လာေစခဲ့ျခင္းျဖစ္ၿပီး (၂၀၁၇)ခုႏွစ္ တြင္ ႏိုင္ငံတကာခရီးသြား(၈ ဒသမ ၅)သန္းေက်ာ္ကို လက္ခံရရွိခဲ့ေၾကာင္းသိရသည္။(၂၀၁၇)ခုႏွစ္တြင္ ပရာ့ဂ္ၿမိဳ႕သည္ လန္ဒန္၊ ပဲရစ္၊ ေရာမႏွင့္ အစၥတန္ ဘူလ္ၿမိဳ႕တို႔ၿပီးလွ်င္ ခရီးသြားလာေရာက္လည္ပတ္မႈအမ်ားဆုံး (၅)ခုေျမာက္ ဥေရာပၿမိဳ႕တစ္ၿမိဳ႕အျဖစ္ စာရင္းသြင္းခံခဲ့ရ ေၾကာင္းလည္း သိရသည္။
ပရာ့ဂ္ၿမိဳ႕၏စီးပြားေရးသည္ ခ်က္ျပည္သူ႔ သမၼတႏိုင္ငံ၏ စုစုေပါင္းဂ်ီဒီပီ၏ (၂၅)ရာခိုင္ႏႈန္းခန႔္ ရွိၿပီး ႏိုင္ငံတြင္းတြင္ စြမ္းေဆာင္ရည္အျမင့္ဆုံးေဒသ ဆိုင္ရာစီးပြားေရးတစ္ခုျဖစ္ေၾကာင္းလည္း သိရ သည္။ (၂၀၂၁)ခုႏွစ္အထိ ပရာ့ဂ္ၿမိဳ႕၏ တစ္ဦးခ်င္းဂ်ီဒီပီသည္ ဝယ္လိုအားစြမ္းအားစံႏႈန္းတြင္ ယူ႐ို (၅၈၂၁၆) ယူ႐ိုျဖစ္ၿပီး ဥေရာပသမဂၢတြင္ တတိယေျမာက္ စြမ္းေဆာင္ရည္အေကာင္းဆုံး ေဒသတစ္ခုျဖစ္ လာေစခဲ့ ေၾကာင္းသိရသည္။ ပရာ့ဂ္ၿမိဳ႕သည္ ခ်က္ႏိုင္ငံအလုပ္ သမားထုတစ္ရပ္လုံး၏ ငါးပုံ တစ္ပုံ နီးပါး ကို အလုပ္ခန႔္အပ္ထားၿပီး ၎၏လုပ္ခလစာသည္ ပ်မ္းမွ် (၂၀) ရာခိုင္ႏႈန္းထက္ သိသိသာသာျမင့္မား ေၾကာင္းသိရသည္။ (၂၀၂၀)ျပည့္ႏွစ္ ကိုဗစ္ကပ္ေရာဂါကာလအတြင္း ပရာ့ဂ္ၿမိဳ႕တြင္ရရွိႏိုင္ေသာ ပ်မ္းမွ် လစာသည္ တစ္လလွ်င္ ယူ႐ို(၁၈၀ဝ)ျဖစ္ေၾကာင္းသိရသည္။ (၁၉၉၀)ခုႏွစ္မွစတင္ၿပီး ပရာ့ဂ္ၿမိဳ႕၏ စီးပြားေရးဖြဲ႕ စည္းပုံသည္ စက္မႈလုပ္ငန္းမွ ဝန္ေဆာင္မႈပိုင္းသို႔ ဦး တည္ေျပာင္းလဲခဲ့ေၾကာင္းသိရသည္။ ပရာ့ဂ္ၿမိဳ႕၏ စက္မႈလုပ္ငန္းသည္ ေဆးဝါး၊ ပုံႏွိပ္ျခင္း၊ အစားအစာ ထုတ္လုပ္ျခင္း၊ သယ္ယူပို႔ေဆာင္ေရး စက္ကိရိယာ မ်ားထုတ္လုပ္ျခင္း၊ ကြန္ပ်ဴတာနည္းပညာႏွင့္ လွ်ပ္စစ္အင္ဂ်င္နီယာ စသည့္က႑မ်ားကို ကိုယ္စားျပဳ ထားေၾကာင္းလည္းသိရသည္။ ဝန္ေဆာင္မႈက႑တြင္ ဘ႑ာေရးႏွင့္ကူးသန္းေရာင္းဝယ္ ေရး ဝန္ေဆာင္မႈမ်ား၊ ကုန္သြယ္မႈ၊ စားေသာက္ဆိုင္မ်ား၊ ဧည့္ဝတ္ေက်ပြန္မႈႏွင့္ အမ်ားျပည္သူဆိုင္ရာ စီမံအုပ္ခ်ဳပ္မႈတို႔သည္ အေရးအပါဆုံးအရာမ်ားျဖစ္ေၾကာင္း သိရသည္။ ဝန္ေဆာင္မႈမ်ားသည္ ပရာ့ဂ္ၿမိဳ႕ ၏ အလုပ္အကိုင္စုစုေပါင္း၏ (၈၀)ရာခိုင္ႏႈန္းဝန္းက်င္ရွိ ေၾကာင္းသိရသည္။ ပရာ့ဂ္ၿမိဳ႕တြင္ ပုံမွန္ခရီး ေဝးအလုပ္ဆင္းသူ(၁၂၀ဝဝဝ)အပါအဝင္ ဝန္ထမ္းေပါင္း (၈၀ဝဝဝ၀)ခန႔္ရွိေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ခ်က္ျပည္သူ႔သမၼတႏိုင္ငံ၏စီးပြားေရးသည္ က်ဆင္းလာမႈမ်ားရွိေနေသာ္လည္း ပရာ့ဂ္ၿမိဳ႕တြင္ တရားဝင္ မွတ္ပုံတင္ထားေသာ ႏိုင္ငံျခားသားေနထိုင္သူအေရအတြက္မွာ တိုးလာေနေၾကာင္းလည္း သိရသည္။ (၂၀၁၀)ျပည့္ႏွစ္ မတ္လအထိ ပရာ့ဂ္ၿမိဳ႕တြင္ ႏိုင္ငံျခားအလုပ္သမား (၁၄၈၀၃၅) ဦးေနထိုင္ၿပီး လုပ္သား အင္အားစုစုေပါင္း၏ (၁၈)ရာခိုင္ႏႈန္းခန႔္ရွိကာ (၂၀ဝ၈)ခုႏွစ္ႏွင့္ႏႈိင္းယွဥ္မည္ဆိုပါက တစ္ ေသာင္း နီးပါးျမင့္တက္လာခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ခ်က္ ျပည္သူ႔သမၼတႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ အားလုံး၏ ငါးပုံတစ္ပုံခန႔္သည္ ပရာ့ဂ္ၿမိဳ႕တြင္တည္ရွိကာ ခရီးသြားလုပ္ငန္းမွ ႏိုင္ငံေတာ္ဝင္ေငြ၏ ထက္ဝက္နီးပါးကို ပရာ့ဂ္တြင္ သုံးစြဲထားေၾကာင္းသိရသည္။ ပရာ့ဂ္ၿမိဳ႕သည္ ဟိုတယ္ႏွင့္ တည္းခိုခန္း မ်ားတြင္ အိပ္ရာေပါင္း (၅၁၀ဝဝ)အပါအဝင္ ေနရာထိုင္ခင္းအေဆာက္အအုံမ်ားတြင္ အိပ္ရာ ေပါင္း (၇၃၀ဝဝ)ခန႔္ကို ဝန္ေဆာင္မႈေပးေဆာင္ထားေၾကာင္းသိရသည္။ (၁၉၉၀)ျပည့္ႏွစ္မွ (၂၀ဝဝ)ျပည့္ႏွစ္ ေႏွာင္းပိုင္းအထိ ပရာ့ဂ္ၿမိဳ႕သည္ ေဟာလိဝုဒ္ႏွင့္ေဘာလိဝုဒ္႐ုပ္ရွင္မ်ားကဲ့သို႔ေသာႏိုင္ငံတကာ ထုတ္လုပ္ ေရးမ်ားအတြက္ ပုံမွန္႐ိုက္ကူးေရးေနရာတစ္ခု ျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။ ပရာ့ဂ္ၿမိဳ႕၏ ဗိသုကာ ပညာ၊ ကုန္က်စရိတ္ သက္သာျခင္းႏွင့္ လက္ရွိ႐ုပ္ရွင္အေျခခံအေဆာက္အအုံမ်ား ေပါင္းစပ္ထားျခင္း သည္ ႏိုင္ငံတကာ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီမ်ားအတြက္ ဆြဲေဆာင္မႈ ရွိသည့္ေနရာတစ္ခုျဖစ္ေၾကာင္း ကို သက္ေသျပခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္းလည္း သိရသည္။ ေခတ္မီစီးပြား ေရးသည္ဝန္ေဆာင္မႈႏွင့္ ပို႔ကုန္အေပၚ အဓိကအေျခခံၿပီး (၂၀၁၀)ျပည့္ႏွစ္တြင္ လုပ္ေဆာင္ခဲ့ ေသာ စစ္တမ္းတစ္ခုတြင္ ပရာ့ဂ္ၿမိဳ႕ သည္ စီးပြားေရးအ တြက္ ဥေရာပအလယ္ပိုင္းႏွင့္ အေရွ႕ပိုင္းတြင္ အေကာင္းဆုံးၿမိဳ႕အျဖစ္ သတ္မွတ္ခံခဲ့ရ ေၾကာင္း သိရသည္။ (၂၀ဝ၅)ခုႏွစ္တြင္ The Economist ကုမၸဏီ၏ေနထိုင္ႏိုင္မႈ အဆင့္သတ္ မွတ္ခ်က္ မ်ားအရ ဥေရာပအလယ္ပိုင္းႏွင့္ အေရွ႕ပိုင္းတို႔တြင္ အေကာင္းဆုံး ၿမိဳ႕(၃)ၿမိဳ႕ထဲမွ တစ္ၿမိဳ႕အျဖစ္ သတ္ မွတ္ခံခဲ့ရေၾကာင္း သိရသည္။
ထို႔ျပင္ ပရာ့ဂ္ၿမိဳ႕သည္ ကမာၻလုံးဆိုင္ရာဆန္းသစ္တီထြင္မႈစီးပြားေရး၏က႑ေပါင္းစုံတြင္ ဆန္း သစ္တီထြင္မႈအတြက္ ထိပ္တန္းၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ကမာၻတစ္ဝန္းက ၿမိဳ႕ေပါင္း (၂၉၈) ၿမိဳ႕၌ အဆင့္(၂၉)ေနရာတြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ပရာ့ဂ္ၿမိဳ႕၏ Na příkopě လမ္းသည္ ေဈး အႀကီးဆုံးလမ္းတစ္လမ္းျဖစ္ၿပီး (၂၀၁၇) ခုႏွစ္တြင္ တစ္ႏွစ္လွ်င္ တစ္စတုရန္းမီတာလွ်င္ ငွားရမ္းခ (၂၆၄၀) ယူ႐ိုျဖင့္ ကမာၻ႔ေဈးအႀကီးဆုံး လမ္းမ်ား၌ အဆင့္(၂၂)ေနရာတြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရ သည္။