သားဖြစ်သူရဲ့ရုပ်အလောင်းကို အိမ်နံရံအတုအနောက် ဝှက်ထားတဲ့ အမေရိကန်အမျိုးသမီး လူသတ်မှုနဲ့ စွဲချက်တင်ခံခဲ့ရ

 1673

ရောင်နီ (NP News) - ဇန်နဝါရီ ၂၃

အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ်ရှိ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သားဖြစ်သူရဲ့ရုပ်အလောင်းကို ၎င်းရဲ့နေအိမ်ရှိ နံရံအတုနောက်မှာ ဝှက်ထားခဲ့ခြင်းကြောင့် လူသတ်မှုစွဲချက်နဲ့ တရားရင်ဆိုင်နေရတယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဂျယ်ရီရိုဘီ အမည်ရှိ အဆိုပါအမျိုးသမီးဟာ သူမရဲ့နေအိမ်ရှိ့နံရံနောက်ကွယ်မှာ အသက် ၄၂ နှစ်အရွယ် သားဖြစ်သူ ဂျွန်အယ်လန်ဂိုင်သာရဲ့အလောင်းကို ဝှက်ထားခဲ့ပါတယ်။ ပြည်နယ်မှာ လူတစ်ဦးပျောက်ဆုံးနေတဲ့သတင်းရပြီး နောက် ရဲတပ်ဖွဲ့ဟာ ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်က စတင် စုံစမ်းစစ်ဆေးခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ ရဲတပ်ဖွဲ့တွေရဲ့စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းခြင်းမရှိ ကွေ့ပတ်ရှောင်တိမ်းနေခဲ့ပြီး သူမ အိမ်ကို လာရောက်စုံစမ်းစဉ်မှာ ဆေးတစ်မျိုးကို လက်တစ်ဆုပ်စာ မျိုချကာ သူမကို ဆေးရုံပို့ဖို့ တောင်းဆိုခဲ့ပါ တယ်။ သူမကိုဆေးရုံပို့နေစဉ် သူမအိမ်ကို ရှာဖွေမှုတွေပြုလုပ်ရာမှာတော့ နံရံအတုတစ်ခုရဲ့နောက်မှာရှိတဲ့ သစ်သား သေတ္တာတစ်ခုမှာ ပျောက်ဆုံးသူ အမျိုးသားရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ဒီအတွက် အမျိုးသမီးကို ပထမအဆင့် လူသတ်မှုနဲ့တရားစွဲဆိုခဲ့ပါတယ်။

ရိုဘီဟာ ယခင် ၁၉၉၅ ခုနှစ်ကလည်း ဖလော်ရီဒါပြည်နယ်မှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် သူမရဲ့အိမ်နဲ့ ကားဂိုဒေါင်ထဲမှာ အိမ်လုပ် သစ်သားသေတ္တာ အများအပြား တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ရိုဘီကို ဆေးရုံမှဆင်းတာနဲ့ စနေနေ့(ဇန်နဝါရီ ၂၀ ရက်) မှာ ဖမ်းဆီးခဲ့ပါတယ်။

Zawgyi Version;
သားျဖစ္သူရဲ႕႐ုပ္အေလာင္းကို အိမ္နံရံအတုအေနာက္ ဝွက္ထားတဲ့ အေမရိကန္အမ်ိဳးသမီး လူသတ္မႈနဲ႔ စြဲခ်က္ တင္ခံခဲ့ရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၃

အေမရိကန္ႏိုင္ငံ၊ မစၥစၥပီျပည္နယ္ရွိ အသက္ ၆၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ သားျဖစ္သူရဲ႕႐ုပ္အေလာင္းကို ၎ရဲ႕ေနအိမ္ရွိ နံရံအတုေနာက္မွာ ဝွက္ထားခဲ့ျခင္းေၾကာင့္ လူသတ္မႈစြဲခ်က္နဲ႔ တရားရင္ဆိုင္ေနရတယ္လို႔ ရဲတပ္ဖြဲ႕ က ေျပာပါတယ္။

ဂ်ယ္ရီ႐ိုဘီ အမည္ရွိ အဆိုပါအမ်ိဳးသမီးဟာ သူမရဲ႕ေနအိမ္ရွိ႕နံရံေနာက္ကြယ္မွာ အသက္ ၄၂ ႏွစ္အ႐ြယ္ သားျဖစ္သူ ဂြၽန္အယ္လန္ဂိုင္သာရဲ႕အေလာင္းကို ဝွက္ထားခဲ့ပါတယ္။ ျပည္နယ္မွာ လူတစ္ဦးေပ်ာက္ဆုံးေနတဲ့သတင္းရၿပီး ေနာက္ ရဲတပ္ဖြဲ႕ဟာ ၂ဝ၂၃ ခုႏွစ္၊ ဒီဇင္ဘာ ၂၂ ရက္က စတင္ စုံစမ္းစစ္ေဆးခဲ့ပါတယ္။

အဆိုပါအမ်ိဳးသမီးဟာ ရဲတပ္ဖြဲ႕ေတြရဲ႕စုံစမ္းစစ္ေဆးမႈေတြကို ပူးေပါင္းျခင္းမရွိ ေကြ႕ပတ္ေရွာင္တိမ္းေနခဲ့ၿပီး သူမ အိမ္ကို လာေရာက္စုံစမ္းစဥ္မွာ ေဆးတစ္မ်ိဳးကို လက္တစ္ဆုပ္စာ မ်ိဳခ်ကာ သူမကို ေဆး႐ုံပို႔ဖို႔ ေတာင္းဆိုခဲ့ပါ တယ္။ သူမကိုေဆး႐ုံပို႔ေနစဥ္ သူမအိမ္ကို ရွာေဖြမႈေတြျပဳလုပ္ရာမွာေတာ့ နံရံအတုတစ္ခုရဲ႕ေနာက္မွာရွိတဲ့ သစ္သား ေသတၱာတစ္ခုမွာ ေပ်ာက္ဆုံးသူ အမ်ိဳးသားရဲ႕႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ပါတယ္။ ဒီအတြက္ အမ်ိဳးသမီးကို ပထမအဆင့္ လူသတ္မႈနဲ႔တရားစြဲဆိုခဲ့ပါတယ္။

႐ိုဘီဟာ ယခင္ ၁၉၉၅ ခုႏွစ္ကလည္း ဖေလာ္ရီဒါျပည္နယ္မွာ လူသတ္မႈနဲ႔ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရဖူးပါတယ္။ ဒါ့အျပင္ သူမရဲ႕အိမ္နဲ႔ ကားဂိုေဒါင္ထဲမွာ အိမ္လုပ္ သစ္သားေသတၱာ အမ်ားအျပား ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ႐ိုဘီကို ေဆး႐ုံမွဆင္းတာနဲ႔ စေနေန႔(ဇန္နဝါရီ ၂၀ ရက္) မွာ ဖမ္းဆီးခဲ့ပါတယ္။

Related news

© 2021. All rights reserved.