မလေးရှားနိုင်ငံမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား ၅ ဦး သေဆုံး

1487

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၆
မလေးရှားနိုင်ငံ Kampung Batu အရပ်ဒေသမှာ မြေပြိုမှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား ငါးဦး သေဆုံးခဲ့ကြောင်း မလေးရှားသတင်းတွေမှာ ဖော်ပြထားပါတယ်။
မလေးရှားကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အာဏာပိုင်တွေဟာ ဇန်နဝါရီ ၂၆ ရက် နံနက် ၂ နာရီခန့်က မြေပြိုမှုဖြစ်ပွားရာ နေရာကို အမြန်သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ ပါဝင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ မြေပြိုမှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားတွေဟာ အသက် ၂၅ နှစ်နဲ့အသက် ၅၆ နှစ်အရွယ်ကြား ရှိနေသူတွေဖြစ်ကြောင်း သိရပါတယ်။
မလေးရှားအာဏာပိုင်တွေက "သေဆုံးသူတွေထဲမှာ အမျိုးသမီးတစ်ဦး ပါဝင်ဖွယ်ရှိနေပါတယ်။ သူတို့တွေဟာ အိမ်တစ်အိမ်ထဲမှာ အတူနေထိုင်သူတွေဖြစ်ပြီး၊ မြေပြိုမှုဖြစ်ပွားချိန်မှာ မြေကြီးအောက် ရောက်သွားတာမျိုးဖြစ်ပါ တယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ မြေပြိုမှုဖြစ်ပွားတဲ့နေရာတွေကို ပီရက်၊ ဆီလန်ဂေါနဲ့ ကွာလာလမ်ပူမြို့တို့က အထူးတပ်ဖွဲ့ဝင်တွေ လည်း ပူးပေါင်းကူညီပေးနေကြောင်း သိရပါတယ်။ မလေးရှားအာဏာပိုင်တွေက "မြေပြိုမှုဖြစ်ပွားရာနေရာတွေကို လေးဘီးကားများ ဝင်ရောက်ခွင့်တားမြစ်ခဲ့တယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ မလေးရှားအာဏာပိုင်တွေဟာ မြေကြီးထဲအောက်ရောက်ရှိခဲ့တဲ့မြန်မာနိုင်ငံသားတွေကို ပြန်လည် ကယ်ထုတ်ပေးနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
မေလးရွားႏိုင္ငံမွာ ေျမၿပိဳမႈျဖစ္ပြားခဲ့ၿပီး ျမန္မာႏိုင္ငံသား ၅ ဦး ေသဆုံး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၆
မေလးရွားႏိုင္ငံ Kampung Batu အရပ္ေဒသမွာ ေျမၿပိဳမႈျဖစ္ပြားခဲ့ရာ ျမန္မာႏိုင္ငံသား ငါးဦး ေသဆုံးခဲ့ေၾကာင္း မေလးရွားသတင္းေတြမွာ ေဖာ္ျပထားပါတယ္။
မေလးရွားကယ္ဆယ္ေရးအဖြဲ႕ေတြနဲ႔ အာဏာပိုင္ေတြဟာ ဇန္နဝါရီ ၂၆ ရက္ နံနက္ ၂ နာရီခန႔္က ေျမၿပိဳမႈျဖစ္ပြားရာ ေနရာကို အျမန္သြားေရာက္စစ္ေဆးခဲ့ၿပီး ေသဆုံးသူေတြထဲမွာ အမ်ိဳးသမီးေတြ ပါဝင္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ေျမၿပိဳမႈေၾကာင့္ ေသဆုံးခဲ့တဲ့ ျမန္မာႏိုင္ငံသားေတြဟာ အသက္ ၂၅ ႏွစ္နဲ႔အသက္ ၅၆ ႏွစ္အ႐ြယ္ၾကား ရွိေနသူေတြျဖစ္ေၾကာင္း သိရပါတယ္။
မေလးရွားအာဏာပိုင္ေတြက "ေသဆုံးသူေတြထဲမွာ အမ်ိဳးသမီးတစ္ဦး ပါဝင္ဖြယ္ရွိေနပါတယ္။ သူတို႔ေတြဟာ အိမ္တစ္အိမ္ထဲမွာ အတူေနထိုင္သူေတြျဖစ္ၿပီး၊ ေျမၿပိဳမႈျဖစ္ပြားခ်ိန္မွာ ေျမႀကီးေအာက္ ေရာက္သြားတာမ်ိဳးျဖစ္ပါ တယ္" လို႔ ေျပာပါတယ္။
လက္ရွိအခ်ိန္မွာ ေျမၿပိဳမႈျဖစ္ပြားတဲ့ေနရာေတြကို ပီရက္၊ ဆီလန္ေဂါနဲ႔ ကြာလာလမ္ပူၿမိဳ႕တို႔က အထူးတပ္ဖြဲ႕ဝင္ေတြ လည္း ပူးေပါင္းကူညီေပးေနေၾကာင္း သိရပါတယ္။ မေလးရွားအာဏာပိုင္ေတြက "ေျမၿပိဳမႈျဖစ္ပြားရာေနရာေတြကို ေလးဘီးကားမ်ား ဝင္ေရာက္ခြင့္တားျမစ္ခဲ့တယ္" လို႔ ေျပာပါတယ္။
လက္ရွိအခ်ိန္မွာ မေလးရွားအာဏာပိုင္ေတြဟာ ေျမႀကီးထဲေအာက္ေရာက္ရွိခဲ့တဲ့ျမန္မာႏိုင္ငံသားေတြကို ျပန္လည္ ကယ္ထုတ္ေပးႏိုင္ဖို႔ ႀကိဳးပမ္းေနဆဲျဖစ္ေၾကာင္း သိရပါတယ္။