ရွှေတိဂုံဘုရားနှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေအောက်ဥမင်ပြီးစီးပါက တစ်နာရီလျှင် လူပေါင်း(၁၄၀၀၀) ဖြတ်သန်းသွားလာနိုင်မည်

19269
ယွန်း (NP News) - ဇန်နဝါရီ ၂၆
တစ်နာရီလျှင် လူပေါင်း(၁၄၀၀၀)ဖြတ်သန်းသွားလာနိုင်မည့်ရွှေတိဂုံဘုရား နှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် မြေ အောက်ဥမင်တည်ဆောက်မှု (၃၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်(Underpass) အဆောက်အဦး တည်ဆောက်ရန်အတွက် မြေသန့်မင်္ဂလာအခမ်းအနားကို ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပခဲ့ပြီးနောက် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၎င်းလူသွားဥမင်သည် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင် ပန်းခြံကြားကို ဆက်သွယ်တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိတွင် (၃၀)ရာ ခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်သည် အလျား (၄၆၁) ပေ၊ (၉) လက်မနှင့် အကျယ်(၂၃)ပေရှိပြီး တစ်နာရီလျှင် လူဦးရေ (၁၄၀၀၀) ဖြတ်သန်းသွားလာနိုင်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
ထို့ပြင် ဝင်ထွက်ပေါက် (၄)ပေါက် ပါဝင်မည်ဖြစ်ပြီး ရွေ့လျားစက်လှေကား (၄) စင်း၊ မသန်စွမ်းသူများ အသုံးပြုရန် (၁ဝ) ယောက်စီး ဓာတ်လှေကား (၂)စင်းတို့ကိုလည်း ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံဘုရား(အနောက်ဘက်မုခ်) နှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်မည့် အဆိုပါမြေအောက်လမ်းကူးလူသွားဥမင်၏ စီမံကိန်းကာလသည် (၁၄)လခန့်ကြာမြင့်နိုင်ကြောင်း သိရသည်။

zawgyi version
ေ႐ႊတိဂုံဘုရားႏွင့္ ျပည္သူ႔ရင္ျပင္ကို ဆက္သြယ္မည့္ ေျမေအာက္ဥမင္ ၿပီးစီးပါက တစ္နာရီလွ်င္ လူေပါင္း (၁၄၀၀၀) ျဖတ္သန္းသြားလာႏိုင္မည္
ယြန္း (NP News) - ဇန္နဝါရီ ၂၆
တစ္နာရီလွ်င္ လူေပါင္း(၁၄၀၀၀)ျဖတ္သန္းသြားလာႏိုင္မည့္ေ႐ႊတိဂုံဘုရား ႏွင့္ ျပည္သူ႔ရင္ျပင္ကို ဆက္သြယ္မည့္ ေျမ ေအာက္ဥမင္တည္ေဆာက္မႈ (၃၀)ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံမွ သိရသည္။
အဆိုပါ ေျမေအာက္လမ္းကူး လူသြားဥမင္(Underpass) အေဆာက္အဦး တည္ေဆာက္ရန္အတြက္ ေျမသန႔္မဂၤလာအခမ္းအနားကို ၿပီးခဲ့သည့္ ေအာက္တိုဘာလက က်င္းပခဲ့ၿပီးေနာက္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။
၎လူသြားဥမင္သည္ ဒဂုံၿမိဳ႕နယ္၊ ဦးဝိစာရလမ္း ေ႐ႊတိဂုံေစတီေတာ္ အေနာက္ဘက္မုခ္ႏွင့္ ျပည္သူ႔ရင္ျပင္ ပန္းၿခံၾကားကို ဆက္သြယ္တည္ေဆာက္ေနျခင္းျဖစ္ၿပီး လက္ရွိတြင္ (၃၀)ရာ ခိုင္ႏႈန္း ၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေျမေအာက္လမ္းကူး လူသြားဥမင္သည္ အလ်ား (၄၆၁) ေပ၊ (၉) လက္မႏွင့္ အက်ယ္(၂၃)ေပရွိၿပီး တစ္နာရီလွ်င္ လူဦးေရ (၁၄၀၀၀) ျဖတ္သန္းသြားလာႏိုင္ေၾကာင္း ရန္ကုန္တိုင္း အစိုးရအဖြဲ႕ထံမွ သိရသည္။
ထို႔ျပင္ ဝင္ထြက္ေပါက္ (၄)ေပါက္ ပါဝင္မည္ျဖစ္ၿပီး ေ႐ြ႕လ်ားစက္ေလွကား (၄) စင္း၊ မသန္စြမ္းသူမ်ား အသုံးျပဳရန္ (၁ဝ) ေယာက္စီး ဓာတ္ေလွကား (၂)စင္းတို႔ကိုလည္း ထည့္သြင္းတည္ ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေ႐ႊတိဂုံဘုရား(အေနာက္ဘက္မုခ္) ႏွင့္ ျပည္သူ႔ရင္ျပင္ကို ဆက္သြယ္မည့္ အဆိုပါေျမေအာက္လမ္းကူးလူသြားဥမင္၏ စီမံကိန္းကာလသည္ (၁၄)လခန႔္ၾကာျမင့္ႏိုင္ေၾကာင္း သိရသည္။