ကျောင်းသား/သူ (၁၃)သိန်းကျော် ကျောင်းတတ်ရန်ပျက်ကွက်နေလျက်ရှိပြီး အများစုမှာ တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားဒေသများမှဖြစ်နေ

1060
Pearl (NP News) - ဖေဖော်ဝါရီ ၁
ကျောင်းသား၊ ကျောင်းသူ (၁၃)သိန်းကျော်သည် ကျောင်းတက်ရန်ပျက်ကွက်နေလျက်ရှိပြီး အများစုမှာ တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသားဒေသများမှ ဖြစ်နေကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံကျောင်းများအနေဖြင့် ကျောင်းအပ်နှံသူ (၈၁၀၈၂၂၇) ဦးရှိခဲ့ပြီး ယနေ့အချိန်တွင် (၆၇၆၇၇၆၃) ဦးသာ ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရန် ပျက်ကွက်သူ (၁၃၄၀၄၆၄) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ပျက်ကွက်သည့်ဒေသများသည် ကရင်ပြည်နယ်ရှိ ဒေသအချို့၊ ချင်းပြည် နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အထက်ပါ ပြည်နယ်များ၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ PDF အဖွဲ့များကြား စစ်ရေး ပဋိပက္ခများ ဖြစ်ပွားနေလျက်ရှိသည်။
ထို့ပြင် ရခိုင်ပြည်နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စတင်ချိန်တွင် အခြေခံ ပညာကျောင်းသား (၅၇၃၀၀၀) ဦးတက်ရောက်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် အခြေခံကျောင်းများတွင် (၂၇၉၃၉၂)ဦးသာ ကျောင်းတက်လျက်ရှိခြင်းကြောင့် ၄၈ ဒသမ ၇၆ ရာခိုင်နှုန်းကျော် ပျက်ကွက်မှုရှိကြောင်း သိရသည်။
"မအေးချမ်းလို့ မတက်ရတာပေါ့နော်။ အေးချမ်းတဲ့ နေရာတွေတော့ ပုံမှန်ပဲ တက်နေကြတာပဲ။ မအေးချမ်းတဲ့ နေရာတွေကတော့ အဖျက်သမားတွေ ပေါင်းစုံဖျက်နေကြတာပဲ ပညာရေးတွေကို ဖျက်ဆီးနေတာ။ ပညာရေးကို ဖျက်ဆီးလိုက်တော့ နိုင်ငံအနာဂတ်မကောင်းဘူးပေါ့။ ဖြစ်စေချင်တာတော့ မြန်မြန်အေးချမ်းစေချင်တာပေါ့" ဟု ပညာရေးဝန်ထမ်းတစ်ဦးက NP News ကို ပြောသည်။
အလားတူ တက္ကသိုလ်များအနေဖြင့်လည်း ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းဖွင့်ချိန်တွင် စတင်တက်ရောက်သူ (၁၁၂၉၆၈) ဦးရှိခဲ့ပြီး ယနေ့အချိန်တွင် ပညာသင်ကြားလျက်ရှိသူ (၈၆၆၈၇) ဦး ရှိခြင်းကြောင့် ပျက်ကွက်သူ (၂၆၂၈၁) ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၂၃ ဒသမ ၃) ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
လွိုင်ကော်တက္ကသိုလ်အနေဖြင့် ၁၀၀ ရာခိုင်နှုန်း တက်ရောက်နိုင်ခြင်းမရှိဘဲ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်ရှိသည့် တက္ကသိုလ်များတွင်လည်း ကျောင်းတက်ရန်ပျက်ကွက်မှုရာခိုင်နှုန်းအများဆုံးဖြစ်ပြီး အချို့ ကျောင်းသား၊ ကျောင်းသူများသည် အခြားပြည်နယ်၊ တိုင်းဒေသကြီးရှိ တက္ကသိုလ်များသို့ပြောင်းရွှေ့ ကျောင်းတက်နေခြင်းများလည်း ရှိကြောင်း သိရသည်။

zawgyi version
ေက်ာင္းသား/သူ (၁၃)သိန္းေက်ာ္ ေက်ာင္းတတ္ရန္ပ်က္ကြက္ေနလ်က္ရွိၿပီး အမ်ားစုမွာ တိုက္ပြဲျဖစ္ေနသည့္ တိုင္းရင္းသားေဒသမ်ားမွဖြစ်နေ
Pearl (NP News) - ေဖေဖာ္ဝါရီ ၁
ေက်ာင္းသား၊ ေက်ာင္းသူ (၁၃)သိန္းေက်ာ္သည္ ေက်ာင္းတက္ရန္ပ်က္ကြက္ေနလ်က္ရွိၿပီး အမ်ားစုမွာ တိုက္ပြဲျဖစ္ေနသည့္ တိုင္းရင္းသားေဒသမ်ားမွ ျဖစ္ေနေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။
၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္အတြင္း ႏိုင္ငံတစ္ဝန္းလုံးရွိ အေျခခံေက်ာင္းမ်ားအေနျဖင့္ ေက်ာင္းအပ္ႏွံသူ (၈၁၀၈၂၂၇) ဦးရွိခဲ့ၿပီး ယေန႔အခ်ိန္တြင္ (၆၇၆၇၇၆၃) ဦးသာ ေက်ာင္းတက္ေရာက္လ်က္ရွိေၾကာင္း သိရသည္။
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္းတက္ရန္ ပ်က္ကြက္သူ (၁၃၄၀၄၆၄) ဦးရွိၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၁၆ ဒသမ ၅၃ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။
ပ်က္ကြက္သည့္ေဒသမ်ားသည္ ကရင္ျပည္နယ္ရွိ ေဒသအခ်ိဳ႕၊ ခ်င္းျပည္ နယ္၊ ကယားျပည္နယ္၊ ရခိုင္ျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေဒသတို႔ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ အထက္ပါ ျပည္နယ္မ်ား၌ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား ၊ PDF အဖြဲ႕မ်ားၾကား စစ္ေရး ပဋိပကၡမ်ား ျဖစ္ပြားေနလ်က္ရွိသည္။
ထို႔ျပင္ ရခိုင္ျပည္နယ္၌ ၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္စတင္ခ်ိန္တြင္ အေျခခံ ပညာေက်ာင္းသား (၅၇၃၀၀၀) ဦးတက္ေရာက္ခဲ့ၿပီး ယခုအခ်ိန္တြင္ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ၏ အၾကမ္းဖက္ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ အေျခခံေက်ာင္းမ်ားတြင္ (၂၇၉၃၉၂)ဦးသာ ေက်ာင္းတက္လ်က္ရွိျခင္းေၾကာင့္ ၄၈ ဒသမ ၇၆ ရာခိုင္ႏႈန္းေက်ာ္ ပ်က္ကြက္မႈရွိေၾကာင္း သိရသည္။
"မေအးခ်မ္းလို႔ မတက္ရတာေပါ့ေနာ္။ ေအးခ်မ္းတဲ့ ေနရာေတြေတာ့ ပုံမွန္ပဲ တက္ေနၾကတာပဲ။ မေအးခ်မ္းတဲ့ ေနရာေတြကေတာ့ အဖ်က္သမားေတြ ေပါင္းစုံဖ်က္ေနၾကတာပဲ ပညာေရးေတြကို ဖ်က္ဆီးေနတာ။ ပညာေရးကို ဖ်က္ဆီးလိုက္ေတာ့ ႏိုင္ငံအနာဂတ္မေကာင္းဘူးေပါ့။ ျဖစ္ေစခ်င္တာေတာ့ ျမန္ျမန္ေအးခ်မ္းေစခ်င္တာေပါ့" ဟု ပညာေရးဝန္ထမ္းတစ္ဦးက NP News ကို ေျပာသည္။
အလားတူ တကၠသိုလ္မ်ားအေနျဖင့္လည္း ၂၀၂၃ - ၂၀၂၄ ပညာသင္ႏွစ္အတြင္း ေက်ာင္းဖြင့္ခ်ိန္တြင္ စတင္တက္ေရာက္သူ (၁၁၂၉၆၈) ဦးရွိခဲ့ၿပီး ယေန႔အခ်ိန္တြင္ ပညာသင္ၾကားလ်က္ရွိသူ (၈၆၆၈၇) ဦး ရွိျခင္းေၾကာင့္ ပ်က္ကြက္သူ (၂၆၂၈၁) ဦးရွိၿပီး ရာခိုင္ႏႈန္းအားျဖင့္ (၂၃ ဒသမ ၃) ရာခိုင္ႏႈန္း ျဖစ္ေၾကာင္း သိရသည္။
လြိဳင္ေကာ္တကၠသိုလ္အေနျဖင့္ ၁၀၀ ရာခိုင္ႏႈန္း တက္ေရာက္ႏိုင္ျခင္းမရွိဘဲ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) တြင္ရွိသည့္ တကၠသိုလ္မ်ားတြင္လည္း ေက်ာင္းတက္ရန္ပ်က္ကြက္မႈရာခိုင္ႏႈန္းအမ်ားဆုံးျဖစ္ၿပီး အခ်ိဳ႕ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ အျခားျပည္နယ္၊ တိုင္းေဒသႀကီးရွိ တကၠသိုလ္မ်ားသို႔ေျပာင္းေ႐ႊ႕ ေက်ာင္းတက္ေနျခင္းမ်ားလည္း ရွိေၾကာင္း သိရသည္။