ချီလီနိုင်ငံမှာတောမီးလောင်ကျွမ်းမှုတွေကြောင့် သေဆုံးသူ ၅၁ ဦးအထိ မြင့်တက်လာ

 467

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၄

ချီလီနိုင်ငံမှာဆိုးရွားစွာလောင်ကျွမ်းလျက်ရှိနေတဲ့ တောမီးကြောင့် အနည်းဆုံးလူပေါင်း ၅၁ ဦးသေဆုံးထားပြီး သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာဖွယ်ရှိနေကြောင်းသိရပါတယ်။

သေဆုံးနေသူတွေရဲ့ရုပ်အလောင်းကို လမ်းတွေပေါ်မှာတွေ့မြင်ရပြီး အိမ်တွေလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း ချီလီအာဏာပိုင်တွေက ပြောပါတယ်။ တောမီး လောင်ကျွမ်းမှုဟာ ဖေဖော်ဝါရီလ ၄ ရက်မှာလည်း ဆက်လက်ပျံ့နှံ့နေဆဲဖြစ်တဲ့အတွက် ချီလီနိုင်ငံ အလယ်ပိုင်းဒေသနဲ့တောင်ပိုင်းဒေသတွေမှာ အရေးပေါ်အခြေအ နေတွေကို ထုတ်ပြန်လိုက်ကြောင်း ချိလီသမ္မတကပြောပါတယ်။ ရာသီဥတု ခြောက်သွေ့လွန်ခြင်းအပြင် အပူချိန်မြင့်မားလာခြင်းကြောင့် တောမီးလောင်ကျွမ်းမှုအခြေအ နေတွေက ပိုမိုဆိုးရွားလာနေကြောင်း သိရပါတယ်။

ခရီးသွားတွေအများဆုံးသွားလေ့ရှိနေတဲ့ Vina del Mar of the Valparaiso မြို့မှာ ဂရေးရောင်မီးခိုးတွေနဲ့အုပ်ဆိုင်းနေပြီး ဒေသခံတွေဟာ ဘေးလွတ်ရာကိုရွှေ့ပြောင်းနေရကြောင်းသိရပါတယ်။ အသက် ၆၃နှစ်အရွယ်ရှိ ချီလီနိုင်ငံသားတစ်ဦးက "မီးဟာဆိုးရွားစွာလောင်ကျွမ်းနေဆဲဖြစ်တဲ့အတွက် နေရပ်စွန့်ခွာထွက် ပြေးခဲ့ရတယ်။ ကျွန်မတို့အိမ်လည်း မီးထဲပါသွားခဲ့သလိုပိုင်ဆိုင်မှုအရာအားလုံး ဆုံးရှုံးခဲ့ရတယ်။ မီးသတ်သမားတွေဟာ မီးငြှိမ်းသတ်နိုင်ဖို့ ကြိုးပမ်းနေပေမဲ့ တောမီး လောင်ကျွမ်းမှုတွေ ပျံ့နှံ့နေတဲ့အတွက် မီးငြှိမ်းသတ်နိုင်ဖို့ ရုန်းကန်နေရကြောင်း သိရပါတယ်။ ချီလီတောမီးကြောင့် သေဆုံးသူအရေအတွက်ဟာ ဖေဖော်ဝါရီလ ၃ ရက်က ၄၅ ဦးသာရှိခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းမှာတော့ သေဆုံးသူအရေအတွက် ၅၁ ဦးအထိမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။

zawgyi version
ခ်ီလီႏိုင္ငံမွာေတာမီးေလာင္ကြၽမ္းမႈေတြေၾကာင့္ ေသဆုံးသူ ၅၁ ဦးအထိ ျမင့္တက္လာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၄

ခ်ီလီႏိုင္ငံမွာဆိုး႐ြားစြာေလာင္ကြၽမ္းလ်က္ရွိေနတဲ့ ေတာမီးေၾကာင့္ အနည္းဆုံးလူေပါင္း ၅၁ ဦးေသဆုံးထားၿပီး ေသဆုံးသူအေရအတြက္ ဆက္လက္ျမင့္တက္လာဖြယ္ရွိေနေၾကာင္းသိရပါတယ္။

ေသဆုံးေနသူေတြရဲ႕႐ုပ္အေလာင္းကို လမ္းေတြေပၚမွာေတြ႕ျမင္ရၿပီး အိမ္ေတြလည္း မီးေလာင္ပ်က္စီးခဲ့ရေၾကာင္း ခ်ီလီအာဏာပိုင္ေတြက ေျပာပါတယ္။ ေတာမီး ေလာင္ကြၽမ္းမႈဟာ ေဖေဖာ္ဝါရီလ ၄ ရက္မွာလည္း ဆက္လက္ပ်ံ႕ႏွံ႔ေနဆဲျဖစ္တဲ့အတြက္ ခ်ီလီႏိုင္ငံ အလယ္ပိုင္းေဒသနဲ႔ေတာင္ပိုင္းေဒသေတြမွာ အေရးေပၚအေျခအ ေနေတြကို ထုတ္ျပန္လိုက္ေၾကာင္း ခ်ိလီသမၼတကေျပာပါတယ္။ ရာသီဥတု ေျခာက္ေသြ႕လြန္ျခင္းအျပင္ အပူခ်ိန္ျမင့္မားလာျခင္းေၾကာင့္ ေတာမီးေလာင္ကြၽမ္းမႈအေျခအ ေနေတြက ပိုမိုဆိုး႐ြားလာေနေၾကာင္း သိရပါတယ္။

ခရီးသြားေတြအမ်ားဆုံးသြားေလ့ရွိေနတဲ့ Vina del Mar of the Valparaiso ၿမိဳ႕မွာ ဂေရးေရာင္မီးခိုးေတြနဲ႔အုပ္ဆိုင္းေနၿပီး ေဒသခံေတြဟာ ေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္းေနရေၾကာင္းသိရပါတယ္။ အသက္ ၆၃ႏွစ္အ႐ြယ္ရွိ ခ်ီလီႏိုင္ငံသားတစ္ဦးက "မီးဟာဆိုး႐ြားစြာေလာင္ကြၽမ္းေနဆဲျဖစ္တဲ့အတြက္ ေနရပ္စြန႔္ခြာထြက္ ေျပးခဲ့ရတယ္။ ကြၽန္မတို႔အိမ္လည္း မီးထဲပါသြားခဲ့သလိုပိုင္ဆိုင္မႈအရာအားလုံး ဆုံးရႈံးခဲ့ရတယ္။ မီးသတ္သမားေတြဟာ မီးျငႇိမ္းသတ္ႏိုင္ဖို႔ ႀကိဳးပမ္းေနေပမဲ့ ေတာမီး ေလာင္ကြၽမ္းမႈေတြ ပ်ံ႕ႏွံ႔ေနတဲ့အတြက္ မီးျငႇိမ္းသတ္ႏိုင္ဖို႔ ႐ုန္းကန္ေနရေၾကာင္း သိရပါတယ္။ ခ်ီလီေတာမီးေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ ေဖေဖာ္ဝါရီလ ၃ ရက္က ၄၅ ဦးသာရွိခဲ့ေပမဲ့ ေဖေဖာ္ဝါရီလ ၄ ရက္ နံနက္ပိုင္းမွာေတာ့ ေသဆုံးသူအေရအတြက္ ၅၁ ဦးအထိျမင့္တက္လာခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.