ဖိလစ်ပိုင်နိုင်ငံက ခွဲထွက်မယ့်လှုပ်ရှားမှုတိုင်းကို အင်အားသုံးမယ်လို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီအကြံပေး သတိပေး

 1283

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၅

ဖိလစ်ပိုင်အစိုးရအနေနဲ့ နိုင်ငံခွဲထွက်ဖို့ ကြိုးပမ်းမှုများကို ဖြိုခွင်းနိုင်အောင် လုပ်ပိုင်ခွင့်အာဏာသုံးမှာဖြစ်သလို အင်အားသုံးသွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက မင်ဒါနာအို ပြည်နယ်ကို ဖိလစ်ပိုင်နိုင်ငံပိုင်နက်အတွင်းက ခွဲထွက်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ပြီးနောက် အငြင်းပွားမှုတွေမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူ အီဒေါအို အေနိုက "နိုင်ငံကို အပိုင်းပိုင်းဖြစ်အောင် ကြိုးပမ်းမှုတွေကို ရပ်တန့်ဖို့ အင်အားသုံးဖြေရှင်းတာတွေ၊ လုပ်ပိုင်ခွင့်တွေအတိုင်း လုပ်ဆောင်တာတွေကို တွန့်ဆုတ်နေမှာမဟုတ်ဘူး" လို့ ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲမယ့်အစီစဉ်အောင်မြင်ခဲ့မယ်ဆိုရင် မင်ဒါနာအို ပြည်နယ်ဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သတိပေးခဲ့ဖူးပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့လက်ရှိ သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ စီးပွားရေးနဲ့သက်ဆိုင်တဲ့အပိုဒ်ကို စိုးရိမ်မိကြောင်း၊ နိုင်ငံရေးသမားတွေကန့်သတ်ချက်တွေကို အပြောင်းအလဲဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေးကို တံခါးဖွင့်လှစ်သွားရမှာဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက မာကိုစ့်ဟာ ဖွဲ့စည်းပုံအခြေခံဥပေဒပြင်ဆင်ပြောင်းလဲရေးကို အတင်းအကြပ်လုပ်ဆောင်မယ်ဆိုရင် မာကိုစ့်ဟာ ၎င်းဖခင်တွေ့ကြုံရသလိုမျိုးဖြုတ်ချခံရမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

zawgyi version
ဖိလစ္ပိုင္ႏိုင္ငံက ခြဲထြက္မယ့္လႈပ္ရွားမႈတိုင္းကို အင္အားသုံးမယ္လို႔ ဖိလစ္ပိုင္အမ်ိဳးသားလုံၿခဳံေရးေကာင္စီအႀကံေပး သတိေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၅

ဖိလစ္ပိုင္အစိုးရအေနနဲ႔ ႏိုင္ငံခြဲထြက္ဖို႔ ႀကိဳးပမ္းမႈမ်ားကို ၿဖိဳခြင္းႏိုင္ေအာင္ လုပ္ပိုင္ခြင့္အာဏာသုံးမွာျဖစ္သလို အင္အားသုံးသြားမွာျဖစ္ေၾကာင္း ဖိလစ္ပိုင္အမ်ိဳးသားလုံၿခဳံေရးေကာင္စီအႀကံေပးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးက မင္ဒါနာအို ျပည္နယ္ကို ဖိလစ္ပိုင္ႏိုင္ငံပိုင္နက္အတြင္းက ခြဲထြက္သြားမယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေျပာဆိုခဲ့ၿပီးေနာက္ အျငင္းပြားမႈေတြျမင့္တက္လာခဲ့ေၾကာင္းသိရပါတယ္။ ဖိလစ္ပိုင္အမ်ိဳးသားလုံၿခဳံေရးေကာင္စီအႀကံေပးျဖစ္သူ အီေဒါအို ေအႏိုက "ႏိုင္ငံကို အပိုင္းပိုင္းျဖစ္ေအာင္ ႀကိဳးပမ္းမႈေတြကို ရပ္တန႔္ဖို႔ အင္အားသုံးေျဖရွင္းတာေတြ၊ လုပ္ပိုင္ခြင့္ေတြအတိုင္း လုပ္ေဆာင္တာေတြကို တြန႔္ဆုတ္ေနမွာမဟုတ္ဘူး" လို႔ ေျပာပါတယ္။

ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးက ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေျပာင္းလဲမယ့္အစီစဥ္ေအာင္ျမင္ခဲ့မယ္ဆိုရင္ မင္ဒါနာအို ျပည္နယ္ဟာ လြတ္လပ္တဲ့ႏိုင္ငံျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း သတိေပးခဲ့ဖူးပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံရဲ႕လက္ရွိ သမၼတ ဖာဒီနန္မာကိုစ့္ ဂ်ဴနီယာက ႏိုင္ငံဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာပါတဲ့ စီးပြားေရးနဲ႔သက္ဆိုင္တဲ့အပိုဒ္ကို စိုးရိမ္မိေၾကာင္း၊ ႏိုင္ငံေရးသမားေတြကန႔္သတ္ခ်က္ေတြကို အေျပာင္းအလဲျဖစ္ေအာင္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေျပာင္းလဲေရးကို တံခါးဖြင့္လွစ္သြားရမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ဒါေပမဲ့ ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးက မာကိုစ့္ဟာ ဖြဲ႕စည္းပုံအေျခခံဥေပဒျပင္ဆင္ေျပာင္းလဲေရးကို အတင္းအၾကပ္လုပ္ေဆာင္မယ္ဆိုရင္ မာကိုစ့္ဟာ ၎ဖခင္ေတြ႕ႀကဳံရသလိုမ်ိဳးျဖဳတ္ခ်ခံရမွာျဖစ္ေၾကာင္း သတိေပးခဲ့ပါတယ္။

Picture

ko zaw min

05/02/2024 17:12

ဖိလစ်ပိနို တွေ ဝတ်လည်ပြိ

Related news

© 2021. All rights reserved.