မလှိုင်မြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် (၅)ဦးကို အကြမ်းဖက်အဖွဲ့က လုပ်ကြံသတ်ဖြတ်

2150

Pearl (NP News) - ဖေဖော်ဝါရီ ၆
မလှိုင်မြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် (၅)ဦးကို အကြမ်းဖက်အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ (၅) ရက် ၊ နံနက် ၇ နာရီခန့်တွင် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ သရက်ကန် ရွာသို့ PDF အဖွဲ့ဝင် (၁၀) ဦးခန့်ရောက်ရှိလာပြီး အဆိုပါကျေးရွာရှိ ကျောင်းထိုင်ဆရာတော် ဥူးဝိဿုတ နှင့် ကပ္ပိယ ဦးစန်းမောင်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့၊ နံနက်ပိုင်းတွင် မလှိုင်မြို့နယ်၊ မြင်းဦးလှည့်ကျွေးရွာတွင်နေထိုင်သူများဖြစ်သော မြင်းဦးလှည့် ကျေးရွာတာဝန်ခံ ဦးမောင်ဇော် (၅၂) နှစ်၊ ၎င်း၏ ဇနီးဖြစ်သူဒေါ်သင်းဦး (၄၀) နှစ် နှင့် ဦးကျော်ဇေယျ (၄၅) နှစ် တို့သည် ၎င်းတို့နေအိမ်အသီးသီး၌ ရှိနေစဉ် PDFအဖွဲ့ဝင် (၆)ဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာခဲ့ပြီး ၎င်းတို့အားသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါကဲ့သို့သတ်ဖြတ်ခံခဲ့ရသည့်ရုပ်အလောင်းများကို မလှိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့သည့် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်ထိ ရဟန်း/ သံဃာများ အပါအဝင် လူပုဂ္ဂလိုလ် စုစုပေါင်း (၆၈ဝဝ)ကျော် အကြမ်းဖက်သတ်ဖြတ်ခြင်းခံထားရကြောင်း သိရသည်။

Zawgyi Version;
မလႈိင္ၿမိဳ႕နယ္တြင္ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး အပါအဝင္ (၅)ဦးကို အၾကမ္းဖက္အဖြဲ႕က လုပ္ႀကံသတ္ျဖတ္
Pearl (NP News) - ေဖေဖာ္ဝါရီ ၆
မလႈိင္ၿမိဳ႕နယ္တြင္ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး အပါအဝင္ (၅)ဦးကို အၾကမ္းဖက္အဖြဲ႕က လုပ္ႀကံသတ္ျဖတ္ခဲ့ ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူထံမွ သိရသည္။
ယမန္ေန႔ ေဖေဖာ္ဝါရီ (၅) ရက္ ၊ နံနက္ ၇ နာရီခန႔္တြင္ မႏၲေလးတိုင္း၊ မိတၳီလာခ႐ိုင္၊ မလႈိင္ၿမိဳ႕နယ္၊ သရက္ကန္ ႐ြာသို႔ PDF အဖြဲ႕ဝင္ (၁၀) ဦးခန႔္ေရာက္ရွိလာၿပီး အဆိုပါေက်း႐ြာရွိ ေက်ာင္းထိုင္ဆရာေတာ္ ဥဴးဝိႆုတ ႏွင့္ ကပၸိယ ဦးစန္းေမာင္တို႔အား ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ ယင္းေန႔၊ နံနက္ပိုင္းတြင္ မလႈိင္ၿမိဳ႕နယ္၊ ျမင္းဦးလွည့္ေကြၽး႐ြာတြင္ေနထိုင္သူမ်ားျဖစ္ေသာ ျမင္းဦးလွည့္ ေက်း႐ြာတာဝန္ခံ ဦးေမာင္ေဇာ္ (၅၂) ႏွစ္၊ ၎၏ ဇနီးျဖစ္သူေဒၚသင္းဦး (၄၀) ႏွစ္ ႏွင့္ ဦးေက်ာ္ေဇယ် (၄၅) ႏွစ္ တို႔သည္ ၎တို႔ေနအိမ္အသီးသီး၌ ရွိေနစဥ္ PDFအဖြဲ႕ဝင္ (၆)ဦးက ဆိုင္ကယ္မ်ားျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေရာက္ရွိလာခဲ့ၿပီး ၎တို႔အားေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့သျဖင့္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အထက္ပါကဲ့သို႔သတ္ျဖတ္ခံခဲ့ရသည့္႐ုပ္အေလာင္းမ်ားကို မလႈိင္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့သည့္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ လက္ရွိအခ်ိန္ထိ ရဟန္း/ သံဃာမ်ား အပါအဝင္ လူပုဂၢလိုလ္ စုစုေပါင္း (၆၈ဝဝ)ေက်ာ္ အၾကမ္းဖက္သတ္ျဖတ္ျခင္းခံထားရေၾကာင္း သိရသည္။