အင်းစိန်မြို့နယ်တွင် ရပ်ထားသည့် Hyundai Staria ကားတစ်စီး မီးလောင်မှုဖြစ်ပွား

 2086

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ရပ်ထားသည့် Hyundai Staria ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှု ကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၁၀ ရက်)၊ နံနက် ၁၀နာရီ ၂၀မိနစ်အချိန်တွင် အင်စိန်မြို့နယ်၊ ရွာမအနောက်ရက်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားအင်ဂျင်ခန်းတစ်ခုလုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“မီးလောင်တာက ရပ်ထားတဲ့ Hyundai Staria ကားတစ်စီးပါ။ ကားအင်ဂျင်ခန်းထဲက စပြီးလောင်တယ်လို့ သိရတယ်။ ကားတစ်စီးလုံးလောင်သွားတာမဟုတ်ပါဘူး။ ကားအင်ဂျင်နဲ့ ရှေ့ပိုင်းပဲလောင်တာပါ”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့ကြောင့် ၎င်းကားမီးလောင်မှုဖြစ်စဉ်အား အင်းစိန်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များက (၄)မိနစ်ခန့်အကြာ သွားရောက် မီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယခုနှစ် ဇန်နဝါရီလမှစတင်ကာ ယနေ့အချိန်ထိ ကားမီးလောင်မှု (၅)ကြိမ်အထိ ဖြစ်ပွားခဲ့ဖူးကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

zawgyi version
အင္းစိန္ၿမိဳ႕နယ္တြင္ ရပ္ထားသည့္ Hyundai Staria ကားတစ္စီး မီးေလာင္မႈျဖစ္ပြား

သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၀

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ ရပ္ထားသည့္ Hyundai Staria ကားတစ္စီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း တြဲလက္လူမႈ ကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ေဖေဖာ္ဝါရီလ ၁၀ ရက္)၊ နံနက္ ၁၀နာရီ ၂၀မိနစ္အခ်ိန္တြင္ အင္စိန္ၿမိဳ႕နယ္၊ ႐ြာမအေနာက္ရက္ကြက္၊ ဘုရင့္ေနာင္လမ္းရွိ ဘုန္းႀကီးေက်ာင္းဝန္းအတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကားမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ကားအင္ဂ်င္ခန္းတစ္ခုလုံးမီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

“မီးေလာင္တာက ရပ္ထားတဲ့ Hyundai Staria ကားတစ္စီးပါ။ ကားအင္ဂ်င္ခန္းထဲက စၿပီးေလာင္တယ္လို႔ သိရတယ္။ ကားတစ္စီးလုံးေလာင္သြားတာမဟုတ္ပါဘူး။ ကားအင္ဂ်င္နဲ႔ ေရွ႕ပိုင္းပဲေလာင္တာပါ”ဟု တြဲလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ေၾကာင့္ ၎ကားမီးေလာင္မႈျဖစ္စဥ္အား အင္းစိန္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အျခားအသင္းအဖြဲ႕မ်ားက (၄)မိနစ္ခန႔္အၾကာ သြားေရာက္ မီးျငႇိမ္းသတ္ခဲ့ၾကေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕တြင္ ယခုႏွစ္ ဇန္နဝါရီလမွစတင္ကာ ယေန႔အခ်ိန္ထိ ကားမီးေလာင္မႈ (၅)ႀကိမ္အထိ ျဖစ္ပြားခဲ့ဖူးေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.